ကုန္သာေက်းရြာက ႐ုိးရာဓေလ့
-----------------------------------
မေကြးတိုင္းေဒသၾကီး မင္းဘူး/စကုျမိဳ႕နယ္
ကုန္သာေက်းရြာတြင္ ေက်းရြာစတည္ကတည္းက
အစဥ္အလာ တစ္ခုအျဖစ္ ႏွစ္စဥ္က်င္းပခဲ႔သည့္
ဝါဆိုလဆန္း ၁၀ရက္ေန႔ မိုးေကာင္းရွင္သခင္တင္သည္႔ေန့ကုိ
ယေန႔ဇြန္လ ၂၂ ရက္ေန႔က က်င္းပျပဳလုပ္ခဲ႔ေၾကာင္း သိရသည္။
“ကၽြန္ေတာ္တို႔ ဘုိးဘြား အစဥ္အလာမပ်က္ ရြာစတည္ကတည္းက
ႏွစ္စဥ္က်င္းပခဲ႔ႀကတာပါ။ မိုးေကာင္းဖို႔ တစ္ခုတည္းအတြက္
တင္ေျမွာက္တာ မဟုတ္ပါဘူး၊ အမွန္က မိုးေလ၀သ ရာသီဥတု
ေကာင္းမြန္ေစရန္အတြက္ ရြာစတည္ကတည္းက ၊
ဘိုးဘြားအစဥ္အဆက္ ပူေဇာ္တင္ေျမွာက္လာခဲ့ၾကတာပါ” ဟု
ယင္းေက်းရြာေန ဦးမင္းသူက ေျပာသည္။
မင္းဘူ/စကုျမိဳ႕နယ္သည္ ပူျပင္းေျခာက္ေသြ႕ေသာ ရာသီဥတုရွိျပီး
မိုးေခါင္ေရရွားသျဖင့္ ကုန္းသာေက်းရြာ ေတာင္သူမ်ား ႏွမ္း၊စပါး
စသည္မ်ား အထြက္ေကာင္းေစရန္၊ မိုးေလ၀သေကာင္းမြန္ေစရန္၊
ရာသီဥတုေကာင္းမြန္ေစရန္ မုိးေကာင္းအရွင္သခင္
တင္ၾကေျမွာက္ၾကသည္ ဟု ေဒသခံေတာင္သူမ်ားထံက သိရွိရသည္။
ဓာတ္ပံု-တင္ေရႊ(မဇိၩမ)
source:mizzima
============================
ကုန်သာကျေးရွာက ရိုးရာဓလေ့
-----------------------------------
မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ်
ကုန်သာကျေးရွာတွင် ကျေးရွာစတည်ကတည်းက
အစဉ်အလာ တစ်ခုအဖြစ် နှစ်စဉ်ကျင်းပခဲ့သည့်
ဝါဆိုလဆန်း ၁၀ရက်နေ့ မိုးကောင်းရှင်သခင်တင်သည့်နေ့ကို
ယနေ့ဇွန်လ ၂၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ ဘိုးဘွား အစဉ်အလာမပျက် ရွာစတည်ကတည်းက
နှစ်စဉ်ကျင်းပခဲ့ကြတာပါ။ မိုးကောင်းဖို့ တစ်ခုတည်းအတွက်
တင်မြှောက်တာ မဟုတ်ပါဘူး၊ အမှန်က မိုးလေဝသ ရာသီဥတု
ကောင်းမွန်စေရန်အတွက် ရွာစတည်ကတည်းက ၊
ဘိုးဘွားအစဉ်အဆက် ပူဇော်တင်မြှောက်လာခဲ့ကြတာပါ” ဟု
ယင်းကျေးရွာနေ ဦးမင်းသူက ပြောသည်။
မင်းဘူ/စကုမြို့နယ်သည် ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိပြီး
မိုးခေါင်ရေရှားသဖြင့် ကုန်းသာကျေးရွာ တောင်သူများ နှမ်း၊စပါး
စသည်များ အထွက်ကောင်းစေရန်၊ မိုးလေဝသကောင်းမွန်စေရန်၊
ရာသီဥတုကောင်းမွန်စေရန်မိုးကောင်းအရှင်သခင်
တင်ကြမြှောက်ကြသည် ဟု ဒေသခံတောင်သူများထံက သိရှိရသည်။
ဓာတ်ပုံ-တင်ရွှေ(မဇ္ဈိမ)
source:mizzima
No comments:
Post a Comment