မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Thursday, September 17, 2020

ေခြးရဲ႕က်င္ငယ္ေရကို ေသာက္ျပခဲ့တဲ့ အမ်ဳိးသမီး

 ဝက္ျခံေတြေပ်ာက္ဖို႔အတြက္ ေခြးရဲ႕က်င္ငယ္ေရကို 

ေသာက္ျပခဲ့တဲ့ အမ်ဳိးသမီး ...

-----------------------------------------------------

ရြံတတ္သူမ်ား မၾကည့္ရ..

သူမမွာ ၀က္ျခံေတြေပ်ာက္ကင္းေစဖို႔ ကုထံုးအသစ္႐ွိတယ္ဆိုလုိ႔ 

လူေတြကလည္း စိတ္ဝင္စားသြားၾကတယ္။ ဒါေပမယ့္ မထင္မွတ္ထားတဲ့

ဗီဒီယုိထဲမွာေတာ့ ေခြးရဲ႕က်င္ငယ္ေရကို ခြက္နဲ႔ယူျပီး သူမေသာက္လုိက္

တာ ေတြ႔ရပါတယ္။


” ကၽြန္မ ေခြးရဲ႕က်င္ငယ္ေရကို မေသာက္ခင္က အရမ္းစိတ္ညစ္ရတယ္။

ဝမ္းနည္းရတယ္။ ဝက္ျခံေတြက ဘယ္လိုကုကုမေပ်ာက္ႏုိင္ဘူး။ ေခြးရဲ႕

က်င္ငယ္ေရမွာ ဗီတာမင္ ေအ ၊ E ပါျပီး ကယ္စီယမ္ကလည္း ၁ဝဂရမ္

ေတာင္ပါေတာ့ ဝက္ျခံအျမစ္ကို ေကာင္းေကာင္းျဖဳတ္ႏုိင္ပါတယ္ ”

ထိုအမ်ဳိးသမီးက ဗီဒီယုိထဲမွာေျပာသြားပါတယ္။ ဒီလိုနည္းလမ္းဟာ 

လြန္ခဲ့ေသာ ႏွစ္ေပါင္းရာေက်ာ္က ဂရိလူမ်ဳိးနဲ႔ ေရာမလူမ်ဳိးေတြ သံုးခဲ့တဲ့

ကုထံုးတစ္ခုျဖစ္ပါတယ္။ ေခြးေတြရဲ႕က်င္ငယ္ေရမွာ တစ္ခါတစ္ေလ 

ေပါင္းသတ္ေဆးဓာတ္ေတြ ပါဝင္ႏုိင္တဲ့အတြက္ ေသာက္ဖုိ႔ဆံုးျဖတ္ခ်က္

ခ်တာမ်ဳိးကေတာ့ မမွန္ကန္ဘူးလို႔ Dr.McCarthy ကေျပာပါတယ္။

ရြံတတ္တဲ့လူေတြ ဒီ ဗီဒီယိုမၾကည့္တာ အေကာင္းဆံုးပါပဲ။


Credit: buzzy

link -

http://www.dailymail.co.uk/femail/article-5848945/Woman-claims-drinking-dogs-URINE-helped-clear-acne-horrifying-video.html

ဗီဒီယုိၾကည့္လုိပါက ...

https://www.facebook.com/LITTLELYNNLEW/videos/167874980562761/

(ဝက္ျခံအတြက္ ေဆးနည္းမ်ားစြာ ရွိတဲ့အထဲမွာ

ဒီနည္းကုိေတာ့ ေနာက္ဆုံးဦးစားေပးထဲမွာေတာင္

မထားသင့္ဘူးလုိ႔ ထင္မိပါတယ္...)

==============================


ဝက်ခြံတွေပျောက်ဖို့အတွက် ခွေးရဲ့ကျင်ငယ်ရေကို 

သောက်ပြခဲ့တဲ့ အမျိုးသမီး ...

-----------------------------------------------------


ရွံတတ်သူများ မကြည့်ရ..

သူမမှာ ဝက်ခြံတွေပျောက်ကင်းစေဖို့ ကုထုံးအသစ်ရှိတယ်ဆိုလို့ 

လူတွေကလည်း စိတ်ဝင်စားသွားကြတယ်။ ဒါပေမယ့် မထင်မှတ်ထားတဲ့

ဗီဒီယိုထဲမှာတော့ ခွေးရဲ့ကျင်ငယ်ရေကို ခွက်နဲ့ယူပြီး သူမသောက်လိုက်

တာ တွေ့ရပါတယ်။


” ကျွန်မ ခွေးရဲ့ကျင်ငယ်ရေကို မသောက်ခင်က အရမ်းစိတ်ညစ်ရတယ်။

ဝမ်းနည်းရတယ်။ ဝက်ခြံတွေက ဘယ်လိုကုကုမပျောက်နိုင်ဘူး။ ခွေးရဲ့

ကျင်ငယ်ရေမှာ ဗီတာမင် အေ ၊ E ပါပြီး ကယ်စီယမ်ကလည်း ၁ဝဂရမ်

တောင်ပါတော့ ဝက်ခြံအမြစ်ကို ကောင်းကောင်းဖြုတ်နိုင်ပါတယ် ”

ထိုအမျိုးသမီးက ဗီဒီယိုထဲမှာပြောသွားပါတယ်။ ဒီလိုနည်းလမ်းဟာ 

လွန်ခဲ့သော နှစ်ပေါင်းရာကျော်က ဂရိလူမျိုးနဲ့ ရောမလူမျိုးတွေ သုံးခဲ့တဲ့

ကုထုံးတစ်ခုဖြစ်ပါတယ်။ ခွေးတွေရဲ့ကျင်ငယ်ရေမှာ တစ်ခါတစ်လေ 

ပေါင်းသတ်ဆေးဓာတ်တွေ ပါဝင်နိုင်တဲ့အတွက် သောက်ဖို့ဆုံးဖြတ်ချက်

ချတာမျိုးကတော့ မမှန်ကန်ဘူးလို့ Dr.McCarthy ကပြောပါတယ်။

ရွံတတ်တဲ့လူတွေ ဒီ ဗီဒီယိုမကြည့်တာ အကောင်းဆုံးပါပဲ။


Credit: buzzy

link -

http://www.dailymail.co.uk/femail/article-5848945/Woman-claims-drinking-dogs-URINE-helped-clear-acne-horrifying-video.html

ဗီဒီယိုကြည့်လိုပါက ...

https://www.facebook.com/LITTLELYNNLEW/videos/167874980562761/

(ဝက်ခြံအတွက် ဆေးနည်းများစွာ ရှိတဲ့အထဲမှာ

ဒီနည်းကိုတော့ နောက်ဆုံးဦးစားပေးထဲမှာတောင်

မထားသင့်ဘူးလို့ ထင်မိပါတယ်...)

No comments:

Post a Comment