Hot Pot စားရင္ ထည့္စားတတ္တဲ့ အပ္မိႈေလးကေန
ရရွိမယ့္ က်န္းမာေရးအက်ိုးေက်းဇူးေတြက ...
-------------------------------------------------------
❒ မိုးေအးေအးေလးမွာ Hot Pot ေလးစားလိုက္ရရင္
သိပ္အရသာရွိမွာပဲေနာ္။ Hot Pot စားတဲ့အခါ အသား၊ အသီးအရြက္၊
မိႈ၊ ၾကက္ဥကစလို႔ ႏွစ္သက္ရာေတြကို ထည့္စားၾကတယ္မဟုတ္လား။
ဒီလိုထည့္စားတဲ့အရာေတြထဲမွာ ေတ္ာေတာ္ေလး ခံတြင္းေတြ႔ေစတဲ့
မိႈတစ္မ်ိဳးျဖစ္တဲ့ အပ္မိႈက အရသာတင္ေကာင္းတာမဟုတ္ဘဲ
က်န္းမာေရးအတြက္လည္း ေကာင္းပါတယ္။
အပ္မႈိမွာပါဝင္တဲ့ အာဟာရဓာတ္ေတြက
စားလို႔ေကာင္းျပီးအရသာရွိတဲ့ အပ္မိႈကို စားသံုးေပးရင္
ရရွိမယ့္ အာဟာရဓာတ္ေတြက –
► Conjugated Linoleic Acid
► Copper
► သံဓာတ္
► Isoleucine
► Leucine
► လိုင္စင္း
► ပိုတက္ဆီယမ္
► Phosphorus
► ပရိုတင္း
► ဆီလီယမ္
► Threonine
► Trytophan
► ဗီတာမင္ B1 (Thiamine)
► ဗီတာမင္ B2 (Riboflavin)
► ဗီတာမင္ B3 (Niacin)
► ဗီတာမင္B5 (Pantothenic Acid)
► ဗီတာမင္ B6 (Pyridoxine)
► ဗီတာမင္ B9 (Folate)
► ဗီတာမင္ B12 (Folic Acid)
► ဇင့္ တို႔ပါ။
✿ အပ္မိႈစားရင္ရရွိလာမယ့္ က်န္းမာေရး
အက်ိဳးေက်းဇူးေတြက ကိုယ္ခံအား ေကာင္းေစတယ္
အပ္မိႈမွာ အာဟာရဓာတ္ေတြၾကြယ္ဝစြာပါဝင္ေနသလို
ဓာတ္တိုးဆန္႔က်င္ အာနိသင္ေတြလည္း ၾကြယ္ဝစြာ ပါဝင္ပါတယ္။
အရိုးေတြကို သန္မာေစတဲ့ ကယ္လ္ဆီယမ္လည္း ၾကြယ္ဝစြာ ပါဝင္
ပါတယ္။ အပ္မိႈမွာပါဝင္တဲ့ အျခားဓာတ္ေတြက ကိုယ္ခံအားစနစ္ကို
ေကာင္းမြန္ေစျပီး အသည္းေရာဂါ၊ ကိုလက္စထေရာမ်ားတာ၊
ေသြးတိုးတာနဲ႔ အသည္းေရာဂါကို သက္သာေစႏိုင္ပါတယ္။
✿ အဆီက်ေစႏိုင္တယ္
အပ္မိႈမွာ conjugated linoleic acid (CLA) ပါဝင္ေနတာေၾကာင့္
ခႏၶာကိုယ္က အဆီေတြကိုေလ်ာ့က်ေစနိုင္တဲ့အတြက္ ပိန္ခ်င္သူေတြ
စားသံုးေပးသင့္ပါတယ္။
✿ ေသြးတြင္းသၾကားဓာတ္ကုိ ထိန္းညွိေပးႏိုင္တယ္
ေန႔စဥ္စားသံုးတဲ့ အစားအစာထဲမွာ အမွ်င္ဓာတ္ပါဝင္မႈမ်ားေလေလ
ေသြးတြင္းကိုလက္စထေရာ က်ေလေလျဖစ္ျပီး ခႏၶာကိုယ္အေလးခ်ိန္ကို
က်ေစႏိုင္ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ အမွ်င္ဓာတ္မ်ားမ်ား စား
ေလေလ ေသြးတြင္းသၾကားဓာတ္ထိန္းခ်ဳပ္ႏိုင္မႈ ေကာင္းေလေလေပါ႔။
ဆီးခ်ိဳရွိသူေတြအေနနဲ႔ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညွိႏိုင္ေစဖို႔
အတြက္ အပ္မႈိ စားသံုးလို႔ရသလို ဆီးခ်ိဳ ကာကြယ္ခ်င္သူေတြ
အေနနဲ႔လည္း အပ္မိႈ စားသံုးေပးလို႔ရပါတယ္။
✿ ဝမ္းမွန္ေစႏိုင္တယ္
အပ္မိႈမွာပါဝင္တဲ့ အမွ်င္ဓာတ္ေတြက ဝမ္းမွန္ေစႏိုင္ျပီး
ဝမ္းခ်ဳပ္တာမ်ိဳးမျဖစ္ေအာင္ကာကြယ္ေပးႏိုင္ပါတယ္။
အပ္မိႈကို ေန႔စဥ္ ပံုမွန္စားသံုးေပးမယ္ဆိုရင္ အစာေျခစနစ္ကို
က်န္းမာေစျပီး ဝမ္းမွန္ေစမွာပါ။ ဝမ္းမခ်ဳပ္ေစဖို႔အတြက္ ေန႔စဥ္
လံုေလာက္တဲ့ အမွ်င္ဓာတ္ရရွိေအာင္ ဂရုစိုက္စားသံုးေပးပါ။
✿ မွတ္ဥာဏ္ေကာင္းမြန္ေစႏိုင္တယ္
အပ္မိႈ မွာ အမိုင္ႏိုအက္ဆစ္ ၾကြယ္ဝစြာပါဝင္တဲ့ အတြက္
အာရံုေၾကာေတြကိုေကာင္းမြန္ေစႏိုင္ သလို မွတ္ဥာဏ္ကိုလည္း
တိုးတက္ေကာင္းမြန္ ေစႏိုင္ပါတယ္။ ကေလးငယ္ေလးေတြကို
အပ္မိႈေကၽြးေပးမယ္ဆိုရင္လည္း ကေလးဟာ မွတ္ဥာဏ္ဖြံ႔ျဖိဳးမႈ
ေကာင္းမွာ အေသအခ်ာပါ။
✿ ဓာတ္မတည့္တာကို ကာကြယ္ေပးႏိုင္တယ္
မၾကာခဏ အပ္မိႈကို စားသံုးေပးမယ္ဆိုရင္ ပန္းနာရင္က်ပ္ျဖစ္တာ နဲ႔
အေရျပားမွာ နီျမန္းယားယံတာ၊ ႏွင္းခူ ျဖစ္တာလိုမ်ိဳး ဓာတ္မတည့္ျခင္း
ေတြကို ေရွာင္ရွားႏိုင္မွာျဖစ္ပါတယ္။ အပ္မိႈကို ပံုမွန္စားသံုးေပးမယ္ဆိုရင္
က်န္းမာေရးေကာင္းမြန္လာမွာျဖစ္သလို ဓာတ္မတည့္မႈေတြလည္း
ကင္းေဝးေစမွာပါ။
✿ ႏွလံုးက်န္းမာေစႏိုင္တယ္
အပ္မိႈစားသံုးေပးတာက ေသြးတြင္း အဆီဓာတ္မ်ားတာမ်ိဳး
မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ေသြးတြင္း ကိုလက္စထေရာ
ျမင့္တက္မႈက ႏွလံုးေရာဂါျဖစ္ရတဲ့ အဓိကအေၾကာင္းအရင္းပါ။
အပ္မိႈက ေသြးတြင္းကိုလက္စထေရာပမာဏ အရမ္းမမ်ားေအာင္
ထိန္းထားတာက ႏွလံုးေရာဂါမျဖစ္ေအာင္ကာကြယ္ႏိုင္တဲ့
ထိေရာက္တဲ့နည္းလမ္းပါ။
✿ ဇီဝတြင္းျဖစ္စဥ္ကို တိုးတက္ေကာင္းမြန္ေစႏိုင္တယ္
အပ္မိႈစားသံုးေပးတာက ခႏၶာကိုယ္ရဲ႕ ဇီဝတြင္း ျဖစ္စဥ္ေတြကို
တိုးတက္ေကာင္းမြန္ေစျပီး လိုအပ္တဲ့ အာဟာရဓာတ္ေတြ စုပ္ယူမႈကို
တိုးတက္ေစႏိုင္တာေၾကာင့္ ခႏၶာကိုယ္ကို က်န္းမာ ဖြံ႔ျဖိဳးေစႏိုင္ပါတယ္။
အရသာရွိတဲ့ အစားစားရင္း က်န္းမာေရး အက်ိဳးေက်းဇူးေတြ
ရရွိမယ္ဆိုေတာ့ သင္ေရာ ဘယ္လိုစဥ္းစားလဲ ……
source:xyznews
သူ႔ကုိ အဂၤလိပ္လုိေတာ့ enoki mushrooms လုိ႔ေခၚပါတယ္။
fb link -
https://www.facebook.com/moe.natthar.792/posts/2501316003531733
=============================
Hot Pot စားရင် ထည့်စားတတ်တဲ့ အပ်မှိုလေးကနေ
ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ...
-------------------------------------------------------
❒ မိုးအေးအေးလေးမှာ Hot Pot လေးစားလိုက်ရရင်
သိပ်အရသာရှိမှာပဲနော်။ Hot Pot စားတဲ့အခါ အသား၊ အသီးအရွက်၊
မှို၊ ကြက်ဥကစလို့ နှစ်သက်ရာတွေကို ထည့်စားကြတယ်မဟုတ်လား။
ဒီလိုထည့်စားတဲ့အရာတွေထဲမှာ တေ်ာတော်လေး ခံတွင်းတွေ့စေတဲ့
မှိုတစ်မျိုးဖြစ်တဲ့ အပ်မှိုက အရသာတင်ကောင်းတာမဟုတ်ဘဲ
ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။
အပ်မှိုမှာပါဝင်တဲ့ အာဟာရဓာတ်တွေက
စားလို့ကောင်းပြီးအရသာရှိတဲ့ အပ်မှိုကို စားသုံးပေးရင်
ရရှိမယ့် အာဟာရဓာတ်တွေက –
► Conjugated Linoleic Acid
► Copper
► သံဓာတ်
► Isoleucine
► Leucine
► လိုင်စင်း
► ပိုတက်ဆီယမ်
► Phosphorus
► ပရိုတင်း
► ဆီလီယမ်
► Threonine
► Trytophan
► ဗီတာမင် B1 (Thiamine)
► ဗီတာမင် B2 (Riboflavin)
► ဗီတာမင် B3 (Niacin)
► ဗီတာမင်B5 (Pantothenic Acid)
► ဗီတာမင် B6 (Pyridoxine)
► ဗီတာမင် B9 (Folate)
► ဗီတာမင် B12 (Folic Acid)
► ဇင့် တို့ပါ။
✿ အပ်မှိုစားရင်ရရှိလာမယ့် ကျန်းမာရေး
အကျိုးကျေးဇူးတွေက ကိုယ်ခံအား ကောင်းစေတယ်
အပ်မှိုမှာ အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်နေသလို
ဓာတ်တိုးဆန့်ကျင် အာနိသင်တွေလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။
အရိုးတွေကို သန်မာစေတဲ့ ကယ်လ်ဆီယမ်လည်း ကြွယ်ဝစွာ ပါဝင်
ပါတယ်။ အပ်မှိုမှာပါဝင်တဲ့ အခြားဓာတ်တွေက ကိုယ်ခံအားစနစ်ကို
ကောင်းမွန်စေပြီး အသည်းရောဂါ၊ ကိုလက်စထရောများတာ၊
သွေးတိုးတာနဲ့ အသည်းရောဂါကို သက်သာစေနိုင်ပါတယ်။
✿ အဆီကျစေနိုင်တယ်
အပ်မှိုမှာ conjugated linoleic acid (CLA) ပါဝင်နေတာကြောင့်
ခန္ဓာကိုယ်က အဆီတွေကိုလျော့ကျစေနိုင်တဲ့အတွက် ပိန်ချင်သူတွေ
စားသုံးပေးသင့်ပါတယ်။
✿ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်
နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ အမျှင်ဓာတ်ပါဝင်မှုများလေလေ
သွေးတွင်းကိုလက်စထရော ကျလေလေဖြစ်ပြီး ခန္ဓာကိုယ်အလေးချိန်ကို
ကျစေနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ အမျှင်ဓာတ်များများ စား
လေလေ သွေးတွင်းသကြားဓာတ်ထိန်းချုပ်နိုင်မှု ကောင်းလေလေပေါ့။
ဆီးချိုရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်စေဖို့
အတွက် အပ်မှို စားသုံးလို့ရသလို ဆီးချို ကာကွယ်ချင်သူတွေ
အနေနဲ့လည်း အပ်မှို စားသုံးပေးလို့ရပါတယ်။
✿ ဝမ်းမှန်စေနိုင်တယ်
အပ်မှိုမှာပါဝင်တဲ့ အမျှင်ဓာတ်တွေက ဝမ်းမှန်စေနိုင်ပြီး
ဝမ်းချုပ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
အပ်မှိုကို နေ့စဉ် ပုံမှန်စားသုံးပေးမယ်ဆိုရင် အစာခြေစနစ်ကို
ကျန်းမာစေပြီး ဝမ်းမှန်စေမှာပါ။ ဝမ်းမချုပ်စေဖို့အတွက် နေ့စဉ်
လုံလောက်တဲ့ အမျှင်ဓာတ်ရရှိအောင် ဂရုစိုက်စားသုံးပေးပါ။
✿ မှတ်ဉာဏ်ကောင်းမွန်စေနိုင်တယ်
အပ်မှို မှာ အမိုင်နိုအက်ဆစ် ကြွယ်ဝစွာပါဝင်တဲ့ အတွက်
အာရုံကြောတွေကိုကောင်းမွန်စေနိုင် သလို မှတ်ဉာဏ်ကိုလည်း
တိုးတက်ကောင်းမွန် စေနိုင်ပါတယ်။ ကလေးငယ်လေးတွေကို
အပ်မှိုကျွေးပေးမယ်ဆိုရင်လည်း ကလေးဟာ မှတ်ဉာဏ်ဖွံ့ဖြိုးမှု
ကောင်းမှာ အသေအချာပါ။
✿ ဓာတ်မတည့်တာကို ကာကွယ်ပေးနိုင်တယ်
မကြာခဏ အပ်မှိုကို စားသုံးပေးမယ်ဆိုရင် ပန်းနာရင်ကျပ်ဖြစ်တာ နဲ့
အရေပြားမှာ နီမြန်းယားယံတာ၊ နှင်းခူ ဖြစ်တာလိုမျိုး ဓာတ်မတည့်ခြင်း
တွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ အပ်မှိုကို ပုံမှန်စားသုံးပေးမယ်ဆိုရင်
ကျန်းမာရေးကောင်းမွန်လာမှာဖြစ်သလို ဓာတ်မတည့်မှုတွေလည်း
ကင်းဝေးစေမှာပါ။
✿ နှလုံးကျန်းမာစေနိုင်တယ်
အပ်မှိုစားသုံးပေးတာက သွေးတွင်း အဆီဓာတ်များတာမျိုး
မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သွေးတွင်း ကိုလက်စထရော
မြင့်တက်မှုက နှလုံးရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်းပါ။
အပ်မှိုက သွေးတွင်းကိုလက်စထရောပမာဏ အရမ်းမများအောင်
ထိန်းထားတာက နှလုံးရောဂါမဖြစ်အောင်ကာကွယ်နိုင်တဲ့
ထိရောက်တဲ့နည်းလမ်းပါ။
✿ ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်တယ်
အပ်မှိုစားသုံးပေးတာက ခန္ဓာကိုယ်ရဲ့ ဇီဝတွင်း ဖြစ်စဉ်တွေကို
တိုးတက်ကောင်းမွန်စေပြီး လိုအပ်တဲ့ အာဟာရဓာတ်တွေ စုပ်ယူမှုကို
တိုးတက်စေနိုင်တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာ ဖွံ့ဖြိုးစေနိုင်ပါတယ်။
အရသာရှိတဲ့ အစားစားရင်း ကျန်းမာရေး အကျိုးကျေးဇူးတွေ
ရရှိမယ်ဆိုတော့ သင်ရော ဘယ်လိုစဉ်းစားလဲ ……
source:xyznews
သူ့ကို အင်္ဂလိပ်လိုတော့ enoki mushrooms လို့ခေါ်ပါတယ်။
No comments:
Post a Comment