၁၀၂ ကရက္ရွိ ရွားပါးစိန္ျဖဴတုံးကုိ ေလလံတင္ရာတြင္
ေဒၚလာ သန္း ၃၀ အထိ ရႏုိင္ ...
-------------------------------------------------------------
၁၀၂ ကရက္ရွိ ရွားပါးအျဖဴေရာင္ စိန္တုံးကုိ ေဟာင္ေကာင္တြင္ လာမည့္
လ၌ ေလလံတင္သြားမည္ျဖစ္ၿပီး ေဒၚလာ သန္း ၃၀ အထိ ေဈးရမည္ဟု
ေမွ်ာ္လင့္ရသည္။
စိန္၏အေရာင္အေသြးသည္ အေကာင္းတကာ့ အေကာင္းဆုံးျဖစ္ၿပီး
ယင္း၏ ရွားပါးမႈႏွင့္ လွပမႈကုိ ထုတ္ေျပာ၍ပင္ ကုန္မည္မဟုတ္ဟု
ေလလံကုမၸဏီမွ အႀကီးအကဲ က ဆုိသည္။
ယင္းစိန္တုံးကုိ ကေနဒါေျမာက္ပုိင္း ေဝးလံေခါင္ဖ်ားေနရာရွိ မုိင္းတြင္း
တစ္ခုတြင္ ၂၀၁၈ ခုနွစ္က ရွာေတြ႕ခဲ့ျခင္းျဖစ္သည္။ ေလလံတြင္
ေရာင္းခ်ခဲ့ဖူးသည့္ အလားတူ ဘဲဥပုံ စိန္တုံးအနက္ ယင္းသည္
ဒုတိယေျမာက္ အႀကီးဆုံးျဖစ္သည္။
၁၁၈ ကရက္ရွိသည့္ စိန္တုံးကုိ လြန္ခဲ့သည့္ ခုႏွစ္ႏွစ္က ေလလံတင္
ေရာင္းခ်ခဲ့ရာ ေဒၚလာ ၃၀ ဒႆမ ၈ သန္း စံခ်ိန္တင္ ရရွိခဲ့သည္။
ယခုစိန္တုံးသည္ အရည္အေသြး အေရာင္အေသြး ေကာင္းမြန္လြန္း
လွသည့္အတြက္ စိတ္ဝင္စားသူ အထူးမ်ားျပားလိမ့္မည္ဟု
ေလလံကုမၸဏီက ေျပာသည္။
ခ်ယ္ရီ
credit:pyimyanmar
(UPI, 11.9.2020)
link -
============================
၁၀၂ ကရက်ရှိ ရှားပါးစိန်ဖြူတုံးကို လေလံတင်ရာတွင်
ဒေါ်လာ သန်း ၃၀ အထိ ရနိုင် ...
-------------------------------------------------------------
၁၀၂ ကရက်ရှိ ရှားပါးအဖြူရောင် စိန်တုံးကို ဟောင်ကောင်တွင် လာမည့်
လ၌ လေလံတင်သွားမည်ဖြစ်ပြီး ဒေါ်လာ သန်း ၃၀ အထိ ဈေးရမည်ဟု
မျှော်လင့်ရသည်။
စိန်၏အရောင်အသွေးသည် အကောင်းတကာ့ အကောင်းဆုံးဖြစ်ပြီး
ယင်း၏ ရှားပါးမှုနှင့် လှပမှုကို ထုတ်ပြော၍ပင် ကုန်မည်မဟုတ်ဟု
လေလံကုမ္ပဏီမှ အကြီးအကဲ က ဆိုသည်။
ယင်းစိန်တုံးကို ကနေဒါမြောက်ပိုင်း ဝေးလံခေါင်ဖျားနေရာရှိ မိုင်းတွင်း
တစ်ခုတွင် ၂၀၁၈ ခုနှစ်က ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ လေလံတွင်
ရောင်းချခဲ့ဖူးသည့် အလားတူ ဘဲဥပုံ စိန်တုံးအနက် ယင်းသည်
ဒုတိယမြောက် အကြီးဆုံးဖြစ်သည်။
၁၁၈ ကရက်ရှိသည့် စိန်တုံးကို လွန်ခဲ့သည့် ခုနှစ်နှစ်က လေလံတင်
ရောင်းချခဲ့ရာ ဒေါ်လာ ၃၀ ဒဿမ ၈ သန်း စံချိန်တင် ရရှိခဲ့သည်။
ယခုစိန်တုံးသည် အရည်အသွေး အရောင်အသွေး ကောင်းမွန်လွန်း
လှသည့်အတွက် စိတ်ဝင်စားသူ အထူးများပြားလိမ့်မည်ဟု
လေလံကုမ္ပဏီက ပြောသည်။
ချယ်ရီ
credit:pyimyanmar
(UPI, 11.9.2020)
link -
No comments:
Post a Comment