မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...
Saturday, September 19, 2020
အတိုအပြတ်ယူနီဖောင်းနဲ့ လက်ဘနွန်မြို့ က ရဲမေတွေ
ယူနီဖောင်း ပြောင်း
-------------------------------------------------
ရှင်းပေးနေကြသည်။     
တိုင်းပြည်ပုံရိပ်ကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း ၄င်းကဆိုသည်။
ပြောင်းလဲပစ်မယ်” ဟု ၄င်းက RT’s Ruptly ဗီဒီယိုသတင်းဌာနကို
ပြောခဲ့ပါသည်။
ပြောဆိုခဲ့ကြသည်။
ပြောဆိုသွားခဲ့သည်။
Ref: RT 
=============================
ကမ္ဘာ့လှည့်ခရီးသွားများအား ဆွဲဆောင်ရန် 
လက်ဘနွန်မြို့က ရဲမေတွေကို အတိုအပြတ်
ယူနီဖောင်း ပြောင်း
-------------------------------------------------
လက်ဘနွန်နိုင်ငံ၊ ဘာရန်မာနာမြို့တွင် ငယ်ရွယ်ပြီး ချောမော
လှပသည့် ရဲမေလေးများက ဦးထုပ်အနီနှင့် အနက်ရောင် 
ဘောင်းဘီတိုလေးများ ဝတ်ဆင်ကာ ယာဉ်လမ်းကြော 
ရှင်းပေးနေကြသည်။     
ယင်းမှာ ဘာရန်မာနာမြို့တော်ဝန်၏ ကမ္ဘာလှည့်ခရီးသွားများကို
ဆွဲဆောင်နိုင်ရန်နှင့် တိုင်းပြည်၏ ပုံရိပ်ကို တိုးတက်စေရန်
ရည်ရွယ်သည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။
“ မြေထဲပင်လယ်ဒေသမှာ ၉၉ ရာခိုင်နှုန်းသော ခရီးသွားတွေက 
အတိုအပြတ်တွေပဲ ဝတ်လေ့ရှိတယ်” ဟု မြို့တော်ဝန် ပီယာရီ
အက်ကာ က ပြောသည်။ ယင်းကဲ့သို့ ငယ်ရွယ်ပြီးဆွဲဆောင်မှုရှိသည့် 
ရဲမေလေးများက ခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်နိုင်ပြီး 
တိုင်းပြည်ပုံရိပ်ကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းကဆိုသည်။
“အနောက်တိုင်းအမြင်မှာ ငြီးငွေ့ဖွယ်ဖြစ်နေတဲ့ လက်ဘနွန်ရဲ့ ပုံရိပ်ကို
ပြောင်းလဲပစ်မယ်” ဟု ၎င်းက RT’s Ruptly ဗီဒီယိုသတင်းဌာနကို
ပြောခဲ့ပါသည်။
သို့သော် မြို့တော်ဝန်၏ အစီအစဉ်ကို သဘောမကျသူများလည်းရှိရာ
လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် အမျိုးသမီးများကို ခုတုံးလုပ်ပြီး  
ခရီးသွားတွေကို ဆွဲဆောင်နေသည်ဟု ဝေဖန်ခဲ့ကြသည်။ အချို့သူ
များကမူ အမျိုးသားများ၏ ဝတ်စုံကိုလည်း ပြောင်းသင့်ကြောင်း 
ပြောဆိုခဲ့ကြသည်။
မည်သို့သော ဝေဖန်မှုများရှိသည်ဖြစ်စေ ရဲမေအသစ်ဖြစ်သည့် 
ဆာမန်တာဆက်စ် ကတော့ သူ လက်ခံထားတဲ့ အလုပ်ဖြစ်တာကြောင့် 
စိတ်အားထက်သန်စွာ လုပ်ဆောင်နေကြောင်းနှင့် နောက်နွေရာသီများ
မှာလည်း ဤအစီအစဉ်ပြန်လည် လုပ်ဆောင်ရန်မျှော်လင့်နေပါကြောင်း 
ပြောဆိုသွားခဲ့သည်။
မိုင် (အကုန်သိသတင်းဌာန)
Ref: RT 
https://www.rt.com/news/430579-lebanon-hot-traffic-police/
No comments:
Post a Comment