အိန္ဒိယမှာ ဆိုင်ကယ်စီး ဦးထုပ်တွင် တပ်ဆင်နိုင်သည့်
လေအေးပေးစက် တီထွင် ...
---------------------------------------------------------
ဦးထုပ်တွင် တပ်ဆင်နိုင်သည့် လေအေးပေးစက် တီထွင်
လိုက်ပါတယ်။
ခေါ်တဲ့ ဆိုင်ကယ်စီး ဦးထုပ်တွင် တပ်ဆင်နိုင်သည့် လေအေးပေး
Blu Snap ဆိုင်ကယ်စီးဦးထုပ်တွင် တပ်ဆင်နိုင်သည့်
link -
==============================
အိန္ဒိယမှာ ဆိုင်ကယ်စီး ဦးထုတ်တွင် တပ်ဆင်နိုင်သည့်
လေအေးပေးစက် တီထွင် ...
---------------------------------------------------------
အိန္ဒိယနိုင်ငံ Blu Armor နည်းပညာကုမ္ပဏီက ဆိုင်ကယ်စီး
ဦးထုတ်တွင် တပ်ဆင်နိုင်သည့် လေအေးပေးစက် တီထွင်
လိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဆိုင်ကယ်စီးသူ အလွန်များသလို ပူပြင်းတဲ့
ရာသီဥတုမှာ လမ်းပေါ်ထွက်ဆိုင်ကယ်စီးရတာ မသက်သာလှပါဘူး။
သက်သောင့်သက်သာနဲ့ ဆိုင်ကယ်စီးလို့ရနိုင်အောင် Blu Snap လို့
ခေါ်တဲ့ ဆိုင်ကယ်စီး ဦးထုတ်တွင် တပ်ဆင်နိုင်သည့် လေအေးပေး
စက်ကို တီထွင်ထားပါတယ်။ ရေ(၆၀)မီလီလီတာဖြည့်ရုံနဲ့ Blu Snap
မှာပါတဲ့ လျှပ်စစ်ပန်ကာက လေအေးထုတ်ပေးမှာ ဖြစ်ပါတယ်။
ဆိုင်ကယ်စီးသူတွေကတော့ Blu Snap ကို အကြိုက်တွေ့နေပါတယ်။
“ဒီလောက်ပူတဲ့ရာသီဥတုမှာ ဆိုင်ကယ်စီးသွားဖို့က သိပ်မလွယ်
လှပါဘူး။ Blu Snap နဲ့ဆိုရင်တော့ သက်သောင့်သက်သာလည်း
ရှိသလို ဖုန်လည်းမဝင်ဘူး”လို့ ဆိုင်ကယ်စီးသူတစ်ဦးက ပြောပါတယ်။
Blu Snap ဆိုင်ကယ်စီးဦးထုတ်တွင် တပ်ဆင်နိုင်သည့်
လေအေးပေးစက်တစ်ခုကို အမေရိကန်ဒေါ်လာ(၃၀)နဲ့
ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး
ဆိုင်ကယ်ဈေးကွက်ဖြစ်ပြီး ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်အတွင်း
ဆိုင်ကယ်စီးရေ သန်း(၂၀)ကျော် ရောင်းချခဲ့ရကြောင်း
ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
source:One News Myanmar
link -
No comments:
Post a Comment