မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, September 20, 2020

နာမည္ႀကီးေနတဲ့ ငွက္ေပ်ာသီးမမ

 ေတာင္အေမရိကတိုက္ရဲ႕ ေတာနက္ထဲမွာေနၿပီး 

နာမည္ႀကီးေနတဲ့ ငွက္ေပ်ာသီးမမ ...

--------------------------------------------------

Banana Girl လုိ႔ နာမည္ႀကီးေနတဲ့ အသက္ (၃၇) ႏွစ္အရြယ္

ၾသစေၾတးလ် Youtube Blogger အမ်ိဳးသမီးတစ္ေယာက္ကေတာ့ 

သူ႕ရဲ႕ Youtube ပရိသတ္ေတြနဲ႔ ျပႆနာတက္ၿပီးခဲ့တဲ့ေနာက္ 

သဘာ၀ရဲ႕အရသာကုိ ခံစားခ်င္လုိ႔ဆုိၿပီး ေတာင္အေမရိက

ေတာနက္ထဲ ေျပာင္းေရႊ႕ေနထုိင္ဖုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။

Freelee ဆုိတဲ့နာမည္နဲ႔ Youtube မွာ အမ်ိဳးသမီးေတြအတြက္ 

၀ိတ္ခ်တဲ့ လမ္းညႊန္ဗီဒီယုိေလးေတြ တင္ေလ့ရွိတဲ့ အဲဒီအမ်ိဳးသမီးဟာ

ၿပီးခဲ့တဲ့ တစ္ႏွစ္အၾကာကစၿပီး သူ႔ရဲ႕အေဖာ္တစ္ေယာက္နဲ႔အတူ 

ေတာင္အေမရိကေတာထဲမွာ ေျပာင္းေရႊ႕ေနထုိင္ခဲ့တာပါ။

ပရိသတ္(၈)သိန္းနီးပါး ရွိတဲ့ Freelee ဟာ ငွက္ေပ်ာသီးေၾကာင့္ 

ရတဲ့အက်ိဴးေက်းဇူးေတြကုိ ဆက္တုိက္တင္ဆက္ရင္းကေန 

ငွက္ေပ်ာသီးမမ ဆုိၿပီး ၾကည့္ရႈသူေတြၾကားမွာ နာမည္ႀကီးလာခဲ့တာပါ။

သတ္သတ္လြတ္သမားတစ္ေယာက္ျဖစ္တဲ့ Freelee ဟာ အသီးအႏွံေတြ

စားျခင္းေၾကာင့္ရတဲ့ အက်ိဳးေက်းဇူးေတြ အေၾကာင္းကုိ လက္ေတြ႕ျပႏုိင္ဖုိ႔ 

ႀကိဳးစားခဲ့တာျဖစ္ၿပီး ေတာင္အေမရိက ေတာနက္ထဲမွာ သူတုိ႔ကုိယ္တုိင္

စုိက္ပ်ိဳးထားတဲ့ အသီးအႏွံေတြကုိ ေန႔စဥ္စားေသာက္ ေနထုိင္ခဲ့ပါတယ္။

Freelee နဲ႔ သူမရဲ႕အေဖာ္ဟာ ေန႔တုိင္းနီးပါး အ၀တ္မပါပဲ ေနေလ့ရွိၿပီး 

မုိးရြာတဲ့အခါက်မွသာ ေရခ်ိဳးၾကသူေတြပါ။ ဒါက စိတ္ပ်က္စရာေကာင္း

ေပမယ့္ မုိးက မၾကာခဏရြာေနတာေၾကာင့္ စိတ္ပူစရာမရွိဘူးလုိ႔ 

Freelee က သူမရဲ႕ ပရိသတ္ေတြကုိ Youtube ကတစ္ဆင့္ 

ဆုိလုိက္ပါတယ္။

ေရေသာက္ဖုိ႔အတြက္ သဘာ၀အေလွ်ာက္ျဖစ္ေနတဲ့ ေရခ်ိဳကန္ေတြကုိ 

အသုံးျပဳခဲ့ၾကၿပီး ဆံပင္ညွွပ္ဖုိ႔မလုိ၊ မိတ္ကပ္ဖုိးမလုိ၊ အ၀တ္အထည္ဖုိး

မလုိတာေၾကာင့္ ေဒၚလာ (၄,၀၀၀) ဖုိးေလာက္ သက္သာခဲ့တယ္လုိ႔ 

သူမက ဆုိပါတယ္။

“ေတာထဲမွာေတာ့ ဘာဆုိဘာမွမလုိပါဘူး။ အ၀တ္၀တ္ဖုိ႔ မလုိဘူး၊ 

ေခါင္းေလွ်ာ္ဖုိ႔ မလုိဘူး၊ မိတ္ကပ္လိမ္းဖုိ႔ မလုိပါဘူး။ ကၽြန္မအေနနဲ႔ 

လြတ္လပ္မႈကုိ လုိခ်င္လြန္းလုိ႔ ၿပီးခဲ့တဲ့ (၁၁) ႏွစ္ အၾကာကတည္းက 

Freelee ဆုိတဲ့ နာမည္ကုိ ယူခဲ့တာပါ။ ေက်းဇူးျပဳၿပီး သူမ်ားနဲ႔ မတူတာ

မွာကုိ မေၾကာက္ပါနဲ႔။ တျခားလူေတြ လုပ္သလုိ လုိက္လုပ္မိေနမွာကုိပဲ

ေၾကာက္ပါ” လုိ႔ Freelee က သူမရဲ႕ Youtube အေကာင့္ 

(https://www.youtube.com/user/Freelea) က တစ္ဆင့္ 

ပရိသတ္ေတြကုိ ေျပာလုိက္ပါတယ္။


Freelee နဲ႔ သူမရဲ႕အေဖာ္တုိ႔ေနၾကတဲ့ေနရာက ရုိးရုိး သစ္သား

အိမ္ေလးတစ္လုံးပဲျဖစ္ၿပီး အထဲမွာ ကုတင္တစ္လုံးနဲ႔ နည္းပါးလွတဲ့ 

အိမ္သုံးပစၥည္းေလးေတြသာ ရွိပါတယ္။


Freelee ဟာ Youtube မွာ ေအာင္ျမင္တဲ့ Blogger တစ္ေယာက္

ျဖစ္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့ တစ္ႏွစ္အၾကာက သူမရဲ႕ အင္စတာဂရမ္

အေကာင့္ကေန ခ်ိဳင္းေမႊးေတြေပၚေနတဲ့ပုံကုိ တမင္ျပခဲ့တာေၾကာင့္ 

ေ၀ဖန္မႈေတြနဲ႔ ရင္ဆုိင္ခဲ့ရၿပီး လူေတြနဲ႔ေ၀းရာဆီ ထြက္သြားဖုိ႔ 

ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။


“လက္ရွိအခ်ိန္မွာေတာ့ ကၽြန္မရဲ႕ ခႏၶာကုိယ္ဟာ လုံး၀ သဘာ၀အတုိင္းပဲ။

ကၽြန္မမွာ ဘာကုိမွ ရိတ္ေနစရာမလုိဘူး။ အဲဒါက ကၽြန္မကုိ ပုိေကာင္းတဲ့ 

ခံစားမႈမ်ိဳးေပးၿပီး သဘာ၀က်ေစတယ္” လုိ႔ Freelee က ဆုိလုိက္ပါတယ္။


Linn (shwemom)

Source : Dailymail

http://www.dailymail.co.uk/femail/article-5872459/Why-vegan-blogger-Freelee-Banana-Girl-fled-city-live-grid-life-forest.html

==============================


တောင်အမေရိကတိုက်ရဲ့ တောနက်ထဲမှာနေပြီး 

နာမည်ကြီးနေတဲ့ ငှက်ပျောသီးမမ ...

--------------------------------------------------


Banana Girl လို့ နာမည်ကြီးနေတဲ့ အသက် (၃၇) နှစ်အရွယ်

သြစတြေးလျ Youtube Blogger အမျိုးသမီးတစ်ယောက်ကတော့ 

သူ့ရဲ့ Youtube ပရိသတ်တွေနဲ့ ပြဿနာတက်ပြီးခဲ့တဲ့နောက် 

သဘာဝရဲ့အရသာကို ခံစားချင်လို့ဆိုပြီး တောင်အမေရိက

တောနက်ထဲ ပြောင်းရွှေ့နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။


Freelee ဆိုတဲ့နာမည်နဲ့ Youtube မှာ အမျိုးသမီးတွေအတွက် 

ဝိတ်ချတဲ့ လမ်းညွှန်ဗီဒီယိုလေးတွေ တင်လေ့ရှိတဲ့ အဲဒီအမျိုးသမီးဟာ

ပြီးခဲ့တဲ့ တစ်နှစ်အကြာကစပြီး သူ့ရဲ့အဖော်တစ်ယောက်နဲ့အတူ 

တောင်အမေရိကတောထဲမှာ ပြောင်းရွှေ့နေထိုင်ခဲ့တာပါ။


ပရိသတ်(၈)သိန်းနီးပါး ရှိတဲ့ Freelee ဟာ ငှက်ပျောသီးကြောင့် 

ရတဲ့အကျိူးကျေးဇူးတွေကို ဆက်တိုက်တင်ဆက်ရင်းကနေ 

ငှက်ပျောသီးမမ ဆိုပြီး ကြည့်ရှုသူတွေကြားမှာ နာမည်ကြီးလာခဲ့တာပါ။


သတ်သတ်လွတ်သမားတစ်ယောက်ဖြစ်တဲ့ Freelee ဟာ အသီးအနှံတွေ

စားခြင်းကြောင့်ရတဲ့ အကျိုးကျေးဇူးတွေ အကြောင်းကို လက်တွေ့ပြနိုင်ဖို့ 

ကြိုးစားခဲ့တာဖြစ်ပြီး တောင်အမေရိက တောနက်ထဲမှာ သူတို့ကိုယ်တိုင်

စိုက်ပျိုးထားတဲ့ အသီးအနှံတွေကို နေ့စဉ်စားသောက် နေထိုင်ခဲ့ပါတယ်။


Freelee နဲ့ သူမရဲ့အဖော်ဟာ နေ့တိုင်းနီးပါး အဝတ်မပါပဲ နေလေ့ရှိပြီး 

မိုးရွာတဲ့အခါကျမှသာ ရေချိုးကြသူတွေပါ။ ဒါက စိတ်ပျက်စရာကောင်း

ပေမယ့် မိုးက မကြာခဏရွာနေတာကြောင့် စိတ်ပူစရာမရှိဘူးလို့ 

Freelee က သူမရဲ့ ပရိသတ်တွေကို Youtube ကတစ်ဆင့် 

ဆိုလိုက်ပါတယ်။


ရေသောက်ဖို့အတွက် သဘာဝအလျှောက်ဖြစ်နေတဲ့ ရေချိုကန်တွေကို 

အသုံးပြုခဲ့ကြပြီး ဆံပင်ညှပ်ဖို့မလို၊ မိတ်ကပ်ဖိုးမလို၊ အဝတ်အထည်ဖိုး

မလိုတာကြောင့် ဒေါ်လာ (၄,၀၀၀) ဖိုးလောက် သက်သာခဲ့တယ်လို့ 

သူမက ဆိုပါတယ်။


“တောထဲမှာတော့ ဘာဆိုဘာမှမလိုပါဘူး။ အဝတ်ဝတ်ဖို့ မလိုဘူး၊ 

ခေါင်းလျှော်ဖို့ မလိုဘူး၊ မိတ်ကပ်လိမ်းဖို့ မလိုပါဘူး။ ကျွန်မအနေနဲ့ 

လွတ်လပ်မှုကို လိုချင်လွန်းလို့ ပြီးခဲ့တဲ့ (၁၁) နှစ် အကြာကတည်းက 

Freelee ဆိုတဲ့ နာမည်ကို ယူခဲ့တာပါ။ ကျေးဇူးပြုပြီး သူများနဲ့ မတူတာ

မှာကို မကြောက်ပါနဲ့။ တခြားလူတွေ လုပ်သလို လိုက်လုပ်မိနေမှာကိုပဲ

ကြောက်ပါ” လို့ Freelee က သူမရဲ့ Youtube အကောင့် 

(https://www.youtube.com/user/Freelea) က တစ်ဆင့် 

ပရိသတ်တွေကို ပြောလိုက်ပါတယ်။


Freelee နဲ့ သူမရဲ့အဖော်တို့နေကြတဲ့နေရာက ရိုးရိုး သစ်သား

အိမ်လေးတစ်လုံးပဲဖြစ်ပြီး အထဲမှာ ကုတင်တစ်လုံးနဲ့ နည်းပါးလှတဲ့ 

အိမ်သုံးပစ္စည်းလေးတွေသာ ရှိပါတယ်။


Freelee ဟာ Youtube မှာ အောင်မြင်တဲ့ Blogger တစ်ယောက်

ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ တစ်နှစ်အကြာက သူမရဲ့ အင်စတာဂရမ်

အကောင့်ကနေ ချိုင်းမွှေးတွေပေါ်နေတဲ့ပုံကို တမင်ပြခဲ့တာကြောင့် 

ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လူတွေနဲ့ဝေးရာဆီ ထွက်သွားဖို့ 

ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။


“လက်ရှိအချိန်မှာတော့ ကျွန်မရဲ့ ခန္ဓာကိုယ်ဟာ လုံး၀ သဘာဝအတိုင်းပဲ။

ကျွန်မမှာ ဘာကိုမှ ရိတ်နေစရာမလိုဘူး။ အဲဒါက ကျွန်မကို ပိုကောင်းတဲ့ 

ခံစားမှုမျိုးပေးပြီး သဘာဝကျစေတယ်” လို့ Freelee က ဆိုလိုက်ပါတယ်။


Linn (shwemom)

Source : Dailymail

http://www.dailymail.co.uk/femail/article-5872459/Why-vegan-blogger-Freelee-Banana-Girl-fled-city-live-grid-life-forest.html


No comments:

Post a Comment