-----------------------------------------------------------------
သိရှိရပါကြောင်း ။
Credit - MyanmarLoad
Source - Mirror
===============================
အင်္ဂလန်က ဘုရင်မကြီးရဲ့ အပါးတော်မြဲ အစားအစာ တစ်ခု
-----------------------------------------------------------------
ပရိသတ်ကြီးရေ အပါးတော်မြဲအစားအစာ လို့သုံးရတာကလည်း
အကြောင်းရှိပါတယ်။ ဘုရင်မကြီးက အခုပြောပြမယ့်အစားအစာလေးမှ
မပါရင် ဘယ်လိုခရီး ၊ ဘယ်လိုအကြောင်းကိစ္စဘဲရှိရှိ အပြင်မထွက်တတ်
လို့ပါဘဲ ။ ဘုရင်မကြီး ရဲ့ နှစ်ပေါင်းများစွာ ကြိုက်နှစ်သက်တော်မူခံရတဲ့
အစားအစာတစ်ခုလည်းဖြစ်တာမို့ လူသာဆိုရင် စိတ်ကြီးဝင်နေလောက်
ပါရဲ့ ။ ကဲ ဘာအစားအစာလေးလဲ ဆိုတာ ဆက်ကြည့်ရအောင်နော်။
အင်္ဂလန်ဘုရင်မကြီး အဲလိဇဘက်ရဲ့ အပါးတော်မြဲအစားအစာက
ချောကလက် ဘီစကစ် ကိတ်လို့ ခေါ်တဲ့ 3 in 1 အစားအစာတစ်ခုပါ ။
ဒီအစားအစာရဲ့ ထူးခြားချက်က ချောကလက်နဲ့ ဘီစကစ်ကို အချိုးကျကျ
ရောနယ်ပြီး ပေါင်မုန့်ဖုတ်တဲ့ နည်းစဉ်အတိုင်းစီမံထားတာဘဲ ဖြစ်ပါတယ်။
ဘုရင်မကြီးငယ်စဉ်ကတည်းကကြိုက်နှစ်သက်ခဲ့တဲ့ အစားအစာဖြစ်ပြီး
ဒီကိတ်မုန့်ကို ချစ်သူ ခင်သူ မိတ်ဆွေသင်္ဂဟတွေကို အမှတ်တရစွန့်ကြဲ
တတ်တာ ယနေ့အထိဖြစ်ပါတယ်လို့ တော်ဝင် စာဖိုမှူး ဖြစ်တဲ့
Darren McGrady က အတည်ပြုပြောကြားထားပါတယ်။
ဘုရင်မကြီးဟာ အာလူး၊ ပါစတာ နဲ့ ကြက်သွန်ဖြူတွေကို အရမ်းမုန်း
တတ်တာရယ်၊ အသစ်အဆန်းတွေကိုအမြဲ မြည်းစမ်းတတ်တာတွေရယ်
ကြောင့် ဒီအစားအစာကို ပြုလုပ်ခဲ့တာလို့လည်း သိရပါတယ်။
ဘုရင်မကြီးဟာ ချောကလက်ကိတ်ကို အနည်းဆုံးတနေ့ကို တစ်ချပ်
မစားရရင် မနေနိုင်အောင် စွဲလမ်းလွန်းသူတစ်ယောက်ဖြစ်တယ်လို့လည်း
သိရပါတယ်။ ဘုရင်မကြီးနည်းတူ ကြွေလွင့်ခဲ့ရပြီဖြစ်တဲ့ လေဒီဒိုင်ယာနာ
ဟာလည်း ဒီအစားအစာကို အလွန်နှစ်သက်တော်မူတယ်လို့
သိရှိရပါကြောင်း ။
Credit - MyanmarLoad
Source - Mirror
https://www.mirror.co.uk/news/weird-news/one-food-item-queen-never-10163409
No comments:
Post a Comment