ေထာင္ျပင္က လူေတြနဲ႔မျခား လြတ္လပ္ခြင့္ေတြရေနတဲ့
ၾသစေတးလ်အမ်ိဳးသမီး အက်ဥ္းေထာင္ ...
--------------------------------------------------------
ၾသစေတးလ်ႏိုင္ငံ ပါ့သ္ၿမိဳ႕မွာရွိတဲ့ ဘုိရိုနီယာအက်ဥ္းေထာင္ဟာ
ထူးျခားတဲ့ အမ်ိဳးသမီးအက်ဥ္းေထာင္ ျဖစ္ပါတယ္။ က်က်နနျပဳျပင္
ထားတဲ့ ပန္းျခံေတြနဲ႔ ခံုတန္းရွည္ေတြ၊ ေနခ်င္စရာေကာင္းတဲ့
ေထာင္အေဆာက္အဦးေတြနဲ႔ သားသမီးေတြနဲ႔ေဆာ့ကစားေနတဲ့
အမ်ိဳးသမီးေတြကို ေတြ႔ရတာ ေထာင္က်ေနတဲ့ အက်ဥ္းသားေတြ
နဲ႔ေတာင္ မတူပါဘူး။
အက်ဥ္းသားေတြအတြက္ အက်ဥ္းေထာင္က စီမံေပးထားတဲ့
ပ့ံပိုးမႈေတြကေတာ့ ေတာ္္ေတ္ာေလးေကာင္းမြန္ပါတယ္။
အက်ဥ္းေထာင္က ထြက္သြားၿပီးေနာက္ပိုင္းမွာ ကိုယ့္အားကိုယ္ကိုးၿပီး
ျပန္လည္ရပ္တည္ႏိုင္ဖို႔ကို တစ္ခါတည္း ေလ့က်င့္ေပးထားပါတယ္။
ေန႔အခါမွာေတာ့ အက်ဥ္းသားေတြဟာ ပညာသင္တာပဲျဖစ္ျဖစ္၊
အလုပ္,လုပ္တာပဲျဖစ္ျဖစ္ ေထာင္ခြင့္ျပဳခ်က္နဲ႔ လုပ္ကိုင္ႏိုင္ပါတယ္။
ယင္းအစီအစဥ္ဟာ ဘိုရိုနီယာအမ်ိဳးသမီးေထာင္မွာ အေကာင္အထည္
ေဖာ္လာခဲ့တာ (၁၅)ႏွစ္တာရွိေနပါၿပီ။ ေထာင္တြင္းမွာေတာ့ အမ်ိဳးသမီး
အက်ဥ္းသားဦးေရ(၉၅)ဦးေလာက္ ေနထိုင္ၾကပါတယ္။ အက်ဥ္းသား
ေတြကုိ သံတိုင္ေနာက္မွာပဲ တစ္ခ်ိန္လံုးပိတ္ေလွာင္ၿပီး ထားမယ့္အစား
ေထာင္ကထြက္တဲ့အခါ အလုပ္အကိုင္နဲ႔ အတည္အက်အေျခခ်ႏိုင္ဖို႔
မိသားစုသဖြယ္ လူေနမႈပံုစံနဲ႔ ယခုလို ၾကပ္မတ္ေပးတာျဖစ္တယ္လို႔
သိရပါတယ္။
အက်ဥ္းသားေတြဟာ ေထာင္ကေပးထားတဲ့ အိမ္ေတြမွာ စုေပါင္း
ေနထိုင္ၾကရပါတယ္။ ကိုယ္ေနတဲ့အိမ္ကို သပ္သပ္ရပ္ရပ္ျဖစ္ေအာင္
စနစ္တက်ေနထိုင္ရင္၊ တနလၤာေန႔ကေန ေသာၾကၤာေန႔အတြင္းမွာ
ေထာင္ကသတ္မွတ္ထားတဲ့ စည္းကမ္းေတြအတိုင္း အလုပ္ၾကိဳးစား
လုပ္ကိုင္ခဲ့ရင္ လြတ္လပ္ခြင့္ေတြ ပိုရေလ့ရိွပါတယ္။
ဥပမာ..အျပင္ေစ်း၀ယ္ထြက္တာ၊ စားေသာက္ဆိုင္ေတြမွာ သြားစားတာ၊
ကေလးေတြကို ေထာင္ထဲမွာ ကိုယ္နဲ႔အတူေခၚထားႏိုင္တာ စတဲ့
အခြင့့္အေရးေတြကို ရရွိပါတယ္။
ဘိုရိုနီယာအက်ဥ္းေထာင္ဟာ ဥယ်ာဥ္ၾကီးတစ္ခုနဲ႔ေတာင္ တူေနပါတယ္။
ေထာင္ထဲမွာ စိုက္ပ်ိဳးေရးလုပ္ႏုိင္တဲ့ ေျမေနရာေတြလည္းရွိပါတယ္။
တစ္ခါတစ္ေလ ေထာင္က လြတ္လပ္လြန္းတာေၾကာင့္ ေထာင္ဆိုတာ
ေမ့ေနၾကမွန္း အမ်ိဳးသမီးေတြက ဆိုပါတယ္။ ေထာင္ရဲ႕အၾကီးမားဆံုး
အႏ ၱရာယ္ကေတာ့ ရဲတင္းတဲ့ အမ်ိဳးသားအခ်ိဳ႕က ေထာင္အကာအရံ
ေတြကို ခုန္ေက်ာ္ၿပီး အက်ဥ္းေထာင္ထဲ ခိုး၀င္တာျဖစ္လို႔ သိရပါတယ္။
လင္းလင္း (ShweMom)
Ref: Dailymail
http://www.dailymail.co.uk/news/article-5868261/The-womens-prison-inmates-arent-locked-up.html
==============================
ထောင်ပြင်က လူတွေနဲ့မခြား လွတ်လပ်ခွင့်တွေရနေတဲ့
သြစတေးလျအမျိုးသမီး အကျဉ်းထောင် ...
--------------------------------------------------------
သြစတေးလျနိုင်ငံ ပါ့သ်မြို့မှာရှိတဲ့ ဘိုရိုနီယာအကျဉ်းထောင်ဟာ
ထူးခြားတဲ့ အမျိုးသမီးအကျဉ်းထောင် ဖြစ်ပါတယ်။ ကျကျနနပြုပြင်
ထားတဲ့ ပန်းခြံတွေနဲ့ ခုံတန်းရှည်တွေ၊ နေချင်စရာကောင်းတဲ့
ထောင်အဆောက်အဦးတွေနဲ့ သားသမီးတွေနဲ့ဆော့ကစားနေတဲ့
အမျိုးသမီးတွေကို တွေ့ရတာ ထောင်ကျနေတဲ့ အကျဉ်းသားတွေ
နဲ့တောင် မတူပါဘူး။
အကျဉ်းသားတွေအတွက် အကျဉ်းထောင်က စီမံပေးထားတဲ့
ပံ့ပိုးမှုတွေကတော့ တော်တေ်ာလေးကောင်းမွန်ပါတယ်။
အကျဉ်းထောင်က ထွက်သွားပြီးနောက်ပိုင်းမှာ ကိုယ့်အားကိုယ်ကိုးပြီး
ပြန်လည်ရပ်တည်နိုင်ဖို့ကို တစ်ခါတည်း လေ့ကျင့်ပေးထားပါတယ်။
နေ့အခါမှာတော့ အကျဉ်းသားတွေဟာ ပညာသင်တာပဲဖြစ်ဖြစ်၊
အလုပ်,လုပ်တာပဲဖြစ်ဖြစ် ထောင်ခွင့်ပြုချက်နဲ့ လုပ်ကိုင်နိုင်ပါတယ်။
ယင်းအစီအစဉ်ဟာ ဘိုရိုနီယာအမျိုးသမီးထောင်မှာ အကောင်အထည်
ဖော်လာခဲ့တာ (၁၅)နှစ်တာရှိနေပါပြီ။ ထောင်တွင်းမှာတော့ အမျိုးသမီး
အကျဉ်းသားဦးရေ(၉၅)ဦးလောက် နေထိုင်ကြပါတယ်။ အကျဉ်းသား
တွေကို သံတိုင်နောက်မှာပဲ တစ်ချိန်လုံးပိတ်လှောင်ပြီး ထားမယ့်အစား
ထောင်ကထွက်တဲ့အခါ အလုပ်အကိုင်နဲ့ အတည်အကျအခြေချနိုင်ဖို့
မိသားစုသဖွယ် လူနေမှုပုံစံနဲ့ ယခုလို ကြပ်မတ်ပေးတာဖြစ်တယ်လို့
သိရပါတယ်။
အကျဉ်းသားတွေဟာ ထောင်ကပေးထားတဲ့ အိမ်တွေမှာ စုပေါင်း
နေထိုင်ကြရပါတယ်။ ကိုယ်နေတဲ့အိမ်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင်
စနစ်တကျနေထိုင်ရင်၊ တနင်္လာနေ့ကနေ သောင်္ကြာနေ့အတွင်းမှာ
ထောင်ကသတ်မှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း အလုပ်ကြိုးစား
လုပ်ကိုင်ခဲ့ရင် လွတ်လပ်ခွင့်တွေ ပိုရလေ့ရှိပါတယ်။
ဥပမာ..အပြင်ဈေးဝယ်ထွက်တာ၊ စားသောက်ဆိုင်တွေမှာ သွားစားတာ၊
ကလေးတွေကို ထောင်ထဲမှာ ကိုယ်နဲ့အတူခေါ်ထားနိုင်တာ စတဲ့
အခွင့်အရေးတွေကို ရရှိပါတယ်။
ဘိုရိုနီယာအကျဉ်းထောင်ဟာ ဥယျာဉ်ကြီးတစ်ခုနဲ့တောင် တူနေပါတယ်။
ထောင်ထဲမှာ စိုက်ပျိုးရေးလုပ်နိုင်တဲ့ မြေနေရာတွေလည်းရှိပါတယ်။
တစ်ခါတစ်လေ ထောင်က လွတ်လပ်လွန်းတာကြောင့် ထောင်ဆိုတာ
မေ့နေကြမှန်း အမျိုးသမီးတွေက ဆိုပါတယ်။ ထောင်ရဲ့အကြီးမားဆုံး
အန ္တရာယ်ကတော့ ရဲတင်းတဲ့ အမျိုးသားအချို့က ထောင်အကာအရံ
တွေကို ခုန်ကျော်ပြီး အကျဉ်းထောင်ထဲ ခိုးဝင်တာဖြစ်လို့ သိရပါတယ်။
လင်းလင်း (ShweMom)
Ref: Dailymail
http://www.dailymail.co.uk/news/article-5868261/The-womens-prison-inmates-arent-locked-up.html
No comments:
Post a Comment