ခင္ပြန္းသည္ေပးတဲ့ လက္ေဆာင္ေၾကာင့္
အားက်မခံ ဝိတ္ခ်ျပႏိုင္ခဲ့တဲ့အမ်ိဳးသမီး
----------------------------------------------
❒ အမ်ိဳးသမီးတစ္ေယာက္ဟာ ခင္ပြန္းသည္ထံက ခရစ္စမတ္
လက္ေဆာင္အေနနဲ႔ ကယ္လိုရီေလာင္ကြ်မ္းႏႈန္းျပ လက္ပတ္နာရီ
တစ္လံုးကို လက္ေဆာင္ရခဲ့ပါတယ္။ ရုိမန္းတစ္ဆန္တဲ့လက္ေဆာင္
မဟုတ္ေပမယ့္ ထိုလက္ေဆာင္ေလးေၾကာင့္ အ၀လြန္ေနတဲ့သူမရဲ႕
ဘ၀ဟာ တစ္ဆစ္ခ်ိဳး ေျပာင္းလဲခဲ့ရပါတယ္။
အမ်ိဳးသမီးနာမည္ကေတာ့ Kate Wood ျဖစ္ၿပီး အသက္(၃၃)ႏွစ္
ရွိပါၿပီ။ နဂိုကေပါင္(၃၀၀)ေက်ာ္ ၀ိတ္အေလးခ်ိန္ရွိရာကေန အခုဆို
သူမက ေပါင္(၁၄၀)ပဲ ရွိေတာ့တာျဖစ္ပါတယ္။ သူမ၀ိတ္ခ်ႏိုင္ခဲ့တဲ့
အေၾကာင္းရင္းက သူမေယာက်္ား၀ယ္ေပးတဲ့ ခ်စ္သက္လက္ေဆာင္
လက္ပတ္ေလးကို ေကာင္းေကာင္း အသံုးခ်ခဲ့တာေၾကာင့္ပါ။
လက္ပတ္ေလးေၾကာင့္ အားကစားပံုမွန္လုပ္ျဖစ္ခဲ့တဲ့အျပင္
အသင့္စား အစားအေသာက္ေတြကိုပါ ျဖတ္ႏိုင္ခဲ့ပါတယ္။
ေလ့က်င့္ခန္းပံုမွန္လုပ္၊ အစားအေသာက္ ဂရုစိုက္စားတဲ့သူမက
(၃)ႏွစ္အတြင္းမွာ ေပါင္(၁၆၀) ေက်ာ္ေလာက္၀ိတ္ခ်ႏုိင္ခဲ့ပါတယ္။
Kate က သူမရဲ႕အေၾကာင္းကို အခုလိုပဲေျပာျပပါတယ္။
“တကၠသိုလ္မွာတုန္းက ကြ်န္မ အျမန္စာေတြသိပ္စားတာ။
ကြ်န္မေယာက္်ားနဲ႔ အိမ္စေျပာင္းတုန္းကလည္း ညတုိင္းလိုလို
ရယ္ဒီမိတ္ အစားအေသာက္ေတြပဲ စားျဖစ္ျပန္ေရာ။ ၾကက္ေၾကာ္တို႔၊
အာလူးေၾကာ္တို႔ေပါ့ေလ။ ကြ်န္မတို႔က ဟင္းမွမခ်က္ႏိုင္ပဲကိုး။
ကြ်န္မက တစ္ေန႔ကို စီးကရက္လဲအလိပ္(၂၀)ေလာက္
ေသာက္ႏိုင္တယ္။ ၀ိုင္တစ္ပုလင္းေလာက္ကေတာ့ တစ္ညထဲနဲ႔
အသာေလးပဲ။”
၂၀၁၁ ခုႏွစ္ ဇန္န၀ါရီလမွာေတာ့ Kate ဟာ သားေလး George ကို
ကိုယ္၀န္အျဖစ္ လြယ္ခဲ့ရပါၿပီ။ အဲဒီတုန္းကလည္း ကေလးရွိေတာ့
ေဆးလိပ္နဲ႔အရက္ကိုု ျဖတ္ခဲ့ေပမယ့္ စားတာကေတာ့ ပိုစားလာပါတယ္။
ေခ်ာကလက္၊ အာလူးၾကြပ္ၾကြပ္ေၾကာ္ေလးေတြ၊ မုန္႔အခ်ိဳေတြကိုလည္း
မေရွာင္ဘဲစားခဲ့တဲ့ သူမက အလြန္အမင္းကို ၀လာခဲ့တာပါ။
ဒါေပမယ့္ (၂၀၁၄) ခုႏွစ္ ဒီဇင္ဘာလမွာေတာ့ ေယာက်ာ္းျဖစ္သူ
Lee ကေန ကယ္လိုရီေလာင္ကြ်မ္းႏႈန္းျပတဲ့ Fitbit လက္ပတ္ကေလးကို
သူမကို ၀ယ္ေပးခဲ့ပါတယ္။ သူမ စစခ်င္းအသံုးျပဳေတာ့ Fitbit ကသူမကို
ေျခလွမ္း(၁၀၀၀၀) ျပည့္ေအာင္ လမ္းေလွ်ာက္ခုိင္းပါတယ္။
ဒါေပမယ့္ Kate က ေျခလွမ္း(၄,၀၀၀)ကေန စတင္ႏုိင္ခဲ့ၿပီး
အစားအေသာက္ကို မွ်တစြာျပန္လည္စားသံုးခဲ့ပါတယ္။ အျမန္စာေတြကို
စြန္႔လႊတ္ခဲ့တဲ့အျပင္ က်န္းမာေရးနဲ႕ညီညြတ္ၿပီး အာဟာရျပည့္၀ေအာင္
ခ်က္ျပဳတ္နည္းေတြကိုလည္း ဟင္းခ်က္စာအုပ္၀ယ္ကာ ေလ့လာခဲ့ပါတယ္။
၀ိုင္ေသာက္တာကိုလည္း Kate က စြန္႔လႊတ္ခဲ့ၿပီး (၁)မိုင္ခြဲေဝးတဲ့
အလုပ္ကို လမ္းေလွ်ာက္ျဖစ္ခဲ့ပါတယ္။ ဒီလုိနဲ႔ လအနည္းငယ္ၾကာတဲ့
အခါမွာေတာ့ သူမက မနက္(၅)နာရီမွာ ထၿပီး စက္ဘီးစီးေလ့က်င့္ခန္း
ျပန္လုပ္ခဲ့ပါတယ္။ Kate က “အေနအထိုင္အစားအေသာက္
ဆင္ျခင္ေတာ့ တပတ္ကိုေပါင္(၁)ေပါင္ (၂)ေပါင္ကေန စက်လာတယ္။
Fitbit က ကြ်န္မစက္ဘီးစီးတဲ့အခါ ကယ္လိုရီဘယ္ေလာက္
ေလာင္ကြ်မ္းသြားတယ္ဆိုတာ ျပတယ္ေလ။ ေန႔တိုင္း ကိုယ့္ကယ္လိုရီ
ဘယ္ေလာက္ေလာင္ကြ်မ္းသြားတယ္ဆိုတာသိရေတာ့ အားတက္လာ
တာပဲ။”
(၂၀၁၅)ခုႏွစ္ ခရစ္စမတ္မွာေတာ့ Kate ရဲ႕အမ်ိဳးသားက သူမကို
Fitbit အသစ္ကေလးတစ္လံုး လက္ေဆာင္ထပ္ေပး ခဲ့ျပန္ပါတယ္။
အခုဆိုရင္ အားကစားလုပ္ရတာ မပ်င္းေတာ့တဲ့အျပင္ အာဟာရမွ်တစြာ
စားသံုးတတ္ေနၿပီျဖစ္တဲ့ Kate ဟာ က်န္းမာလွပတဲ့ဘ၀ကို ပိုင္ဆိုင္လ်က္
ရွိေနၿပီျဖစ္ပါတယ္။
source:wikilikes
Credit;the sun
https://www.thesun.co.uk/fabulous/5461331/mum-loses-12-stone-with-fitbit/
အဂၤလန္ႏုိင္ငံ Abingdon ၿမဳိ႕က သတင္းတစ္ပုဒ္ပါ။
=============================
ခင်ပွန်းသည်ပေးတဲ့ လက်ဆောင်ကြောင့်
အားကျမခံ ဝိတ်ချပြနိုင်ခဲ့တဲ့အမျိုးသမီး
----------------------------------------------
❒ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းသည်ထံက ခရစ်စမတ်
လက်ဆောင်အနေနဲ့ ကယ်လိုရီလောင်ကျွမ်းနှုန်းပြ လက်ပတ်နာရီ
တစ်လုံးကို လက်ဆောင်ရခဲ့ပါတယ်။ ရိုမန်းတစ်ဆန်တဲ့လက်ဆောင်
မဟုတ်ပေမယ့် ထိုလက်ဆောင်လေးကြောင့် အဝလွန်နေတဲ့သူမရဲ့
ဘဝဟာ တစ်ဆစ်ချိုး ပြောင်းလဲခဲ့ရပါတယ်။
အမျိုးသမီးနာမည်ကတော့ Kate Wood ဖြစ်ပြီး အသက်(၃၃)နှစ်
ရှိပါပြီ။ နဂိုကပေါင်(၃၀၀)ကျော် ဝိတ်အလေးချိန်ရှိရာကနေ အခုဆို
သူမက ပေါင်(၁၄၀)ပဲ ရှိတော့တာဖြစ်ပါတယ်။ သူမဝိတ်ချနိုင်ခဲ့တဲ့
အကြောင်းရင်းက သူမယောကျ်ားဝယ်ပေးတဲ့ ချစ်သက်လက်ဆောင်
လက်ပတ်လေးကို ကောင်းကောင်း အသုံးချခဲ့တာကြောင့်ပါ။
လက်ပတ်လေးကြောင့် အားကစားပုံမှန်လုပ်ဖြစ်ခဲ့တဲ့အပြင်
အသင့်စား အစားအသောက်တွေကိုပါ ဖြတ်နိုင်ခဲ့ပါတယ်။
လေ့ကျင့်ခန်းပုံမှန်လုပ်၊ အစားအသောက် ဂရုစိုက်စားတဲ့သူမက
(၃)နှစ်အတွင်းမှာ ပေါင်(၁၆၀) ကျော်လောက်ဝိတ်ချနိုင်ခဲ့ပါတယ်။
Kate က သူမရဲ့အကြောင်းကို အခုလိုပဲပြောပြပါတယ်။
“တက္ကသိုလ်မှာတုန်းက ကျွန်မ အမြန်စာတွေသိပ်စားတာ။
ကျွန်မယောက်ျားနဲ့ အိမ်စပြောင်းတုန်းကလည်း ညတိုင်းလိုလို
ရယ်ဒီမိတ် အစားအသောက်တွေပဲ စားဖြစ်ပြန်ရော။ ကြက်ကြော်တို့၊
အာလူးကြော်တို့ပေါ့လေ။ ကျွန်မတို့က ဟင်းမှမချက်နိုင်ပဲကိုး။
ကျွန်မက တစ်နေ့ကို စီးကရက်လဲအလိပ်(၂၀)လောက်
သောက်နိုင်တယ်။ ဝိုင်တစ်ပုလင်းလောက်ကတော့ တစ်ညထဲနဲ့
အသာလေးပဲ။”
၂၀၁၁ ခုနှစ် ဇန်နဝါရီလမှာတော့ Kate ဟာ သားလေး George ကို
ကိုယ်ဝန်အဖြစ် လွယ်ခဲ့ရပါပြီ။ အဲဒီတုန်းကလည်း ကလေးရှိတော့
ဆေးလိပ်နဲ့အရက်ကို ဖြတ်ခဲ့ပေမယ့် စားတာကတော့ ပိုစားလာပါတယ်။
ချောကလက်၊ အာလူးကြွပ်ကြွပ်ကြော်လေးတွေ၊ မုန့်အချိုတွေကိုလည်း
မရှောင်ဘဲစားခဲ့တဲ့ သူမက အလွန်အမင်းကို ဝလာခဲ့တာပါ။
ဒါပေမယ့် (၂၀၁၄) ခုနှစ် ဒီဇင်ဘာလမှာတော့ ယောကျာ်းဖြစ်သူ
Lee ကနေ ကယ်လိုရီလောင်ကျွမ်းနှုန်းပြတဲ့ Fitbit လက်ပတ်ကလေးကို
သူမကို ဝယ်ပေးခဲ့ပါတယ်။ သူမ စစချင်းအသုံးပြုတော့ Fitbit ကသူမကို
ခြေလှမ်း(၁၀၀၀၀) ပြည့်အောင် လမ်းလျှောက်ခိုင်းပါတယ်။
ဒါပေမယ့် Kate က ခြေလှမ်း(၄,၀၀၀)ကနေ စတင်နိုင်ခဲ့ပြီး
အစားအသောက်ကို မျှတစွာပြန်လည်စားသုံးခဲ့ပါတယ်။ အမြန်စာတွေကို
စွန့်လွှတ်ခဲ့တဲ့အပြင် ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်ဝအောင်
ချက်ပြုတ်နည်းတွေကိုလည်း ဟင်းချက်စာအုပ်ဝယ်ကာ လေ့လာခဲ့ပါတယ်။
ဝိုင်သောက်တာကိုလည်း Kate က စွန့်လွှတ်ခဲ့ပြီး (၁)မိုင်ခွဲဝေးတဲ့
အလုပ်ကို လမ်းလျှောက်ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ လအနည်းငယ်ကြာတဲ့
အခါမှာတော့ သူမက မနက်(၅)နာရီမှာ ထပြီး စက်ဘီးစီးလေ့ကျင့်ခန်း
ပြန်လုပ်ခဲ့ပါတယ်။ Kate က “အနေအထိုင်အစားအသောက်
ဆင်ခြင်တော့ တပတ်ကိုပေါင်(၁)ပေါင် (၂)ပေါင်ကနေ စကျလာတယ်။
Fitbit က ကျွန်မစက်ဘီးစီးတဲ့အခါ ကယ်လိုရီဘယ်လောက်
လောင်ကျွမ်းသွားတယ်ဆိုတာ ပြတယ်လေ။ နေ့တိုင်း ကိုယ့်ကယ်လိုရီ
ဘယ်လောက်လောင်ကျွမ်းသွားတယ်ဆိုတာသိရတော့ အားတက်လာ
တာပဲ။”
(၂၀၁၅)ခုနှစ် ခရစ်စမတ်မှာတော့ Kate ရဲ့အမျိုးသားက သူမကို
Fitbit အသစ်ကလေးတစ်လုံး လက်ဆောင်ထပ်ပေး ခဲ့ပြန်ပါတယ်။
အခုဆိုရင် အားကစားလုပ်ရတာ မပျင်းတော့တဲ့အပြင် အာဟာရမျှတစွာ
စားသုံးတတ်နေပြီဖြစ်တဲ့ Kate ဟာ ကျန်းမာလှပတဲ့ဘဝကို ပိုင်ဆိုင်လျက်
ရှိနေပြီဖြစ်ပါတယ်။
source:wikilikes
Credit;the sun
https://www.thesun.co.uk/fabulous/5461331/mum-loses-12-stone-with-fitbit/
အင်္ဂလန်နိုင်ငံ Abingdon မြို့က သတင်းတစ်ပုဒ်ပါ။
No comments:
Post a Comment