မႀကံဳစဖူး တ႐ုတ္ႏုိင္ငံမွာ ေတြ႕ရတဲ့
ငါးတစ္ပုိင္းငွက္တစ္ပုိင္း သတၱဝါ ...
----------------------------------------
ဖားတစ္ပုိင္း ငါးတစ္ပုိင္းေလာက္သာ သိဖူးျမင္ဖူးထားသူေတြ
အတြက္ေတာ့ ငါးတစ္ပုိင္း ငွက္တစ္ပုိင္းသတၱဝါဆုိတာ
မရွိႏုိင္ေလာက္ဘူးလုိ႔ ထင္ေကာင္းထင္ၾကပါလိမ့္မယ္။ အခုေတာ့
တ႐ုတ္နုိင္ငံက တံငါသည္တစ္ဦးဟာ ငါးတစ္ပုိင္းငွက္တစ္ပုိင္း
သတၱဝါတစ္ေကာင္ကုိ ဖမ္းမိခဲ့ပါတယ္။ ဒါေပမယ့္ ႐ုပ္အျမင္အရ
ဆုိရင္သာ ငါးတစ္ပုိင္းငွက္တစ္ပုိင္းပုံစံ ျဖစ္ေနတာပါ။ တကယ္ေတာ့
ငါးတစ္ေကာင္ ျဖစ္ပါတယ္။
တစ္ခ်ိဳ႕ကေတာ့ ဒီပုံေလးကို ၾကည့္ၿပီး ငါးတစ္ပုိင္းငွက္တစ္ပုိင္း
သတၱဝါမဟုတ္ဘဲ ငါးတစ္ေကာင္သာျဖစ္ေၾကာင္း၊ ဒါေပမယ့္
ငါးၾကင္းနဲ႔ လင္းပုိင္မ်ိဳးစပ္ထားတဲ့ ငါးမ်ိဳးျဖစ္ႏုိင္ေၾကာင္း၊
ေဝဖန္ခဲ့ၾကၿပီး တစ္ခ်ိဳ႕ေတာ့ ဒီငါးရဲ႕ဦးေခါင္းပုိင္းဟာ ခုိ၊
ၾကက္တူေရြး အစရွိတဲ့ငွက္ေတြနဲ႔ တူေနတယ္လုိ႔ ဆုိၾကပါတယ္။
ဒီငါးေလးကို တ႐ုတ္ႏုိင္ငံ၊ အေနာက္ေတာင္ပုိင္း Guizhou ရွိ
ျမစ္တစ္ခုထဲကေန ဖမ္းႏုိင္ခဲ့တာပါ။ Guizhou Urban Newspaper က
ေျပာပါတယ္။ တစ္ခ်ိဳ႕ကၽြမ္းက်င္သူေတြကေတာ့ ဒါဟာ မ်ိဳးဗီဇေျပာင္း
ငါးတစ္မ်ိဳးျဖစ္ၿပီး Guizhou အနီးတစ္ဝုိက္က ျမစ္ေတြထဲမွာ မ်ားစြာရွိ
တယ္လုိ႔ ဆုိပါတယ္။ အခုတစ္ေကာင္က အဲဒီဗီဇေျပာင္း ငါးေတြထဲက
တစ္ေကာင္လုိ႔ ေျပာပါတယ္။
Guizhou ငါးဖမ္းလုပ္ငန္းသုေတသနတကၠသိုလ္မွ ကၽြမ္းက်င္ပညာရွင္
Yang Xing က Guizhou Urban Daily သတင္းစာနဲ႔ေတြ႕ဆုံစဥ္မွာ
သူမရဲ႕ ယူဆခ်က္ကုိ ေျပာျပခဲ့ပါတယ္။ အခုလုိျဖစ္စဥ္ဟာ ပုံမွန္မဟုတ္
ေၾကာင္း၊ သားေလာင္းဘဝမွာ တျဖည္းျဖည္းႀကီးလာစဥ္ တစ္ခုခုနဲ႔
ထိခုိက္မိလုိ႔ ဦးေခါင္းပုိင္း ပုံပ်က္သြားတာ ျဖစ္ႏုိင္ေၾကာင္း ဆုိပါတယ္။
ဒီလုိမွမဟုတ္ဘူးဆုိရင္ ေရထဲမွာ ေအာက္ဆီဂ်င္ဓာတ္
နည္းပါးျခင္းေၾကာင့္ ျဖစ္ႏုိင္တယ္လုိ႔ ဆုိပါတယ္။ ေရထဲမွာ
လုံေလာက္တဲ့ေအာက္ဆီဂ်င္ နည္းပါးမႈကလည္း လူအမ်ား
အလြန္အကၽြံငါးဖမ္းျခင္းေၾကာင့္ ျဖစ္လာတဲ့ရလဒ္ျဖစ္ၿပီး၊
ဒီလုိအေျခအေနကလည္း ငါးေတြရဲ႕ ပုံပန္းသ႑ာန္ကို
ပုံပ်က္ပန္းပ်က္ ျဖစ္ေစႏုိင္တယ္လုိ႔ Xing က ဆုိပါတယ္။
နတ္စည္ေတာ္ (Shwemon)
source : metro.co.uk
https://metro.co.uk/2018/06/12/fish-birds-head-bird-fishs-body-7625204/
(လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္က ပုိ႔စ္ေဟာင္းေလးတစ္ပုဒ္ပါ)
fb link -
https://www.facebook.com/moe.natthar.792/posts/2502149960115004
===============================
မကြုံစဖူး တရုတ်နိုင်ငံမှာ တွေ့ရတဲ့
ငါးတစ်ပိုင်းငှက်တစ်ပိုင်း သတ္တဝါ ...
----------------------------------------
ဖားတစ်ပိုင်း ငါးတစ်ပိုင်းလောက်သာ သိဖူးမြင်ဖူးထားသူတွေ
အတွက်တော့ ငါးတစ်ပိုင်း ငှက်တစ်ပိုင်းသတ္တဝါဆိုတာ
မရှိနိုင်လောက်ဘူးလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ အခုတော့
တရုတ်နိုင်ငံက တံငါသည်တစ်ဦးဟာ ငါးတစ်ပိုင်းငှက်တစ်ပိုင်း
သတ္တဝါတစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။ ဒါပေမယ့် ရုပ်အမြင်အရ
ဆိုရင်သာ ငါးတစ်ပိုင်းငှက်တစ်ပိုင်းပုံစံ ဖြစ်နေတာပါ။ တကယ်တော့
ငါးတစ်ကောင် ဖြစ်ပါတယ်။
တစ်ချို့ကတော့ ဒီပုံလေးကို ကြည့်ပြီး ငါးတစ်ပိုင်းငှက်တစ်ပိုင်း
သတ္တဝါမဟုတ်ဘဲ ငါးတစ်ကောင်သာဖြစ်ကြောင်း၊ ဒါပေမယ့်
ငါးကြင်းနဲ့ လင်းပိုင်မျိုးစပ်ထားတဲ့ ငါးမျိုးဖြစ်နိုင်ကြောင်း၊
ဝေဖန်ခဲ့ကြပြီး တစ်ချို့တော့ ဒီငါးရဲ့ဦးခေါင်းပိုင်းဟာ ခို၊
ကြက်တူရွေး အစရှိတဲ့ငှက်တွေနဲ့ တူနေတယ်လို့ ဆိုကြပါတယ်။
ဒီငါးလေးကို တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း Guizhou ရှိ
မြစ်တစ်ခုထဲကနေ ဖမ်းနိုင်ခဲ့တာပါ။ Guizhou Urban Newspaper က
ပြောပါတယ်။ တစ်ချို့ကျွမ်းကျင်သူတွေကတော့ ဒါဟာ မျိုးဗီဇပြောင်း
ငါးတစ်မျိုးဖြစ်ပြီး Guizhou အနီးတစ်ဝိုက်က မြစ်တွေထဲမှာ များစွာရှိ
တယ်လို့ ဆိုပါတယ်။ အခုတစ်ကောင်က အဲဒီဗီဇပြောင်း ငါးတွေထဲက
တစ်ကောင်လို့ ပြောပါတယ်။
Guizhou ငါးဖမ်းလုပ်ငန်းသုတေသနတက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင်
Yang Xing က Guizhou Urban Daily သတင်းစာနဲ့တွေ့ဆုံစဉ်မှာ
သူမရဲ့ ယူဆချက်ကို ပြောပြခဲ့ပါတယ်။ အခုလိုဖြစ်စဉ်ဟာ ပုံမှန်မဟုတ်
ကြောင်း၊ သားလောင်းဘဝမှာ တဖြည်းဖြည်းကြီးလာစဉ် တစ်ခုခုနဲ့
ထိခိုက်မိလို့ ဦးခေါင်းပိုင်း ပုံပျက်သွားတာ ဖြစ်နိုင်ကြောင်း ဆိုပါတယ်။
ဒီလိုမှမဟုတ်ဘူးဆိုရင် ရေထဲမှာ အောက်ဆီဂျင်ဓာတ်
နည်းပါးခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ရေထဲမှာ
လုံလောက်တဲ့အောက်ဆီဂျင် နည်းပါးမှုကလည်း လူအများ
အလွန်အကျွံငါးဖမ်းခြင်းကြောင့် ဖြစ်လာတဲ့ရလဒ်ဖြစ်ပြီး၊
ဒီလိုအခြေအနေကလည်း ငါးတွေရဲ့ ပုံပန်းသဏ္ဍာန်ကို
ပုံပျက်ပန်းပျက် ဖြစ်စေနိုင်တယ်လို့ Xing က ဆိုပါတယ်။
နတ်စည်တော် (Shwemon)
source : metro.co.uk
https://metro.co.uk/2018/06/12/fish-birds-head-bird-fishs-body-7625204/
No comments:
Post a Comment