ေက်ာက္ကပ္ေဝဒနာေၾကာင့္ ဆီးမသြားႏိုင္သူမ်ားအတြက္
--------------------------------------------------------------
ေဆးပင္ကမခက္ပါဘူး။ အနီးနားမွာအလြယ္တကူရွာလို႔ရႏိုင္တဲ့
ပိန္းရိုင္းပင္ပါပဲ။ ပိန္းရိုင္းပင္မွာ ရိုးတံအစိမ္းနဲ႔ ရိုးတံအနက္ဆိုၿပီး
ႏွစ္မ်ိဳးရွိပါတယ္။ ေဆးအတြက္ရိုးတံအနက္ကိုပဲ ယူရမွာပါ။
– အဲဒီပိန္းရိုင္းပင္ကိုသံုးပင္ ႏႈတ္ရပါမယ္။ အျမစ္ပါ ပါရပါမယ္။
ပဥၥငါးပါးလံုးကို သံုးခြက္တစ္ခြက္တင္ႀကိဳၿပီး ေဝဒနာရွင္ကို
ေရဆာတိုင္း တိုက္ရပါမယ္။ အဲဒီလိုတိုက္တာနဲ႔ ညဖက္မွာ
ဆီးစသြားပါလိမ့္မယ္။ တစ္ပါတ္အတြင္းမွာအေဖါက်လာပါလိမ့္မယ္။
ေရာဂါအျမစ္ျပတ္သည္အထိ တစ္လခန္႔ေန႔စဥ္တိုက္ေပးရပါမယ္။
လူေကာင္းပကတိျဖစ္သြားရင္ ဆက္တိုက္စရာမလိုေတာ့ပါဘူး။
ပိန္းရိုင္းကိုျပဳတ္ထားတဲ့အရည္ဟာ လံုးဝမယားပါဘူး။
တစ္ခ်ိဳ႕ေဒသေတြမွာ ဟင္းခ်က္စားေလ့ရွိၾကပါတယ္။
ဒီေဆးနည္းကုိ ၂၀၁၂ ခုႏွစ္က ေကာ့ကရိတ္ အမွတ္၃ရပ္ကြက္
အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္မင္းေငြ ေျပာျပခဲ့တဲ့နည္းပါ။
သူ႔ဖခင္ေက်ာက္ကပ္မေကာင္းလို႔ ေဖါေယာင္ၿပီး ေသလူသတ္မွတ္
ထားတဲ့အေျခအေနမွာ လူနာသတင္းလာေမးတဲ့ အသိမိတ္ေဆြ
ကရင္မႀကီးက “ ငါတို႔ရြာမွာ ဒီေရာဂါျဖစ္ရင္ ႐ုိးတံအနက္နဲ႔
ပိန္းရိုင္းပင္ကို ျပဳတ္တိုက္တာပဲ နင့္အေဖမေသေစရဘူး
အာမခံတယ္”လို႔ ေျပာတာနဲ႔ ေငြလည္းမကုန္တဲ့ဒီေဆးပင္ကို
ေနရာအႏွံ႕မွာ အလြယ္တကူေတြ႕ႏိုင္လို႔ တစ္ေန႔ကိုသံုးပင္ႏႈန္းနဲ႕
ျပဳတ္တိုက္ခဲ့တာပါ။
အခုေတာ့ အသက္ရွစ္ဆယ္ေက်ာ္သူ႔ဖခင္ဟာ ျမဝတီမွာ
သားတစ္ေယာက္နဲ႔ က်န္းမာေပ်ာ္ရႊင္စြာ ေနထိုင္လ်က္ရွိပါတယ္။
ေဆးနည္းတိုေတြမ်ားစြာရွိပါတယ္။
ေဝဒနာရွင္မ်ား မိမိအဆင္ေျပရာနည္းနဲ႔
ေရာဂါေပ်ာက္ကင္း က်န္းမာၾကပါေစ။ ။
(Shwe La Thar Win)
source:myanmarnews
fb link -
https://www.facebook.com/moe.natthar.792/posts/2500427626953904
============================
ကျောက်ကပ်ဝေဒနာကြောင့် ဆီးမသွားနိုင်သူများအတွက်
--------------------------------------------------------------
ဆေးပင်ကမခက်ပါဘူး။ အနီးနားမှာအလွယ်တကူရှာလို့ရနိုင်တဲ့
ပိန်းရိုင်းပင်ပါပဲ။ ပိန်းရိုင်းပင်မှာ ရိုးတံအစိမ်းနဲ့ ရိုးတံအနက်ဆိုပြီး
နှစ်မျိုးရှိပါတယ်။ ဆေးအတွက်ရိုးတံအနက်ကိုပဲ ယူရမှာပါ။
– အဲဒီပိန်းရိုင်းပင်ကိုသုံးပင် နှုတ်ရပါမယ်။ အမြစ်ပါ ပါရပါမယ်။
ပဉ္စငါးပါးလုံးကို သုံးခွက်တစ်ခွက်တင်ကြိုပြီး ဝေဒနာရှင်ကို
ရေဆာတိုင်း တိုက်ရပါမယ်။ အဲဒီလိုတိုက်တာနဲ့ ညဖက်မှာ
ဆီးစသွားပါလိမ့်မယ်။ တစ်ပါတ်အတွင်းမှာအဖေါကျလာပါလိမ့်မယ်။
ရောဂါအမြစ်ပြတ်သည်အထိ တစ်လခန့်နေ့စဉ်တိုက်ပေးရပါမယ်။
လူကောင်းပကတိဖြစ်သွားရင် ဆက်တိုက်စရာမလိုတော့ပါဘူး။
ပိန်းရိုင်းကိုပြုတ်ထားတဲ့အရည်ဟာ လုံးဝမယားပါဘူး။
တစ်ချို့ဒေသတွေမှာ ဟင်းချက်စားလေ့ရှိကြပါတယ်။
ဒီဆေးနည်းကို ၂၀၁၂ ခုနှစ်က ကော့ကရိတ် အမှတ်၃ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးအောင်မင်းငွေ ပြောပြခဲ့တဲ့နည်းပါ။
သူ့ဖခင်ကျောက်ကပ်မကောင်းလို့ ဖေါယောင်ပြီး သေလူသတ်မှတ်
ထားတဲ့အခြေအနေမှာ လူနာသတင်းလာမေးတဲ့ အသိမိတ်ဆွေ
ကရင်မကြီးက “ ငါတို့ရွာမှာ ဒီရောဂါဖြစ်ရင် ရိုးတံအနက်နဲ့
ပိန်းရိုင်းပင်ကို ပြုတ်တိုက်တာပဲ နင့်အဖေမသေစေရဘူး
အာမခံတယ်”လို့ ပြောတာနဲ့ ငွေလည်းမကုန်တဲ့ဒီဆေးပင်ကို
နေရာအနှံ့မှာ အလွယ်တကူတွေ့နိုင်လို့ တစ်နေ့ကိုသုံးပင်နှုန်းနဲ့
ပြုတ်တိုက်ခဲ့တာပါ။
အခုတော့ အသက်ရှစ်ဆယ်ကျော်သူ့ဖခင်ဟာ မြဝတီမှာ
သားတစ်ယောက်နဲ့ ကျန်းမာပျော်ရွှင်စွာ နေထိုင်လျက်ရှိပါတယ်။
ဆေးနည်းတိုတွေများစွာရှိပါတယ်။
ဝေဒနာရှင်များ မိမိအဆင်ပြေရာနည်းနဲ့
ရောဂါပျောက်ကင်း ကျန်းမာကြပါစေ။ ။
(Shwe La Thar Win)
source:myanmarnews
No comments:
Post a Comment