-----------------------------------------------------------------------
ဈေး ၁၀ ဆ တက်သွားရပါတယ်။
Credit Ezu Ezi
source:Myanmar Live
=============================
ထိုင်းနိုင်ငံမှာ မိုင်းဖုန်းဆရာတော် ပိုပြီး နာမည်ကြီးသွားကာ
ဆရာတော်ပုံပါတဲ့လည်ဆွဲသီးတွေတောင် ဈေး ၁၀ ဆ တက်သွား
-----------------------------------------------------------------------
ကလေးတွေကို ဂူထဲမှာ တွေ့ပြီးနောက် ထိုင်းနိုင်ငံမှာ မိုင်းဖုန်းဆရာတော်
ပိုပြီး နာမည်ကြီးသွားကာ ဆရာတော်ပုံပါတဲ့လည်ဆွဲသီးတွေတောင်
ဈေး ၁၀ ဆ တက်သွားရပါတယ်။
မိုးဖုန်းဆရာတော် ခူးဝါးဝန်းစုမ့် ချိန်းဆဲန်ကျောင်းက ရေကန်ထဲမှာရှိတဲ့
ကုဋီမှာ ၃ ရက်တာ တရားထိုင်ဘာဝနာပွားမေတ္တာပွားနေပါတယ်တဲ့….
ကလေးတွေဂူထဲကမထွက်လာမချင်း တရားထိုင်မယ်လို့မိန့်ပါတယ်
ဆရာတော်မိန့်တဲ့အတိုင်း မှန်ကန်စွာဖြစ်တဲ့အပေါ် ထိုင်းလူထုက
ဆရာတော်ကို အထူးယုံကြည်လာတယ် နိုင်ငံနဲ့အဝှမ်းသိလာတယ်….
ဆရာတော်ကိုဖူးချင်ကြတယ် သတင်းထောက်တွေလည်းဆရာတော်ကို
သွားရှာတယ်… မဖူးတွေ့ရပါဘူး။ ကျောင်းဝင်းတံခါး ပိတ်ထားပါတယ်…
ဒီနေ့မိုးမရွာရင်တော့ ကလေးတွေကို ဂူပြင်ထုတ်မယ်လို့
ထိုင်းအာဏာပိုင်တွေက ပြောပါတယ်…ကလေးတွေက
အရမ်းပိန်နေကြပြီကိုး..အကြာကြီး.ရေငုပ် ရေကူးရရင်
မခံနိုင်မှာစိုးလို့ထင်ပါတယ်…
အခု ထိုင်းနိုင်ငံမှာ…ဆရာတော်ဘယ်လောက်နာမည်ကြီး
သွားလဲဆိုရင်… ဆရာတော်ပုံပါတဲ့ လည်ဆွဲသီးလေး အရင်က
တခုဘတ် ၃၀၀ ရောင်းတယ်… အခုအလုအယက်ဝယ်ကြတော့
တခု ဘတ် ၃၀၀၀ အထိဈေးတက်သွားတယ်…ဆရာတော်ကို
ထိုင်းလူထုက မှည့်ခေါ်တဲ့အမည်အသစ်ကတော့ …
လန့်နားက နာမည်ကြီးသူတော်စင်…ရှမ်းပြည်က ခူးဝါးဝန်းစုမ့် တဲ့
ဆရာတော် အားဖူးမျှော်မာန်လျှော့ကန်တော့ပါ၏…
Credit Ezu Ezi
source:Myanmar Live
No comments:
Post a Comment