ဂမ႓ီရဆန္ေသာ ဒြိဳင္းနန္းႏြန္း...
မိန္းမအိပ္ေတာင္..၏ ပါးစပ္ရာဇဝင္
-----------------------------------------
ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးတစ္ေယာက္ ပက္လက္လန္၍
အိပ္ေနေသာေတာင္ႀကီးကို လြမ္းစရာ့သဖြယ္ ျမင္ရပါလိမ့္မည္..
ေသခ်ာၾကည့္ပါ..
ကၽြန္ေတာ္တို႕ တာခ်ီလိတ္ကၾကည့္ရင္ ပံုစံတစ္မ်ိဳးျမင္ရပါသည္ ၊
ခ်င္း႐ိုင္းမွအျပန္ မယ္က်န္းၿမိဳ႕ကိုေက်ာ္လြန္ၿပီး ေဟြ႕ခိုက္ရြာမေရာက္ခင္
အျမန္လမ္းမႀကီးမွေန၍ မယ္ဆိုင္ၿမိဳ႕ဘက္လွမ္းၾကည့္မည္ဆိုပါက
ဘယ္ဘက္တြင္ ေတာင္တန္းႀကီးမ်ားကို ပံုပါအတိုင္းျမင္ရပါသည္..
ထိုေတာင္တန္းႀကီးသည္ ဒြိဳင္နန္းႏြန္း ( မိန္းမအိပ္ေတာင္) ဟု
ေခၚေဝၚသမုတ္ၾကပါသည္ ။
မွန္ပါသည္ ဂမ႓ီရဆန္ဆန္ ဗိုက္ႀကီးသည္အမ်ိဳးသမီး
ပက္လက္လွန္ကာ ဆံဖင္ဖားလ်ားခ်ထားေသာ ပံုသ႑န္ကို
ထင္ရွားစြာ ျမင္ေတြ႕ရပါသည္ ၊ ဦးေခါင္း ၊ နဖူး ၊ ႏွာေခါင္း
ပါးစပ္ ၊ ေမးေစ့ ၊ လည္ပင္း ၊ ရင္သား ၊ သားျမတ္ေခါင္း ၊
ဗိုက္ပူ ( ကိုယ္ဝန္) ေနသည့္ပံုစံကို အံ့ၾသလြမ္းေမာဖြယ္
ျမင္ေတြ႕ရပါသည္ ။
ပို၍ထူးျခားသည္မွာ ဆံဖင္ဖားလ်ားခ်ထားေသာေနရာသည္
ယခု ထမ့္လြမ္ဂူႏွင့္ မလွမ္းမကမ္းမွာ ရွိသည္ သဘာဝ
ေရထြက္ေပါက္ရွိပါသည္ ။ ေက်ာက္လွိဳင္ဂူထဲမွ
သိမ့္ထြက္လာသည့္ေရအိုင္ကို လူအမ်ားလာေရာက္၍
လည္ပတ္ေရကူးၾကပါသည္ ။
ဒ႑ာရီဆန္ဆန္ မိန္းမအိပ္ေတာင္သည္ ေရွးယခင္က
ဘီလူးမႀကီးျဖစ္ၿပီး ကိုယ္ဝန္အရင့္အမာႀကီးႏွင့္ သားေပ်ာက္
ရွာပံုေတာ္ဖြင့္ရာမွ ဤအရပ္ ဤေဒသတြင္ ရင္ကြဲနာက်၍
ေသဆံုးသြားခဲ့တယ္ဟု ထိုင္းလူမ်ိဳးမ်ား ေျပာျပခဲ့ေသာ
ပါးစပ္ရာဇဝင္ ၾကားသိခဲ့ရပါသည္ ။
ထိုေတာင္၏ ရွဴ႕ခင္းအလွအပမ်ားကို တာခ်ီလိတ္သို႕
လာေရာက္လည္ပတ္ဖူးသူတိုင္း ျမင္ဖူးၾကမည္ ျဖစ္ပါသည္ ၊
ႏွာဖ်ားရွိေသာေနရာသည္ မဲ့ဖါလြမ္မယ္ေတာ္ႀကီးပန္းျခံ
ရွိပါသည္ ၊ နဖူးတည့္တည့္တြင္ ႏွစ္ ၇၀၀ ေရွးေဟာင္း
ဓါတ္ေတာ္ညီေနာင္ ဘုရားႏွစ္ဆူ ရွိပါသည္ ။
ယခုဂူရွိရာေနရာကို လွမ္းၾကည့္မည္ဆိုပါက
ဆံဖ်ားေနရာမွာရွိသည္ဟု သံုးသပ္ထင္ျမင္မိပါသည္ ။
ေနာက္ထပ္ဘာေတြမ်ား ဘယ္လွိ်ဳ႕ဝွက္ဆန္ေနအံုးမလဲ
ဆိုတာေတာ့ ထပ္မံေလ့လာ ၾကည့္ပါအံုးမည္ျဖစ္ေၾကာင္း
ဗဟုသုတအျဖစ္ ေရးသားလိုက္ရပါသည္ ...
စည္သူေမာင္
source:sitkoamonesonethu
==============================
ဂမ္ဘီရဆန်သော ဒွိုင်းနန်းနွန်း...
မိန်းမအိပ်တောင်..၏ ပါးစပ်ရာဇဝင်
-----------------------------------------
ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက် ပက်လက်လန်၍
အိပ်နေသောတောင်ကြီးကို လွမ်းစရာ့သဖွယ် မြင်ရပါလိမ့်မည်..
သေချာကြည့်ပါ..
ကျွန်တော်တို့ တာချီလိတ်ကကြည့်ရင် ပုံစံတစ်မျိုးမြင်ရပါသည် ၊
ချင်းရိုင်းမှအပြန် မယ်ကျန်းမြို့ကိုကျော်လွန်ပြီး ဟွေ့ခိုက်ရွာမရောက်ခင်
အမြန်လမ်းမကြီးမှနေ၍ မယ်ဆိုင်မြို့ဘက်လှမ်းကြည့်မည်ဆိုပါက
ဘယ်ဘက်တွင် တောင်တန်းကြီးများကို ပုံပါအတိုင်းမြင်ရပါသည်..
ထိုတောင်တန်းကြီးသည် ဒွိုင်နန်းနွန်း ( မိန်းမအိပ်တောင်) ဟု
ခေါ်ဝေါ်သမုတ်ကြပါသည် ။
မှန်ပါသည် ဂမ္ဘီရဆန်ဆန် ဗိုက်ကြီးသည်အမျိုးသမီး
ပက်လက်လှန်ကာ ဆံဖင်ဖားလျားချထားသော ပုံသဏ္ဍန်ကို
ထင်ရှားစွာ မြင်တွေ့ရပါသည် ၊ ဦးခေါင်း ၊ နဖူး ၊ နှာခေါင်း
ပါးစပ် ၊ မေးစေ့ ၊ လည်ပင်း ၊ ရင်သား ၊ သားမြတ်ခေါင်း ၊
ဗိုက်ပူ ( ကိုယ်ဝန်) နေသည့်ပုံစံကို အံ့သြလွမ်းမောဖွယ်
မြင်တွေ့ရပါသည် ။
ပို၍ထူးခြားသည်မှာ ဆံဖင်ဖားလျားချထားသောနေရာသည်
ယခု ထမ့်လွမ်ဂူနှင့် မလှမ်းမကမ်းမှာ ရှိသည် သဘာဝ
ရေထွက်ပေါက်ရှိပါသည် ။ ကျောက်လှိုင်ဂူထဲမှ
သိမ့်ထွက်လာသည့်ရေအိုင်ကို လူအများလာရောက်၍
လည်ပတ်ရေကူးကြပါသည် ။
ဒဏ္ဍာရီဆန်ဆန် မိန်းမအိပ်တောင်သည် ရှေးယခင်က
ဘီလူးမကြီးဖြစ်ပြီး ကိုယ်ဝန်အရင့်အမာကြီးနှင့် သားပျောက်
ရှာပုံတော်ဖွင့်ရာမှ ဤအရပ် ဤဒေသတွင် ရင်ကွဲနာကျ၍
သေဆုံးသွားခဲ့တယ်ဟု ထိုင်းလူမျိုးများ ပြောပြခဲ့သော
ပါးစပ်ရာဇဝင် ကြားသိခဲ့ရပါသည် ။
ထိုတောင်၏ ရှူ့ခင်းအလှအပများကို တာချီလိတ်သို့
လာရောက်လည်ပတ်ဖူးသူတိုင်း မြင်ဖူးကြမည် ဖြစ်ပါသည် ၊
နှာဖျားရှိသောနေရာသည် မဲ့ဖါလွမ်မယ်တော်ကြီးပန်းခြံ
ရှိပါသည် ၊ နဖူးတည့်တည့်တွင် နှစ် ၇၀၀ ရှေးဟောင်း
ဓါတ်တော်ညီနောင် ဘုရားနှစ်ဆူ ရှိပါသည် ။
ယခုဂူရှိရာနေရာကို လှမ်းကြည့်မည်ဆိုပါက
ဆံဖျားနေရာမှာရှိသည်ဟု သုံးသပ်ထင်မြင်မိပါသည် ။
နောက်ထပ်ဘာတွေများ ဘယ်လျှို့ဝှက်ဆန်နေအုံးမလဲ
ဆိုတာတော့ ထပ်မံလေ့လာ ကြည့်ပါအုံးမည်ဖြစ်ကြောင်း
ဗဟုသုတအဖြစ် ရေးသားလိုက်ရပါသည် ...
စည်သူမောင်
source:sitkoamonesonethu
No comments:
Post a Comment