မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Wednesday, September 16, 2020

ကမာၻေပၚကတစ္ဦးတည္းေသာ အပ္ခ်ဳပ္စက္ပန္းခ်ီဆရာ

 ကမာၻေပၚကတစ္ဦးတည္းေသာ 

အပ္ခ်ဳပ္စက္ပန္းခ်ီဆရာ ...

-------------------------------------------

အႏုပညာရွင္မ်ားရွင္မ်ားသည္ ပန္းခ်ီကို နည္းလမ္းေပါင္းစုံျဖင့္

ဆြဲၾကသည္။ အရာ၀ထၳဳမ်ားစြာျဖင့္ပုံေဖာ္ၾကသည္။ သုိ႔ေသာ္ 

Arun Kumar Bajaj လုိေသာပန္းခ်ီဆရာကေတာ့ ကမာၻမွာ

တစ္ေယာက္ပဲ ရွိမည္ထင္သည္။ သူသည္အမ်ားတကာထက္ 

ပို၍ဆန္းျပားေသာနည္းျဖင့္ ပန္းခ်ီဆြဲျခင္းေၾကာင့္ျဖစ္သည္။


အ၀တ္အထည္မ်ားေပၚတြင္ အပ္ခ်ဳပ္စက္ျဖင့္ ပန္းခ်ီဆြဲေသာနည္းကို

အထူးကြ်မ္းက်င္သူျဖစ္သည္။ အေ၀းကၾကည့္မည္ဆုိလွ်င္ အ၀တ္

အထည္ေပၚတြင္ အပ္ခ်ဳပ္စက္ျဖင့္ သူဖန္တီးထားေသာအရာကုိ 

ေဆးျဖင့္ ပန္းခ်ီဆြဲထားသည္ဟု ထင္ရေလာက္ေအာင္ သူ၏ 

လက္ရာက ေကာင္းမြန္လွသည္။

တကယ္ေတာ့ Arun ျဖစ္လုိသည္မွာ ပန္းခ်ီဆရာျဖစ္သည္။ 

တစ္ေန႔ေက်ာ္ၾကားေသာ ပန္းခ်ီဆရာျဖစ္ခ်င္သည္မွာ သူ၏

အိပ္မက္ျဖစ္သည္။ သုိ႔ေသာ္မေမွ်ာ္လင့္ပဲ သူ႔ဖခင္ရုတ္တရက္

ေသဆုံးသြားသည့္အခါ အသက္ ၁၆ႏွစ္သာ ရွိေသးသည့္ 

Arun သည္ ေက်ာင္းမွထြက္ကာ မိသားစုစား၀တ္ေနေရးအတြက္

ဖခင္အစား စက္ခ်ဳပ္ခဲ့ရေတာ့သည္။ အ၀တ္ခ်ဳပ္သည့္လုပ္ငန္းကို

သူစိတ္မ၀င္စားေသာ္လည္း ဖခင္ျဖစ္သူက အ၀တ္ခ်ဳပ္သမားျဖစ္ၿပီး 

ငယ္စဥ္ကတည္းက သင္ေပးထားသျဖင့္ တတ္ကြ်မ္းထားသည္။

စက္ျဖင့္ အ၀တ္အထည္မ်ားကို ခ်ဳပ္ေနရေသာ္လည္း ပန္းခ်ီဆြဲ

ခ်င္သည့္ သူ၏အိပ္မက္က ေပ်ာက္မသြားခဲ့။ တစ္ေန႔သူ အႀကံတစ္ခု

ရလာသည္။ ဒါကေတာ့ ပန္းခ်ီကားေပၚတြင္ လက္ျဖင့္ပန္းခ်ီမဆြဲရလွ်င္ 

အ၀တ္ေပၚတြင္ အပ္ခ်ဳပ္စက္ ၊ အပ္ ၊ အပ္ခ်ည္တုိ႔ကုိ သုံးကာ ပန္းခ်ီ

ဆြဲမည္ဆုိသည့္ အႀကံျဖစ္သည္။ အပ္ခ်ဳပ္ရာမွ အပုိထြက္လာေသာ 

အ၀တ္စမ်ားေပၚတြင္ နည္းအမ်ဳိးမ်ဳိးျဖင့္ သူစမ္းသပ္ရင္း အပ္ခ်ဳပ္စက္ျဖင္

ပန္းခ်ီဆြဲခဲ့သည္။

အပ္ခ်ဳပ္စက္ျဖင့္ ပန္းခ်ီဆြဲဖုိ႔ဆုိသည္မွာ ပုံမွန္ပန္းခ်ီကားေပၚတြင္ 

ပန္းခ်ီဆြဲျခင္းထက္ ပို၍ ခက္သည့္အလုပ္ဟု ဆုိႏုိင္သည္။ အစပုိင္း 

ဘယ္လုိမွ အဆင္မေျပခဲ့ ၊ သုိ႔ေသာ္ သူဇြဲမေလွ်ာ့ခဲ့ ..ယေန႔ သူသည္ 

အ၀တ္မ်ားေပၚတြင္ အပ္ခ်ဳပ္စက္ျဖင့္ အေသးစိတ္ဆြဲႏုိင္သည့္ 

တစ္ဦးတည္းေသာ ပန္းခ်ီဆရာျဖစ္လာသည္။ ဒီလုိျဖစ္လာဖုိ႔အတြက္ 

သူႀကဳိးစားခဲ့ရသည့္ အခ်ိန္က ၁ႏွစ္ ၂ႏွစ္ မဟုတ္။ 

ႏွစ္ေပါင္း ၂၀ ျဖစ္သည္။

“အေဖကသင္ေပးထားလုိ႔ စက္ခ်ဳပ္တဲ့ပညာကုိ ၁၂ ႏွစ္သားေလာက္

ကတည္းက ကြ်န္ေတာ္တတ္ေနၿပီ။ ေက်ာင္းကသင္တန္းမွာလည္း 

ကြ်န္ေတာ္ပန္းခ်ီ ေကာင္းေကာင္းဆြဲႏုိင္တဲ့ အဆင့္ေရာက္ခဲ့တယ္။ 

ဒါေပမယ့္ ရုတ္တရက္ အေဖဆုံးသြားေတာ့ ေက်ာင္းကထြက္ၿပီး 

ဒီစက္ခ်ဳပ္တဲ့အလုပ္ထဲ ေရာက္လေတာ့တာပဲ ၊ ဒါေၾကာင့္ ပန္းခ်ီ

မဆြဲရေတာ့မယ့္အတူတူ အလုပ္ႏွစ္ခုကိုေပါင္းစပ္ၿပီး အႏုပညာကို 

ဖန္တီးဖို႔အႀကံရခဲ့တာပါ” လုိ႔ Arun က ေျပာသည္။

“ကြ်န္ေတာ့္ဘ၀ကုိ စက္ခ်ဳပ္သမားတစ္ေယာက္အျဖစ္နဲ႔ မကုန္ဆုံး

သြားေစခ်င္ဘူး။ ဒါေပမယ့္ မိသားစုစား၀တ္ေနေရးက ရွိေနေတာ့ 

မလုပ္လုိ႔လည္းမျဖစ္ျပန္ဘူးေလ။ ဒါေၾကာင့္ စက္ခ်ဳပ္ရင္းနဲ႔ပဲ 

ကြ်န္ေတာ့္၀ါသနာကို ပုံေဖာ္ႏုိင္ဖုိ႔ ႀကဳိးစားခဲ့တာပါ” လုိ႔ Arun က 

ထပ္ေျပာသည္။

ကမာၻ႔ႏုိင္ငံအခ်ဳိ႕မွ အ၀တ္ေပၚတြင္ အပ္ခ်ဳပ္ပညာျဖင့္ပုံေဖာ္ထားေသာ 

ပန္းခ်ီမ်ား ေတြ႔ေကာင္းေတြ႔ႏုိင္သည္။ သို႔ေသာ္ Arun ၏ အ၀တ္စမ်ား

လုိေတာ့ အေသးစိတ္က်လြန္းသည့္ လက္ရာကို ျမင္ဖုိ႔မျဖစ္ႏုိင္သေလာက္

ခက္ခဲသည္။ Arun ၏ လက္ရာမ်ားသည္ ေျပာင္ေျမာက္လွသျဖင့္ 

အေ၀းမွၾကည့္မည္ဆုိလွ်င္ ေဆးျဖင့္ဆြဲထားေသာ ပန္းခ်ီဟုသာ 

ထင္မွတ္ရလိမ့္မည္။ အနီးကပ္ၾကည့္မွသာ အပ္ခ်ဳပ္စက္ျဖင့္ 

ခ်ဳပ္ထားသည့္ လက္ရာျဖစ္သည္ကုိ ေတြ႔ရေပလိမ့္မည္။

Arun ၏ ေျပာင္ေျမာက္ေသာလက္ရာမ်ားတြင္ ၄ေပ ၆ေပ ပိတ္စ

ေပၚတြင္ဆြဲထားသည့္ Lord Krishna ၏ပုံလည္း အပါအ၀င္ျဖစ္သည္။ 

ဒီပုံကို ဆြဲႏုိင္ဖုိ႔ ၃ ႏွစ္ခန္႔အခ်ိန္ယူရသလုိ အပ္ခ်ည္ႀကဳိးေပါင္း 

ေျမာက္မ်ားစြာကို သုံးခဲ့ရသည္။ ပုံမွန္အားျဖင့္ေတာ့ ၄ေပ ၂ေပ 

ပိတ္စမ်ားေပၚတြင္ နာမည္ေက်ာ္ပုဂၢဳိလ္မ်ားကို သူဆြဲေလ့ရွိသည္။ 

ယခုဆုိလွ်င္ သူဆြဲခဲ့သည့္ ပုဂၢဳိလ္ေပါင္း ၂၀၀၀ ခန္႔ရွိၿပီျဖစ္သည္။


Arun သည္ ေက်ာ္ၾကားေသာပန္းခ်ီဆရာ ျဖစ္မလာခဲ့ေသာ္လည္း 

ေက်ာ္ၾကားေသာ အပ္ခ်ဳပ္စက္ပန္းခ်ီဆရာ ျဖစ္လာခဲ့သည္။


source:thutazone

links -

http://www.odditycentral.com/art/the-stunning-artworks-of-needle-man-the-worlds-only-sewing-machine-painter.html

http://www.drilers.com/arun-kumar-bajaj-worlds-only-sewing-machine-artist

သူ႕ရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာလည္း ဝင္ေလ့လာႏုိင္ပါတယ္

https://www.facebook.com/inuvashan/

=============================


ကမ္ဘာပေါ်ကတစ်ဦးတည်းသော 

အပ်ချုပ်စက်ပန်းချီဆရာ ...

-------------------------------------------

အနုပညာရှင်များရှင်များသည် ပန်းချီကို နည်းလမ်းပေါင်းစုံဖြင့်

ဆွဲကြသည်။ အရာဝထ္ထုများစွာဖြင့်ပုံဖော်ကြသည်။ သို့သော် 

Arun Kumar Bajaj လိုသောပန်းချီဆရာကတော့ ကမ္ဘာမှာ

တစ်ယောက်ပဲ ရှိမည်ထင်သည်။ သူသည်အများတကာထက် 

ပို၍ဆန်းပြားသောနည်းဖြင့် ပန်းချီဆွဲခြင်းကြောင့်ဖြစ်သည်။


အဝတ်အထည်များပေါ်တွင် အပ်ချုပ်စက်ဖြင့် ပန်းချီဆွဲသောနည်းကို

အထူးကျွမ်းကျင်သူဖြစ်သည်။ အဝေးကကြည့်မည်ဆိုလျှင် အဝတ်

အထည်ပေါ်တွင် အပ်ချုပ်စက်ဖြင့် သူဖန်တီးထားသောအရာကို 

ဆေးဖြင့် ပန်းချီဆွဲထားသည်ဟု ထင်ရလောက်အောင် သူ၏ 

လက်ရာက ကောင်းမွန်လှသည်။


တကယ်တော့ Arun ဖြစ်လိုသည်မှာ ပန်းချီဆရာဖြစ်သည်။ 

တစ်နေ့ကျော်ကြားသော ပန်းချီဆရာဖြစ်ချင်သည်မှာ သူ၏

အိပ်မက်ဖြစ်သည်။ သို့သော်မမျှော်လင့်ပဲ သူ့ဖခင်ရုတ်တရက်

သေဆုံးသွားသည့်အခါ အသက် ၁၆နှစ်သာ ရှိသေးသည့် 

Arun သည် ကျောင်းမှထွက်ကာ မိသားစုစားဝတ်နေရေးအတွက်

ဖခင်အစား စက်ချုပ်ခဲ့ရတော့သည်။ အဝတ်ချုပ်သည့်လုပ်ငန်းကို

သူစိတ်မဝင်စားသော်လည်း ဖခင်ဖြစ်သူက အဝတ်ချုပ်သမားဖြစ်ပြီး 

ငယ်စဉ်ကတည်းက သင်ပေးထားသဖြင့် တတ်ကျွမ်းထားသည်။


စက်ဖြင့် အဝတ်အထည်များကို ချုပ်နေရသော်လည်း ပန်းချီဆွဲ

ချင်သည့် သူ၏အိပ်မက်က ပျောက်မသွားခဲ့။ တစ်နေ့သူ အကြံတစ်ခု

ရလာသည်။ ဒါကတော့ ပန်းချီကားပေါ်တွင် လက်ဖြင့်ပန်းချီမဆွဲရလျှင် 

အဝတ်ပေါ်တွင် အပ်ချုပ်စက် ၊ အပ် ၊ အပ်ချည်တို့ကို သုံးကာ ပန်းချီ

ဆွဲမည်ဆိုသည့် အကြံဖြစ်သည်။ အပ်ချုပ်ရာမှ အပိုထွက်လာသော 

အဝတ်စများပေါ်တွင် နည်းအမျိုးမျိုးဖြင့် သူစမ်းသပ်ရင်း အပ်ချုပ်စက်ဖြင်

ပန်းချီဆွဲခဲ့သည်။


အပ်ချုပ်စက်ဖြင့် ပန်းချီဆွဲဖို့ဆိုသည်မှာ ပုံမှန်ပန်းချီကားပေါ်တွင် 

ပန်းချီဆွဲခြင်းထက် ပို၍ ခက်သည့်အလုပ်ဟု ဆိုနိုင်သည်။ အစပိုင်း 

ဘယ်လိုမှ အဆင်မပြေခဲ့ ၊ သို့သော် သူဇွဲမလျှော့ခဲ့ ..ယနေ့ သူသည် 

အဝတ်များပေါ်တွင် အပ်ချုပ်စက်ဖြင့် အသေးစိတ်ဆွဲနိုင်သည့် 

တစ်ဦးတည်းသော ပန်းချီဆရာဖြစ်လာသည်။ ဒီလိုဖြစ်လာဖို့အတွက် 

သူကြိုးစားခဲ့ရသည့် အချိန်က ၁နှစ် ၂နှစ် မဟုတ်။ 

နှစ်ပေါင်း ၂၀ ဖြစ်သည်။


“အဖေကသင်ပေးထားလို့ စက်ချုပ်တဲ့ပညာကို ၁၂ နှစ်သားလောက်

ကတည်းက ကျွန်တော်တတ်နေပြီ။ ကျောင်းကသင်တန်းမှာလည်း 

ကျွန်တော်ပန်းချီ ကောင်းကောင်းဆွဲနိုင်တဲ့ အဆင့်ရောက်ခဲ့တယ်။ 

ဒါပေမယ့် ရုတ်တရက် အဖေဆုံးသွားတော့ ကျောင်းကထွက်ပြီး 

ဒီစက်ချုပ်တဲ့အလုပ်ထဲ ရောက်လတော့တာပဲ ၊ ဒါကြောင့် ပန်းချီ

မဆွဲရတော့မယ့်အတူတူ အလုပ်နှစ်ခုကိုပေါင်းစပ်ပြီး အနုပညာကို 

ဖန်တီးဖို့အကြံရခဲ့တာပါ” လို့ Arun က ပြောသည်။


“ကျွန်တော့်ဘဝကို စက်ချုပ်သမားတစ်ယောက်အဖြစ်နဲ့ မကုန်ဆုံး

သွားစေချင်ဘူး။ ဒါပေမယ့် မိသားစုစားဝတ်နေရေးက ရှိနေတော့ 

မလုပ်လို့လည်းမဖြစ်ပြန်ဘူးလေ။ ဒါကြောင့် စက်ချုပ်ရင်းနဲ့ပဲ 

ကျွန်တော့်ဝါသနာကို ပုံဖော်နိုင်ဖို့ ကြိုးစားခဲ့တာပါ” လို့ Arun က 

ထပ်ပြောသည်။


ကမ္ဘာ့နိုင်ငံအချို့မှ အဝတ်ပေါ်တွင် အပ်ချုပ်ပညာဖြင့်ပုံဖော်ထားသော 

ပန်းချီများ တွေ့ကောင်းတွေ့နိုင်သည်။ သို့သော် Arun ၏ အဝတ်စများ

လိုတော့ အသေးစိတ်ကျလွန်းသည့် လက်ရာကို မြင်ဖို့မဖြစ်နိုင်သလောက်

ခက်ခဲသည်။ Arun ၏ လက်ရာများသည် ပြောင်မြောက်လှသဖြင့် 

အဝေးမှကြည့်မည်ဆိုလျှင် ဆေးဖြင့်ဆွဲထားသော ပန်းချီဟုသာ 

ထင်မှတ်ရလိမ့်မည်။ အနီးကပ်ကြည့်မှသာ အပ်ချုပ်စက်ဖြင့် 

ချုပ်ထားသည့် လက်ရာဖြစ်သည်ကို တွေ့ရပေလိမ့်မည်။


Arun ၏ ပြောင်မြောက်သောလက်ရာများတွင် ၄ပေ ၆ပေ ပိတ်စ

ပေါ်တွင်ဆွဲထားသည့် Lord Krishna ၏ပုံလည်း အပါအဝင်ဖြစ်သည်။ 

ဒီပုံကို ဆွဲနိုင်ဖို့ ၃ နှစ်ခန့်အချိန်ယူရသလို အပ်ချည်ကြိုးပေါင်း 

မြောက်များစွာကို သုံးခဲ့ရသည်။ ပုံမှန်အားဖြင့်တော့ ၄ပေ ၂ပေ 

ပိတ်စများပေါ်တွင် နာမည်ကျော်ပုဂ္ဂိုလ်များကို သူဆွဲလေ့ရှိသည်။ 

ယခုဆိုလျှင် သူဆွဲခဲ့သည့် ပုဂ္ဂိုလ်ပေါင်း ၂၀၀၀ ခန့်ရှိပြီဖြစ်သည်။


Arun သည် ကျော်ကြားသောပန်းချီဆရာ ဖြစ်မလာခဲ့သော်လည်း 

ကျော်ကြားသော အပ်ချုပ်စက်ပန်းချီဆရာ ဖြစ်လာခဲ့သည်။


source:thutazone

links -

http://www.odditycentral.com/art/the-stunning-artworks-of-needle-man-the-worlds-only-sewing-machine-painter.html

http://www.drilers.com/arun-kumar-bajaj-worlds-only-sewing-machine-artist

သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း ဝင်လေ့လာနိုင်ပါတယ်

https://www.facebook.com/inuvashan/

No comments:

Post a Comment