မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Wednesday, September 23, 2020

မီးဖြားအိမ္ႏွင္႔ ရဟန္းေတာ္မ်ား

 မီးဖြားအိမ္ႏွင္႔ ရဟန္းေတာ္မ်ား

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

အရွင္ဘုရား

တပည္႔ေတာ္တို႔အရပ္တြင္ မိန္းမမ်ား မီးဖြားလွ်င္ မီးမထြက္မခ်င္း 

သို႔မဟုတ္ ရက္ေပါင္း ၄၀ အတြင္း ရဟန္းေတာ္မ်ားအတြက္ 

ဆြမ္းခံၾကြေရာက္ျခင္း မျပဳရပါ။ ထိုကိစၥသည္ မွန္ကန္ပါသလား ။ 

အလွဴခံၾကြေရာက္ေသာ ရဟန္းေတာ္မ်ားမွာ အျပစ္ရွိပါသလား ။ 

ပညတ္ခ်က္ စည္းကမ္းမ်ားေရာ ရွိပါသလားဘုရား ။


ဦးတင္လႈိင္

အေရွ႕ေမာ္တုန္းေက်းရြာ ၊ တနသၤာရီၿမိဳ႕နယ္ ။


ေျဖ ။ ။

မီးဖြားေသာအိမ္မွာ အိမ္မသန္႔ရွင္းဟု အေၾကာင္းျပဳ၍ ရဟန္းေတာ္မ်ား

ဆြမ္းခံမၾကြရန္ ပိတ္ပင္ထားျခင္း ၊ အလွဴအတန္းမျပဳျခင္းတို႔ကို 

အိမ္ရွင္မ်ားက ျပဳလုပ္ေလ႔ရွိပါသည္ ။ ရဟန္းေတာ္မ်ားဘက္မွ 

ယင္းအစဥ္အလာ မရွိပါ။


အမွန္အားျဖင္႔ မဂၤလာ ၁၂ ခန္း စသည္တြင္ ဂဗ႓ေသယ်မဂၤလာ-

ကိုယ္ဝန္ရွိစဥ္က လွဴဒါန္းျခင္း၊ ဝိဇာတမဂၤလာ-ဖြားျမင္စတြင္ လွဴဒါန္း

ျခင္းမ်ားပင္ရွိသျဖင္႔ ပိတ္ပင္တားျမစ္ထားျခင္းမွာ သဘာဝမက်ပါ ။


ျမတ္စြာဘုရားလက္ထက္က ရွင္သီဝလိအေလာင္း ဖြားေတာ္မူစက 

အရွင္သာရိပုတၱရာစေသာ ရဟႏၲာမေထရ္ျမတ္ႀကီးမ်ားအား အိမ္သို႔ 

ပင္႔၍ ဆြမ္းကပ္လွဴျခင္းပင္ ရွိခဲ႔သျဖင္႔ ျဖစ္ႏိုင္က ဖြားျမင္စ ရက္အတြင္း

မွာပင္ ဆြမ္းလွဴျခင္း ၊ ဒါနျပဳျခင္း ၊ ပရိတ္တရားနာၾကားျခင္း စသည့္

ကုသိုလ္မဂၤလာတို႔ကို မဂၤလာတစ္ရပ္အေနျဖင္႔ပင္ ျပဳသင္႔ေၾကာင္း 

ထင္ရွားလွပါသည္။


ရေဝထြန္း (ဆရာေတာ္ဦးတိေလာကသာရ)

ဘာသာေရးျပႆနာမ်ား(၃/၁၄)

═══════════════════════

ေမတၱာျဖင္႔ ဓမၼစကူးလ္ဆုံရာ

=========================


မီးဖွားအိမ်နှင့် ရဟန်းတော်များ

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


အရှင်ဘုရား

တပည့်တော်တို့အရပ်တွင် မိန်းမများ မီးဖွားလျှင် မီးမထွက်မချင်း 

သို့မဟုတ် ရက်ပေါင်း ၄၀ အတွင်း ရဟန်းတော်များအတွက် 

ဆွမ်းခံကြွရောက်ခြင်း မပြုရပါ။ ထိုကိစ္စသည် မှန်ကန်ပါသလား ။ 

အလှူခံကြွရောက်သော ရဟန်းတော်များမှာ အပြစ်ရှိပါသလား ။ 

ပညတ်ချက် စည်းကမ်းများရော ရှိပါသလားဘုရား ။


ဦးတင်လှိုင်

အရှေ့မော်တုန်းကျေးရွာ ၊ တနင်္သာရီမြို့နယ် ။


ဖြေ ။ ။

မီးဖွားသောအိမ်မှာ အိမ်မသန့်ရှင်းဟု အကြောင်းပြု၍ ရဟန်းတော်များ

ဆွမ်းခံမကြွရန် ပိတ်ပင်ထားခြင်း ၊ အလှူအတန်းမပြုခြင်းတို့ကို 

အိမ်ရှင်များက ပြုလုပ်လေ့ရှိပါသည် ။ ရဟန်းတော်များဘက်မှ 

ယင်းအစဉ်အလာ မရှိပါ။


အမှန်အားဖြင့် မင်္ဂလာ ၁၂ ခန်း စသည်တွင် ဂဗ္ဘသေယျမင်္ဂလာ-

ကိုယ်ဝန်ရှိစဉ်က လှူဒါန်းခြင်း၊ ဝိဇာတမင်္ဂလာ-ဖွားမြင်စတွင် လှူဒါန်း

ခြင်းများပင်ရှိသဖြင့် ပိတ်ပင်တားမြစ်ထားခြင်းမှာ သဘာဝမကျပါ ။


မြတ်စွာဘုရားလက်ထက်က ရှင်သီဝလိအလောင်း ဖွားတော်မူစက 

အရှင်သာရိပုတ္တရာစသော ရဟန္တာမထေရ်မြတ်ကြီးများအား အိမ်သို့ 

ပင့်၍ ဆွမ်းကပ်လှူခြင်းပင် ရှိခဲ့သဖြင့် ဖြစ်နိုင်က ဖွားမြင်စ ရက်အတွင်း

မှာပင် ဆွမ်းလှူခြင်း ၊ ဒါနပြုခြင်း ၊ ပရိတ်တရားနာကြားခြင်း စသည့်

ကုသိုလ်မင်္ဂလာတို့ကို မင်္ဂလာတစ်ရပ်အနေဖြင့်ပင် ပြုသင့်ကြောင်း 

ထင်ရှားလှပါသည်။


ရဝေထွန်း (ဆရာတော်ဦးတိလောကသာရ)

ဘာသာရေးပြဿနာများ(၃/၁၄)

═══════════════════════

မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ

No comments:

Post a Comment