မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...
Wednesday, September 23, 2020
------------------------------------------------------------------
တရုတ်ရဲ့ ဗီဒီယို ပလက်ဖောင်းတစ်ခုဖြစ်တဲ့ “Tik Tok” application ဟာ 
(၂၀၁၈) ခုနှစ်ရဲ့ ပထမလေးလအတွင်း ios မှာ download အဆွဲခံရဆုံး 
application တစ်ခုအဖြစ်ရပ်တည်နေပြီး CEO ဖြစ်သူ Zhan Yiming 
ကတော့ ဒါကို သာမန်အောင်မြင်မှုတစ်ခုပဲလို့ ဖြေလိုက်တာပါ။
Photo-Editing application တစ်ခုဖြစ်တဲ့ Meitu ဟာ (၂၀၁၇) ခုနှစ်မှာ 
အောင်မြင်မှုသရဖူ ဆောင်းခဲ့တာဖြစ်ပြီး၊ (၂၀၁၈) ခုနှစ်မှာဆိုရင်တော့ 
ခိုင်မာတဲ့ ဈေးကွက်ဆန်းစစ်မှုတွေအရ Apple ရဲ့ application store 
ကနေ ခန့်မှန်းခြေအကြိမ်ပေါင်း (၁၅.၈) သန်းကျော်လောက် download 
ချခံရပြီးတဲ့နောက်မှာ TikTok ဟာ တရုတ်ရဲ့ လူကြိုက်များတဲ့ 
နောက်ထပ် application တစ်ခုဖြစ်လာပါတော့တယ်။
တရုတ်မှာ အုတ်အော်သောင်းနင်းဖြစ်သွားစေတဲ့ ဒီ Application ဟာ
ဆိုရင် အသုံးပြုသူတွေရဲ့ ကိုယ်ပိုင်သီချင်းဗီဒီယိုတွေကို ဗီဒီယိုကလစ်
အတိုလေးတွေနဲ့ ကိုယ်တိုင်တည်းဖြတ်နိုင်ပြီး အထူးကင်မရာပြုလုပ်ချက်
တွေပါ အသုံးပြုနိုင်အောင် ထည့်သွင်းပေးထားတာပါ။
Douyin လို့သိတဲ့ တရုတ်ဈေးကွက်မှာဆိုရင် ဒီ application ဟာ 
မူရင်းကုမ္ပဏီဖြစ်တဲ့ Bytedance အတွက် အကြီးမားဆုံးအောင်မြင်မှု
တစ်ခုအဖြစ်ရှိနေပါတယ်။ သတင်းစာခေါင်းကြီးပိုင်းတွေမှာ အလျင်အမြန်
နေရာယူလာကြတာကတော့ ကုမ္ပဏီဟာ ယူအက်စ်ဒေါ်လာ သုံးဆယ့်ငါး
ဘီလီယံဝန်းကျင်လောက်ရှာနိုင်တဲ့ အခြေအနေမှာရှိနေတယ်ဆိုတဲ့ 
ကောလဟာလသတင်းတွေဖြစ်ပြီး ဒီအခြေအနေတွေနဲ့ပက်သတ်လို့ 
ကုမ္ပဏီအနေနဲ့ ဒါဟာမှားယွင်းတဲ့ ထင်မြင်ယူဆချက်တစ်ခုသာဖြစ်တယ်
လို့ ငြင်းဆိုခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကောလဟာလတွေနဲ့ မီဒီယာ
တွေရဲ့ ဖော်ပြချက်တွေဟာ ကုမ္ပဏီအနေနဲ့ ဘယ်လောက်အလျင်အမြန်
တိုးတက်နေတယ်ဆိုတာကို ပြသနေပါတယ်။
(၂၀၁၇) ခုနှစ်မှာ Bytedance ဟာ အမေရိကန် ဗီဒီယိုပလက်ဖောင်း
တစ်ခုဖြစ်တဲ့ Musically မှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံနဲ့ News 
Republic မီဒီယာအုပ်စုမှာ (၈၆) မီလီယံဒေါ်လာ ရင်းနှီးမြှပ်နှံခဲ့ပြီး 
ပြည်ပဈေးကွက်ချဲ့ထွင်မှုကို အလောတကြီး အလှမ်းကျယ်ခဲ့တာကြောင့်
Reddit ကို လွှဲပြောင်းခဲ့ရတဲ့ အခြေအနေကိုတောင်ကြုံခဲ့ရပါတယ်။
Tik Tok အသုံးပြုတဲ့ (၈၅) ရာခိုင်နှုန်းဟာ အသက် (၂၄) နှစ်နဲ့ 
အောက်ပိုင်းဖြစ်ပြီး ကုမ္ပဏီဟာ (၂၀၀၀)ခုနှစ်ဖွား လူငယ်မျိုးဆက်တွေ
အတွက် အဓိကထားဖြန့်ချိခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ (၁၉၈၀) 
ခုနှစ်နဲ့ (၁၉၉၀)ခုနှစ် မျိုးဆက်တွေပါ အသုံးပြုလာကြတာပါ။
တရုတ်မှာ အောင်မြင်နေတဲ့ Tik Tok ဟာ အာရှတစ်ခွင်မှာရှိတဲ့ 
လူငယ်ပိုင်း အသုံးပြုသူတွေကြား ရေပန်းအစားဆုံး application တစ်ခု
ဖြစ်လာပါတယ်။ အခြားသော ဗီဒီယို၊ သီချင်းပလက်ဖောင်းတွေနဲ့ယှဉ်ရင်
လည်း Tik Tok ဟာ ထိုင်း၊ ဂျပန်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်နဲ့ 
ကမ္ဘောဒီးယားနိုင်ငံတွေရဲ့ဈေးကွက်ထဲမှာလဲ ဦးဆောင်နေပါတယ်။ 
ဒီအောင်မြင်မှုဟာ တရုတ်ရဲ့ အာရှနဲ့ လက်တလောယှဉ်ပြိုင်မှုတွေ
ကြားထဲမှာ အထင်ကြီးလောက်တဲ့ အောင်မြင်မှုတစ်ခုလဲဖြစ်ပါတယ်။
Bytedance ရဲ့ စီအီးအို Zhang ဟာ သူ့ရဲ့ We Chat account မှာ
 “Celebrate small success” လို့ တင်ခဲ့တာဖြစ်ပြီး ဒါဟာ မကြာသေး
ခင် Tik Tok ရဲ့ အောင်မြင်မှုကို ညွှန်းဆိုခဲ့တာဖြစ်ပါတယ်။
တရုတ်ရဲ့ ပထမဆုံး Digital China Summit မှာ Zhang ပြောခဲ့တာက 
ကမ္ဘာ့ဈေးကွက်မှာ ကြီးစိုးနေတဲ့ နည်းပညာတိုးတက်မှုကိုလျှော့ချပြီး 
ကမ္ဘာလုံးဆိုင်ရာ ပစ်မှတ်ထားတဲ့ မဟာဗျူဟာနဲ့ Bytedance ရဲ့ 
နည်းပညာတွေကို ပြည်ပဈေးကွက်ဖောက်ထွက်ဖို့ပါပဲ။