မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Friday, September 18, 2020

ေဒၚလာ ၁ သိန္းေက်ာ္တန္တဲ့ ေရွးေဟာင္းေၾကးကရားအုိး

 ေလာ့ခ္ေဒါင္းကာလ အိမ္ရွင္းလင္းရာမွ ေဒၚလာ ၁ သိန္းေက်ာ္

တန္ေၾကးရွိသည့္ ေရွးေဟာင္းေၾကးကရားအုိးကုိ ရွာေတြ႕ ...

---------------------------------------------------------------------

အဂၤလန္ႏုိင္ငံမွ အသက္ ၅၁ ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦးက Covid-19

ေလာ႔ခ္ေဒါင္းကာလအတြင္းမွာ အိမ္ကုိ ရွင္းလင္းေရးျပန္လုပ္ရင္း

ဖုန္အလိမ္းလိမ္းတက္ေနတဲ့ ဂုိေထာင္ထပ္ခုိးထဲကေန တန္ဖုိးႀကီးမားတဲ့

ေရွးေဟာင္းေႂကြထည္ ကရားအုိးတစ္လုံးကုိ ရွာေဖြေတြ႕ရွိခဲ့ပါတယ္။


တန္ဖုိးအမွန္အတုိင္း မသိေပမယ့္ တန္ဖုိးႀကီးတဲ့ ေရွးေဟာင္းပစၥည္းလုိ႔

မွန္းဆမိတာေၾကာင့္ Hansons ေလလံျပခန္းက ေရွးေဟာင္းပစၥည္း

ကၽြမ္းက်င္ပညာရွင္ဆီ ျပသခဲ့ရာမွာ ဒီေႂကြကရားအုိးက သာမန္

ကရားအုိးတစ္လုံးမဟုတ္ဘဲ ခ်န္လုံဧကရာဇ္အတြက္ ဆက္သတဲ့

တ႐ုတ္ေရွးေဟာင္းကရားအုိး ျဖစ္ႏုိင္တယ္လုိ႔ သုံးသပ္ခဲ့ၾကပါတယ္။

အက်ယ္ ၁၅ စင္တီမီတာမွ်သာရွိၿပီး လွပတဲ့ေရႊဝါေရာင္ အႏုစိတ္

တန္ဆာဆင္ထားတဲ့ ေႂကြကရားအုိးျဖစ္ၿပီး လက္ဖက္ရည္အုိးဆုိတာထက္

ဧကရာဇ္ထံဆက္သတဲ့ ယမကာေႂကြအုိးျဖစ္တယ္လုိ႔ သုံးသပ္ထားၾက

ပါတယ္။ ၁၇၃၅ ခုႏွစ္ကေန ၁၇၉၉ ခုႏွစ္ၾကား နန္းတြင္းမွာ အသုံးျပဳခဲ့တဲ့ 

ေႂကြအုိးျဖစ္ၿပီး လက္ရွိေပါက္ေဈး ေဒၚလာ ၁၃၀,၀၀၀ နီးပါး ရွိတယ္လုိ႔ 

သုံးသပ္ခဲ့တာ ျဖစ္ပါတယ္။

အဘုိးေတာ္စပ္သူက ဒုတိယကမာၻစစ္အတြင္းက တ႐ုတ္ႏုိင္ငံမွာ တာဝန္

က်ခဲ့ၿပီး အဂၤလန္ႏုိင္ငံကုိ ျပန္လာခ်ိန္မွာ ဒီေႂကြအုိး ပါလာခဲ့တာလုိ႔ အမည္

မေဖာ္လုိသူ ပုိင္ရွင္က ဆုိပါတယ္။ ရွားပါးတဲ့ ေႂကြကရားအုိးျဖစ္ၿပီး

စက္တင္ဘာလအတြင္း ေလလံတင္ ေရာင္းခ်သြားမယ္လုိ႔ Hansons

ေလလံဌာနက ေျပာၾကားခဲ့ပါတယ္။


သံသာ

credit:pyimyanmar

(Mirror, 11.9.2020)

link -

https://www.mirror.co.uk/money/man-finds-teapot-worth-100000-22653194

==========================


လော့ခ်ဒေါင်းကာလ အိမ်ရှင်းလင်းရာမှ ဒေါ်လာ ၁ သိန်းကျော်

တန်ကြေးရှိသည့် ရှေးဟောင်းကြေးကရားအိုးကို ရှာတွေ့ ...

---------------------------------------------------------------------


အင်္ဂလန်နိုင်ငံမှ အသက် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦးက Covid-19

လော့ခ်ဒေါင်းကာလအတွင်းမှာ အိမ်ကို ရှင်းလင်းရေးပြန်လုပ်ရင်း

ဖုန်အလိမ်းလိမ်းတက်နေတဲ့ ဂိုထောင်ထပ်ခိုးထဲကနေ တန်ဖိုးကြီးမားတဲ့

ရှေးဟောင်းကြွေထည် ကရားအိုးတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။


တန်ဖိုးအမှန်အတိုင်း မသိပေမယ့် တန်ဖိုးကြီးတဲ့ ရှေးဟောင်းပစ္စည်းလို့

မှန်းဆမိတာကြောင့် Hansons လေလံပြခန်းက ရှေးဟောင်းပစ္စည်း

ကျွမ်းကျင်ပညာရှင်ဆီ ပြသခဲ့ရာမှာ ဒီကြွေကရားအိုးက သာမန်

ကရားအိုးတစ်လုံးမဟုတ်ဘဲ ချန်လုံဧကရာဇ်အတွက် ဆက်သတဲ့

တရုတ်ရှေးဟောင်းကရားအိုး ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။


အကျယ် ၁၅ စင်တီမီတာမျှသာရှိပြီး လှပတဲ့ရွှေဝါရောင် အနုစိတ်

တန်ဆာဆင်ထားတဲ့ ကြွေကရားအိုးဖြစ်ပြီး လက်ဖက်ရည်အိုးဆိုတာထက်

ဧကရာဇ်ထံဆက်သတဲ့ ယမကာကြွေအိုးဖြစ်တယ်လို့ သုံးသပ်ထားကြ

ပါတယ်။ ၁၇၃၅ ခုနှစ်ကနေ ၁၇၉၉ ခုနှစ်ကြား နန်းတွင်းမှာ အသုံးပြုခဲ့တဲ့ 

ကြွေအိုးဖြစ်ပြီး လက်ရှိပေါက်ဈေး ဒေါ်လာ ၁၃၀,၀၀၀ နီးပါး ရှိတယ်လို့ 

သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။


အဘိုးတော်စပ်သူက ဒုတိယကမ္ဘာစစ်အတွင်းက တရုတ်နိုင်ငံမှာ တာဝန်

ကျခဲ့ပြီး အင်္ဂလန်နိုင်ငံကို ပြန်လာချိန်မှာ ဒီကြွေအိုး ပါလာခဲ့တာလို့ အမည်

မဖော်လိုသူ ပိုင်ရှင်က ဆိုပါတယ်။ ရှားပါးတဲ့ ကြွေကရားအိုးဖြစ်ပြီး

စက်တင်ဘာလအတွင်း လေလံတင် ရောင်းချသွားမယ်လို့ Hansons

လေလံဌာနက ပြောကြားခဲ့ပါတယ်။


သံသာ

credit:pyimyanmar

(Mirror, 11.9.2020)

link -

https://www.mirror.co.uk/money/man-finds-teapot-worth-100000-22653194


No comments:

Post a Comment