-------------------------------------------------
source:myanbnews
link -
==============================
တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး မှန်တံတား
-------------------------------------------------
ကမ္ဘာ့အကြီးဆုံးမှန်တံတားကို ဇွန် ၂၈ ရက်နေ့က
တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်မှာ
စတင်ဖွင့်လှစ်လိုက်ပါတယ်။
အဲဒီမှန်တံတားဟာ ချင်းယွမ်မြို့ရှိ တောင်ကြားတခုပေါ်ကို
ဖြတ်သန်းတည်ဆောက် ထားတဲ့ ကြိုးတံတားဖြစ်ပါတယ်။
အရှည် ၂ဝ၂ မီတာရှိပြီး တံတားရဲ့ တစ်ဖက်တချက်မှာ
အချင်း ၁၆.၈ မီတာရှိတဲ့ စက်ဝိုင်းပုံသဏ္ဌာန် ရှုခင်းကြည့်စင်
ပါရှိပါတယ်။ အဲဒီမှန်တံတားဟာ အနက်ပေ ၉၈ဝ ရှိတဲ့ချောက်ကို
ဖြတ်သန်းတည်ဆောက်ထားပြီး တံတားကြမ်းပြင်ကို မှန်ချပ်တွေနဲ့
တပ်ဆင်ထားတာပါ။ ဒီအတွက် လာရောက်လည်ပတ်သူတွေဟာ
တံတားအောက်ရှိ ချောက်ကမ်းပါးရှုခင်းတွေနဲ့ မီတာ ၁၃ဝ ကျော်မြင့်တဲ့
ရေတံခွန်ကြီးကိုလည်း ရှုမျှော်ခံစားနိုင်ပါတယ်။
source:myanbnews
link -
https://edition.cnn.com/videos/travel-play/2018/06/29/glass-deck-gulongxia-scenic-spot.cnn
https://www.yaktrinews.com/news/world-news/china-opens-another-thrilling-glass-bridge/761051456
No comments:
Post a Comment