မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Monday, September 21, 2020

တစ္ကၽြန္းစံ ဂ်ပန္အဖုိးအုိ

လူသူမနီးတဲ့ကြ်န္းတစ္ကြ်န္းမွာ တစ္ကုိယ္တည္း 

နွစ္ေပါင္းမ်ားစြာေနထုိင္လာတဲ့ ဂ်ပန္အဖိုးအိုရဲ႕ျဖစ္အင္

------------------------------------------------------------



လူေတြဟာဘဝမွာ ေနထုိင္ရတာ သိပ္ကုုိျငီးေငြ႕ ပင္ပန္းလာတဲ့အခါ

လူသူမရွိတဲ့ေနရာကို တစ္ေယာက္တည္း ေျပးထြက္သြားခ်င္စိတ္

ျဖစ္တတ္ၾကပါတယ္။ ဒါေပမယ့္လည္း လူအမ်ားစုက အဲဒီစိတ္ကုိ

အေကာင္အထည္ မေဖာ္နိုင္ပဲ သားသမီးသံေယာဇဥ္ မိဘသံေယာဇဥ္နဲ႔ 

လူ႔အဖြဲ႕အစည္္းၾကီးထဲမွာ ပိတ္မိေနၾကဆဲပါပဲ။ ဂ်ပန္အဖိုးအို Nagaski 

ကေတာ့ အဲဒီိသံေယာဇဥ္ေတြထဲက ရုန္းထြက္ျပီး ဧကစာရီက်င့္ျခင္းမွာ

ေအာင္ျမင္မႈရခဲ့ပံုပါပဲ။


အဖိုးရဲ႕နာမည္က Masafumi Nagasaki ျဖစ္ျပီး အသက္က 82 နွစ္

ရွိပါျပီ။ အဖုိးကဂ်ပန္္လူမ်ိဳးပါ။ အဖိိုးဟာ တစ္ကီလိုုမီတာအက်ယ္ရွိတဲ့ 

Sotobanari ကြ်န္းေလးေပၚမွာတစ္ဦးတည္းေနထုိင္ေနခဲ့တာၾကာျပီလိုု႔

ဆိုရမွာပါ။ကြ်န္းေလးက ဂ်ပန္ရဲ႕ေျမပုိင္နက္ထဲမွာေပမယ့္ ဂ်ပန္ထက္

ထုိင္ဝမ္နဲ႔ပုိနီးေၾကာင္း သိရပါတယ္။ အဖိုးဟာကြ်န္းေလးေပၚကို လြန္ခဲ့တဲ့

29 နွစ္က စတင္ေရာက္ရွိခဲ့တာျဖစ္ျပီး ဆယ္စုနွစ္သံုးစုၾကာတစ္္ကုိယ္တည္း

ေနထုိင္ေနခဲ့တာျဖစ္ပါတယ္။ အဖုိးကုိရွာေဖြေတြ႕ရွိခဲ့သူကေတာ့ စပိန္လူမ်ိဳး

Alvaro Cerezo ျဖစ္ပါတယ္။ Cerezo ဟာလူသူမနီးတဲ့ကြ်န္းေတြေနရာ

ေတြကုိ ခရီးထြက္ရတာနွစ္သက္တဲ့ စြန္႔ဦးတီထြင္သူတစ္ဦးျဖစ္တာေၾကာင့္

အဲဒီကြ်န္းေလးေပၚကိုသြားရင္းဆိုသလို အဖိုး Nagasaki ကုိေတြ႕ရွိခဲ့တာပါ။ 

Cezero က အဖိုးနဲ႔အတူတူ ကြ်န္းေပၚမွာ ငါးရက္တာေနျပီး အဖိုးရဲ႕

ေနထုိင္ပံုေတြကုိစူးစမ္းေလ့လာခဲ့ပါတယ္။


အဖိုးဟာ သူတစ္ဦးတည္းကြ်န္းေပၚမွာေနတာျဖစ္ေပမယ့္ ကြ်န္းရဲ႕

သန္႔ရွင္းသာယာလွပေရးကုိ အလြန္ဂရုစုိက္ေၾကာင္း သိရပါတယ္။ 

ေျပာၾကေၾကးဆုိုရင္ အဖိုးရဲ႕ကြ်န္းကေလးဟာ နာမည္ၾကီး resorts 

ေတြထက္ေတာင္ပုိျပီး သန္႔ရွင္းေနပါတယ္တဲ့။ အဖိုးက Cezero ကုိလည္း

ကြ်န္းေပၚမွာေနရင္ သူ႔စည္းကမ္းအတိုုင္းပဲ ေနေစခဲ့ပါတယ္။ 

ဥပမာအားျဖင့္ တဲထဲမဝင္ခင္ တဲအဝက ေရခြက္ထဲကေရနဲ႔ ေျခေထာက္

ေဆးျပီးမွဝင္ရမယ္ဆိုတာမ်ိဳး…အညစ္အေၾကးစြန္႔ခ်င္တဲ့အခါ ကြ်န္္းေပၚမွာ

သန္႔စင္ခန္းမရွိတာေၾကာင့္ ေရစီးေၾကာင္းရဲ႕လားရာကုိၾကည့္ျပီးမွ

ေရစီးေၾကာင္းသြားတဲ့ဘက္မွာ အညစ္အေၾကးစြန္႔ရမယ္..အဲ့ဒါမွ 

အညစ္အေၾကးေတြက ေရစီးေၾကာင္းနဲ႔အတူ ပါသြားမွာဆိုတာမ်ိဳး

အပါအဝင္ သူကုိယ္တိုင္ထုတ္ထားတဲ့ ကိုယ္ပုိင္စည္းကမ္းေပါင္း

ေျမာက္မ်ားစြာရွိေၾကာင္းလည္း သိရပါတယ္။ အဖိုးဟာ ကြ်န္းေပၚကုိ

စေရာက္စဥ္က အဝတ္အစား အျပည့္အစံုနဲ႔ပါ။ ကြ်န္းေပၚမွာအေနၾကာ

သြားျပီးေနာက္မွာေတာ့ မုန္တိုင္းဒဏ္၊ ေလဒဏ္၊ ေရဒဏ္ေတြေၾကာင့္ 

အဝတ္အစားေတြက စုတ္ျပဲေပ်ာက္ဆံုးသြားျပီး ကိုယ္လံုးတီးဘဝကုိ

ေရာက္သြားေၾကာင္္းသိရပါတယ္။ 


Cerezo ရဲ႕အေျပာအရ အဖိုးမွာ အရင္က ဇနီးျဖစ္သူနဲ႔ သားသမီးနွစ္ဦး

ထြန္းကားခဲ့ေပမယ့္ အဖုိးက သူ႔ရဲ႕အတိတ္ကုိ ျပန္မေျပာခ်င္သလို

အတိတ္အေၾကာင္းနဲ႔ပက္သက္ျပီး ဘာမွွလည္း မၾကားခ်င္ေတာ့ေၾကာင္း

သိရပါတယ္။ အဖိုးရဲ႕ ကြ်န္းေပၚမွာေနရတဲ့ အေၾကာင္းျပခ်က္ကေတာ့ 

ရွင္းပါတယ္။ အဖိုးက သူေသမယ့္ေနရာကို သူ႔စိတ္ၾကိဳက္္ေရြးခ်ယ္ထား

တာပါတဲ့။ ဒီကြ်န္းဟာ သူ႔ရဲ႕ေခါင္းခ်ရာ ေနရာေပါ့လို႔ အဖုိးကသတ္မွတ္

ထားပါတယ္။ ဒါေပမယ့္ သနားစရာအဖိုးဟာ သူခ်စ္တဲ့ကြ်န္းမွာ 

ေခါင္းခ်ခြင့္ ရေတာ့မယ့္ပံု မေပၚပါဘူး။ ဘာလုိ႔ိဆို မၾကာေသးမီက

ကြ်န္းေပၚမွာ ေရာဂါေဝဒနာခံစားေနရတဲ့အဖိုးကုိ တစ္စံုတစ္္ဦးက 

ေတြ႕သြားျပီး ဂ်ပန္ကုိျပန္္ေခၚသြားကာ ေဆးကုေပးခဲ့ေၾကာင္း

သိရပါတယ္။ လက္ရွိအခ်ိန္မွာ အဖိုးရဲ႕က်န္းမာေရးက စိုးရိမ္စရာ

မရွိေတာ့ေပမယ့္ အစုိးရက အဖိုးကို အဲဒီကြ်န္းေလးကို ျပန္သြားခြင့္

မေပးေတာ့ပါဘူးတဲ့။ အဖိုးဟာ အစုိးရရဲ႕ေစာင့္ေရွာက္မႈေအာက္မွာ

သူခ်စ္တဲ့ကြ်န္္းေလးနဲ႔ အနီိးဆံုးျမိဳ႕ Ishigaki မွာ ေအးခ်မ္းစြာ 

ေနထုိင္လ်က္ရွိေၾကာင္း သိရပါတယ္။ အဖိုးတစ္္ေယာက္ ကြ်န္းေလးကုိ

လြမ္းဖ်ားလြမ္းနာက်ေနမလား စိုးရိမ္စရာပါပဲ။


source:buzzy

links -

https://www.theguardian.com/world/shortcuts/2018/jun/26/why-the-naked-hermit-of-japan-has-had-to-leave-his-island-after-29-years

https://www.news.com.au/lifestyle/real-life/true-stories/naked-hermit-who-lived-on-deserted-island-for-thirty-years-captured-brought-back-to-civilisation/news-story/cb26d68f95f682f86e04d339e11e1541

https://nextshark.com/japanese-man-lived-deserted-island-nearly-30-years-forced-return-civilization/

=================================


လူသူမနီးတဲ့ကျွန်းတစ်ကျွန်းမှာ တစ်ကိုယ်တည်း

နှစ်ပေါင်းများစွာနေထိုင်လာတဲ့ ဂျပန်အဖိုးအိုရဲ့ဖြစ်အင်

------------------------------------------------------------


လူတွေဟာဘဝမှာ နေထိုင်ရတာ သိပ်ကိုငြီးငွေ့ ပင်ပန်းလာတဲ့အခါ

လူသူမရှိတဲ့နေရာကို တစ်ယောက်တည်း ပြေးထွက်သွားချင်စိတ်

ဖြစ်တတ်ကြပါတယ်။ ဒါပေမယ့်လည်း လူအများစုက အဲဒီစိတ်ကို

အကောင်အထည် မဖော်နိုင်ပဲ သားသမီးသံယောဇဉ် မိဘသံယောဇဉ်နဲ့ 

လူ့အဖွဲ့အစည်းကြီးထဲမှာ ပိတ်မိနေကြဆဲပါပဲ။ ဂျပန်အဖိုးအို Nagaski 

ကတော့ အဲဒီသံယောဇဉ်တွေထဲက ရုန်းထွက်ပြီး ဧကစာရီကျင့်ခြင်းမှာ

အောင်မြင်မှုရခဲ့ပုံပါပဲ။


အဖိုးရဲ့နာမည်က Masafumi Nagasaki ဖြစ်ပြီး အသက်က 82 နှစ်

ရှိပါပြီ။ အဖိုးကဂျပန်လူမျိုးပါ။ အဖိုးဟာ တစ်ကီလိုမီတာအကျယ်ရှိတဲ့ 

Sotobanari ကျွန်းလေးပေါ်မှာတစ်ဦးတည်းနေထိုင်နေခဲ့တာကြာပြီလို့

ဆိုရမှာပါ။ကျွန်းလေးက ဂျပန်ရဲ့မြေပိုင်နက်ထဲမှာပေမယ့် ဂျပန်ထက်

ထိုင်ဝမ်နဲ့ပိုနီးကြောင်း သိရပါတယ်။ အဖိုးဟာကျွန်းလေးပေါ်ကို လွန်ခဲ့တဲ့

29 နှစ်က စတင်ရောက်ရှိခဲ့တာဖြစ်ပြီး ဆယ်စုနှစ်သုံးစုကြာတစ်ကိုယ်တည်း

နေထိုင်နေခဲ့တာဖြစ်ပါတယ်။ အဖိုးကိုရှာဖွေတွေ့ရှိခဲ့သူကတော့ စပိန်လူမျိုး

Alvaro Cerezo ဖြစ်ပါတယ်။ Cerezo ဟာလူသူမနီးတဲ့ကျွန်းတွေနေရာ

တွေကို ခရီးထွက်ရတာနှစ်သက်တဲ့ စွန့်ဦးတီထွင်သူတစ်ဦးဖြစ်တာကြောင့်

အဲဒီကျွန်းလေးပေါ်ကိုသွားရင်းဆိုသလို အဖိုး Nagasaki ကိုတွေ့ရှိခဲ့တာပါ။ 

Cezero က အဖိုးနဲ့အတူတူ ကျွန်းပေါ်မှာ ငါးရက်တာနေပြီး အဖိုးရဲ့

နေထိုင်ပုံတွေကိုစူးစမ်းလေ့လာခဲ့ပါတယ်။


အဖိုးဟာ သူတစ်ဦးတည်းကျွန်းပေါ်မှာနေတာဖြစ်ပေမယ့် ကျွန်းရဲ့

သန့်ရှင်းသာယာလှပရေးကို အလွန်ဂရုစိုက်ကြောင်း သိရပါတယ်။ 

ပြောကြကြေးဆိုရင် အဖိုးရဲ့ကျွန်းကလေးဟာ နာမည်ကြီး resorts 

တွေထက်တောင်ပိုပြီး သန့်ရှင်းနေပါတယ်တဲ့။ အဖိုးက Cezero ကိုလည်း

ကျွန်းပေါ်မှာနေရင် သူ့စည်းကမ်းအတိုင်းပဲ နေစေခဲ့ပါတယ်။ 

ဥပမာအားဖြင့် တဲထဲမဝင်ခင် တဲအဝက ရေခွက်ထဲကရေနဲ့ ခြေထောက်

ဆေးပြီးမှဝင်ရမယ်ဆိုတာမျိုး…အညစ်အကြေးစွန့်ချင်တဲ့အခါ ကျွန်းပေါ်မှာ

သန့်စင်ခန်းမရှိတာကြောင့် ရေစီးကြောင်းရဲ့လားရာကိုကြည့်ပြီးမှ

ရေစီးကြောင်းသွားတဲ့ဘက်မှာ အညစ်အကြေးစွန့်ရမယ်..အဲ့ဒါမှ 

အညစ်အကြေးတွေက ရေစီးကြောင်းနဲ့အတူ ပါသွားမှာဆိုတာမျိုး

အပါအဝင် သူကိုယ်တိုင်ထုတ်ထားတဲ့ ကိုယ်ပိုင်စည်းကမ်းပေါင်း

မြောက်များစွာရှိကြောင်းလည်း သိရပါတယ်။ အဖိုးဟာ ကျွန်းပေါ်ကို

စရောက်စဉ်က အဝတ်အစား အပြည့်အစုံနဲ့ပါ။ ကျွန်းပေါ်မှာအနေကြာ

သွားပြီးနောက်မှာတော့ မုန်တိုင်းဒဏ်၊ လေဒဏ်၊ ရေဒဏ်တွေကြောင့် 

အဝတ်အစားတွေက စုတ်ပြဲပျောက်ဆုံးသွားပြီး ကိုယ်လုံးတီးဘဝကို

ရောက်သွားကြောင်းသိရပါတယ်။ 


Cerezo ရဲ့အပြောအရ အဖိုးမှာ အရင်က ဇနီးဖြစ်သူနဲ့ သားသမီးနှစ်ဦး

ထွန်းကားခဲ့ပေမယ့် အဖိုးက သူ့ရဲ့အတိတ်ကို ပြန်မပြောချင်သလို

အတိတ်အကြောင်းနဲ့ပက်သက်ပြီး ဘာမှလည်း မကြားချင်တော့ကြောင်း

သိရပါတယ်။ အဖိုးရဲ့ ကျွန်းပေါ်မှာနေရတဲ့ အကြောင်းပြချက်ကတော့ 

ရှင်းပါတယ်။ အဖိုးက သူသေမယ့်နေရာကို သူ့စိတ်ကြိုက်ရွေးချယ်ထား

တာပါတဲ့။ ဒီကျွန်းဟာ သူ့ရဲ့ခေါင်းချရာ နေရာပေါ့လို့ အဖိုးကသတ်မှတ်

ထားပါတယ်။ ဒါပေမယ့် သနားစရာအဖိုးဟာ သူချစ်တဲ့ကျွန်းမှာ 

ခေါင်းချခွင့် ရတော့မယ့်ပုံ မပေါ်ပါဘူး။ ဘာလို့ိဆို မကြာသေးမီက

ကျွန်းပေါ်မှာ ရောဂါဝေဒနာခံစားနေရတဲ့အဖိုးကို တစ်စုံတစ်ဦးက 

တွေ့သွားပြီး ဂျပန်ကိုပြန်ခေါ်သွားကာ ဆေးကုပေးခဲ့ကြောင်း

သိရပါတယ်။ လက်ရှိအချိန်မှာ အဖိုးရဲ့ကျန်းမာရေးက စိုးရိမ်စရာ

မရှိတော့ပေမယ့် အစိုးရက အဖိုးကို အဲဒီကျွန်းလေးကို ပြန်သွားခွင့်

မပေးတော့ပါဘူးတဲ့။ အဖိုးဟာ အစိုးရရဲ့စောင့်ရှောက်မှုအောက်မှာ

သူချစ်တဲ့ကျွန်းလေးနဲ့ အနီးဆုံးမြို့ Ishigaki မှာ အေးချမ်းစွာ 

နေထိုင်လျက်ရှိကြောင်း သိရပါတယ်။ အဖိုးတစ်ယောက် ကျွန်းလေးကို

လွမ်းဖျားလွမ်းနာကျနေမလား စိုးရိမ်စရာပါပဲ။


source:buzzy

links -

https://www.theguardian.com/world/shortcuts/2018/jun/26/why-the-naked-hermit-of-japan-has-had-to-leave-his-island-after-29-years

https://www.news.com.au/lifestyle/real-life/true-stories/naked-hermit-who-lived-on-deserted-island-for-thirty-years-captured-brought-back-to-civilisation/news-story/cb26d68f95f682f86e04d339e11e1541

https://nextshark.com/japanese-man-lived-deserted-island-nearly-30-years-forced-return-civilization/


No comments:

Post a Comment