ပလတ္စတစ္ဘူးခြံမ်ားျဖင့္ ထူးထူးျခားျခား
တည္ေဆာက္ထားသည့္ အံ့ဖြယ္ျမစ္ကူးတံတား
---------------------------------------------------
❒ စြန္႔ပစ္ပလတ္စတစ္ဘူးခြံေတြနဲ႔ခ်ည္း ထူးထူးျခားျခား
ေဆာက္လုပ္ထားတဲ့ ျမစ္ကူးတံတားတစင္းဟာ အြန္လိုင္းေပၚမွာ
စိတ္ဝင္စားမႈေတြ ျမင့္တက္ေနပါတယ္။ အဲဒီ ျမစ္ကူးတံတားဟာ
ထိုင္းႏိုင္ငံ၊ ဖက္ခ်ဘူရီခ႐ုိင္ထဲက ဝက္ေသာင္ နက္ပခြန္ ေက်းလက္
ဘုန္းႀကီးေက်ာင္း အနီးမွာ တည္ရွိတာျဖစ္တယ္လို႔ ကိုကိုးနပ္စ္
သတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။
အရွည္ ၄၂ မီတာရွိတဲ့ အဲဒီတံတားနဲ႔အတူ အေပ်ာ္စီးေလွငယ္ ၄ စီး
ကိုလည္း ပလတ္စတစ္ဘူးခြံေတြနဲ႔ တည္ေဆာက္ထားခဲ့တာျဖစ္ၿပီး
တံတားတည္ေဆာက္ရာမွာေတာ့ ပလတ္စတစ္ဘူးခြံေပါင္း ၂ ေသာင္းခြဲ
ေလာက္ အသံုးျပဳခဲ့ရတယ္လို႔ ေက်ာင္းထိုင္ဆရာေတာ္ ဖရာက႐ူကိုဆြန္
က ေျပာပါတယ္။
ဘုန္းႀကီးေက်ာင္းအနီး ျမစ္ကမ္းနားက ဝက္ေသာင္နက္ပခြန္ေစ်း
ကိုလည္း အပတ္စဥ္ ဖြင့္လွစ္သြားမွာျဖစ္ကာ လာေရာက္ၾကသူေတြ
အေနနဲ႔ အဲဒီတံတားေပၚက ျဖတ္ေလွ်ာက္ ေလ့လာႏိုင္မွာ ျဖစ္တယ္လို႔
ဆိုပါတယ္။ ဒါဟာ စြန္႔ပစ္ပစၥည္းေတြကို ျပန္လည္သံုးစြဲေရးဆိုင္ရာ
သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး လႈပ္ရွားမႈအေနနဲ႔ တည္ေဆာက္
ခဲ့တာ ျဖစ္ပါတယ္။
ဒီလိုတည္ေဆာက္ႏိုင္ဖို႔ စိတ္ကူးကို ဘုန္းႀကီးေက်ာင္းက ရရွိခဲ့ၿပီးခ်ိန္မွာ
ေဒသခံေတြက ပလတ္စတစ္ဘူးခြံေတြကို လာေရာက္စုေဆာင္းေပးခဲ့
ၾကတာလို႔ ဆိုပါတယ္။
source:myanbnews
https://coconuts.co/bangkok/news/thai-temple-builds-entire-bridge-used-plastic-bottles/
===============================
ပလတ်စတစ်ဘူးခွံများဖြင့် ထူးထူးခြားခြား
တည်ဆောက်ထားသည့် အံ့ဖွယ်မြစ်ကူးတံတား
---------------------------------------------------
❒ စွန့်ပစ်ပလတ်စတစ်ဘူးခွံတွေနဲ့ချည်း ထူးထူးခြားခြား
ဆောက်လုပ်ထားတဲ့ မြစ်ကူးတံတားတစင်းဟာ အွန်လိုင်းပေါ်မှာ
စိတ်ဝင်စားမှုတွေ မြင့်တက်နေပါတယ်။ အဲဒီ မြစ်ကူးတံတားဟာ
ထိုင်းနိုင်ငံ၊ ဖက်ချဘူရီခရိုင်ထဲက ဝက်သောင် နက်ပခွန် ကျေးလက်
ဘုန်းကြီးကျောင်း အနီးမှာ တည်ရှိတာဖြစ်တယ်လို့ ကိုကိုးနပ်စ်
သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အရှည် ၄၂ မီတာရှိတဲ့ အဲဒီတံတားနဲ့အတူ အပျော်စီးလှေငယ် ၄ စီး
ကိုလည်း ပလတ်စတစ်ဘူးခွံတွေနဲ့ တည်ဆောက်ထားခဲ့တာဖြစ်ပြီး
တံတားတည်ဆောက်ရာမှာတော့ ပလတ်စတစ်ဘူးခွံပေါင်း ၂ သောင်းခွဲ
လောက် အသုံးပြုခဲ့ရတယ်လို့ ကျောင်းထိုင်ဆရာတော် ဖရာကရူကိုဆွန်
က ပြောပါတယ်။
ဘုန်းကြီးကျောင်းအနီး မြစ်ကမ်းနားက ဝက်သောင်နက်ပခွန်ဈေး
ကိုလည်း အပတ်စဉ် ဖွင့်လှစ်သွားမှာဖြစ်ကာ လာရောက်ကြသူတွေ
အနေနဲ့ အဲဒီတံတားပေါ်က ဖြတ်လျှောက် လေ့လာနိုင်မှာ ဖြစ်တယ်လို့
ဆိုပါတယ်။ ဒါဟာ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်သုံးစွဲရေးဆိုင်ရာ
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုအနေနဲ့ တည်ဆောက်
ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုတည်ဆောက်နိုင်ဖို့ စိတ်ကူးကို ဘုန်းကြီးကျောင်းက ရရှိခဲ့ပြီးချိန်မှာ
ဒေသခံတွေက ပလတ်စတစ်ဘူးခွံတွေကို လာရောက်စုဆောင်းပေးခဲ့
ကြတာလို့ ဆိုပါတယ်။
source:myanbnews
https://coconuts.co/bangkok/news/thai-temple-builds-entire-bridge-used-plastic-bottles/
No comments:
Post a Comment