------------------------------------------------------------
မသေးပါဘူး။
Author: Leo
credit:MyanmarNote
===============================
Facebook ပေါ်မှာ ကိုယ်ကြည့်မရတဲ့သူတွေကို
Unfriend လုပ်စရာမလိုဘဲ ဘယ်လို hide လုပ်ကြမလဲ
------------------------------------------------------------
Facebook ဆိုတဲ့ လူမှုကွန်ရက်ကြီးပေါ်မှာ သုံးစွဲသူ သန်းထောင်နဲ့ချီရှိပြီး
မြန်မာနိုင်ငံမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍတစ်နေရာမှာ ပါဝင်နေ
ပါတယ်။ မနက်မိုးလင်းတာနဲ့ Facebook လေး ဖွင့်ကြည့်ရမှ ကျေနပ်တဲ့
အလေ့အထလေးတွေ လူတိုင်းနီးပါးမှာ ရှိတတ်ပြီး သတင်းထူးတစ်ခုခု
သိချင်ရင်လည်း Facebook ပေါ်မှာပဲ တက်ကြည့်ကြပါတော့တယ်။
တစ်နည်းအားဖြင့် ဆိုရရင် လူတွေရဲ့ဘဝမှာ Facebook ရဲ့လွှမ်းမိုးမှုက
မသေးပါဘူး။
လူမှုကွန်ရက်ဆိုတဲ့အတိုင်း လူတွေစုပေါင်း နေထိုင်တဲ့ Virtual World
ဖြစ်တဲ့အလျောက် Facebook ပေါ်မှာ လူမှုရေးပြဿနာလေးတွေလည်း
ရှိနိုင်ပါတယ်။ သူစိမ်းတွေနဲ့ ပြဿနာတက်ရင် Unfriend လုပ်တာတို့၊
Block တာတို့ လုပ်လိုက်လို့ရပေမယ့် မကောင်းတတ်တဲ့သူတွေ၊
မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဝင်တွေက ကိုယ့် Friend list ထဲမှာ
ရှိနေပြီး ကိုယ်သဘောမတွေ့တဲ့ အရာတွေကို လုပ်နေရင်၊ share နေရင်
အာရုံတော်တော် နောက်ရပါတယ်။ Unfriend လုပ်မရ၊ Block မရတဲ့
သူတွေဆီက ကိုယ်မမြင်ချင်တဲ့ content တွေ ကိုယ့် newsfeed ပေါ်
တက်မလာအောင် ဘယ်လိုလုပ်ရမလဲဆိုတော့…
ပုံတွေမှာပြထားတဲ့အတိုင်းသာ လုပ်ကြည့်ပါ...
Author: Leo
credit:MyanmarNote
No comments:
Post a Comment