“ဗိုက္ထဲက သင့္ရန္သူ”
(Worm Infestations and Deworming)
------------------------------------------------
ေသခ်ာပါတယ္…ဒီစာကိုဖတ္ေနသူေတာ္ေတာ္မ်ားမ်ားရဲ႕
ဗိုက္ထဲမွာလည္း မသိလိုက္ဘဲနဲ႔ ရန္သူေတြ အေထြးလိုက္
ခုိေအာင္းေနမယ္ဆိုတာ…။ ဘာေၾကာင့္ အတပ္ေျပာႏိုင္လဲဆိုေတာ့
ကိုယ္ေတြႏိုင္ငံမွာက က်န္းမာေရးအသိ သိပ္မႂကြယ္ၾကေသးတဲ့
အေလ်ာက္ အစားစားခါနီး လက္ကိုဆပ္ျပာနဲ႔ ေဆးတဲ့အက်င့္
မ႐ွိၾကေသး။ အစားအစာ ျပင္ဆင္ခ်က္ျပဳတ္ခါနီးလည္း လက္ကို
ေရေလးနဲ႔ပဲ အျဖစ္ေဆးတဲ့အက်င့္ကပါ..ဆိုေတာ့… ဗိုက္ထဲမယ္
သင့္က်န္းမာေရးကို အႏၱရာယ္ျပဳႏိုင္မယ့္ရန္သူျဖစ္တယ့္ သန္ေကာင္ေတြ
စုေနႏိုင္တာ မဆန္းပါဘူး။ ခုေနာက္ပိုင္း ေဟာ့ေပါ့ အကင္ စတဲ့
မက်က္တက်က္စားၾကတဲ့ အစားအစာမ်ိဳးေတြ ေခတ္စားလာတာလည္း
သန္ထေစတဲ့ အေၾကာင္းတစ္ခုထဲ အပါအဝင္ေပါ့။ ေနာက္ထပ္ေျပာရရင္
တိရစၦာန္ေတြနဲ႔ လက္ပြန္းတတီးေနျခင္း ၊ေျခဗလာနဲ႔ ေလ်ွာက္သြားျခင္း၊
သန႔္႐ွင္းမႈမ႐ွိတဲ့ ေရကူးကန္ေတြမွာကူးျခင္း စတာေတြကတစ္ဆင့္လည္း
သန္ေကာင္ေတြ ဗိုက္ထဲေရာက္တတ္တယ္။
သင္ၾကားဖူးမွာေပါ့….သန္ေကာင္ေတြ ပါးစပ္ထဲကထြက္လာတယ္..
နားထဲကထြက္လာတယ္… ႏွာေခါင္းထဲ၊ မ်က္လံုးထဲေတြက
ထြက္လာတယ္… စသျဖင့္ အူယားစရာ အျဖစ္အပ်က္ေတြ။
ဒီေလာက္ထိျဖစ္ေနၿပီဆိုရင္ေတာ့ ဗိုက္ထဲမွာ သန္ေကာင္ေတြ
အေတာ္ျကီးကို မ်ားေနလို႔ပါ။ ပံုမွန္အားျဖင့္ ဗိုက္ထဲမွာ သန္ေကာင္ေတြ
႐ွိေနၿပီဆိုရင္ ခံစားရမယ့္ လကၡဏာေလးေတြကေတာ့
– ဖ်ားမယ္
– စအိုဝယားမယ္
– ဝမ္းထဲမွာ သန္ေကာင္ေတြပါလာမယ္
– ဗိုက္ေအာင့္ဗိုက္နာမယ္
– အလုပ္ပင္ပန္းလို႔မဟုတ္ဘဲ ေနရင္းထိုင္ရင္း အားမ႐ွိ၊ ႏံုးခ်ိေနမယ္
– အစာစားခ်င္စိတ္မ႐ွိ
- ေခ်ာင္းဆိုးမယ္(အသက္ရွဴရင္ တရႊီရႊီျမည္မယ္)
သန္ေကာင္ေတြ မ်ားသထက္မ်ားလာၿပီဆိုရင္ေတာ့
– ေသြးအားနည္းမယ္
– ကိုယ္အေလးခ်ိန္က်ဆင္းလာမယ္
– ဗိုက္ေဖာင္းလာမယ္
– ဗိုက္ေတြထိုးေအာင့္လာမယ္
– အသက္႐ွဴၾကပ္မယ္
– ဝမ္းသြားမယ္
– သိသိသာသာအားနည္း၊ႏံုးလာမယ္
ဒါေတြကို ကာကြယ္ဖို႔ဆိုရင္ သင္အပါအဝင္ သင္တို႔တစ္မိသားစုလံုး
ဆရာဝန္နဲ႔တိုင္ပင္ၿပီး (၆)လတစ္ႀကိမ္ သန္ခ်ဖို႔လိုပါလိမ့္မယ္။
ကေလးေတြကေတာ့ အသက္(၂)ႏွစ္ျပည့္ၿပီးတာနဲ႔ သန္စခ်လို႔ရပါၿပီ။
(သန္ေရာဂါ အျဖစ္မ်ားတဲ့ေဒသေတြမွာ အသက္ (၂) ႏွစ္မျပည့္ေသး
ခင္မွာေတာင္ ဆရာဝန္နဲ႔တိုင္ပင္ၿပီး သန္ခ်ဖို႔လိုႏိုင္ပါတယ္။)သန္ခ်ရံုနဲ႔
ၿပီးျပီလားဆိုေတာ့ မၿပီးေသးပါဘူး။ လက္သည္းေတြ ပံုမွန္ညႇပ္ဖို႔၊
လက္သည္းၾကားထဲ ေခ်းေတြဝင္မေနေစရန္ ပုံမွန္ သန္႔႐ွင္းေရးလုပ္ဖို႔ ၊
အစာမစားမီအခ်ိန္နဲ႔ အစားအစာ ျပင္ဆင္ခ်က္ျပဳတ္ခါနီးအခ်ိန္ေတြမွာ
လက္ကိုဆပ္ျပာနဲ႔စင္ေအာင္ေဆးဖို႔ လိုပါလိမ့္မယ္။ သန္ေကာင္ေတြဟာ
သင့္ကိုေကာင္းေကာင္းႀကီး ဒုကၡေပးႏိုင္တာမို႔ ဗိုက္ထဲက
သင့္ရန္သူေတြကို အထင္မေသးလိုက္ပါနဲ႔။
Dr.May ThantSyn
source:MyanmarNote
fb link -
https://www.facebook.com/moe.natthar.792/posts/2504497189880281
==============================
“ဗိုက်ထဲက သင့်ရန်သူ”
(Worm Infestations and Deworming)
------------------------------------------------
သေချာပါတယ်…ဒီစာကိုဖတ်နေသူတော်တော်များများရဲ့
ဗိုက်ထဲမှာလည်း မသိလိုက်ဘဲနဲ့ ရန်သူတွေ အထွေးလိုက်
ခိုအောင်းနေမယ်ဆိုတာ…။ ဘာကြောင့် အတပ်ပြောနိုင်လဲဆိုတော့
ကိုယ်တွေနိုင်ငံမှာက ကျန်းမာရေးအသိ သိပ်မကြွယ်ကြသေးတဲ့
အလျောက် အစားစားခါနီး လက်ကိုဆပ်ပြာနဲ့ ဆေးတဲ့အကျင့်
မရှိကြသေး။ အစားအစာ ပြင်ဆင်ချက်ပြုတ်ခါနီးလည်း လက်ကို
ရေလေးနဲ့ပဲ အဖြစ်ဆေးတဲ့အကျင့်ကပါ..ဆိုတော့… ဗိုက်ထဲမယ်
သင့်ကျန်းမာရေးကို အန္တရာယ်ပြုနိုင်မယ့်ရန်သူဖြစ်တယ့် သန်ကောင်တွေ
စုနေနိုင်တာ မဆန်းပါဘူး။ ခုနောက်ပိုင်း ဟော့ပေါ့ အကင် စတဲ့
မကျက်တကျက်စားကြတဲ့ အစားအစာမျိုးတွေ ခေတ်စားလာတာလည်း
သန်ထစေတဲ့ အကြောင်းတစ်ခုထဲ အပါအဝင်ပေါ့။ နောက်ထပ်ပြောရရင်
တိရစ္ဆာန်တွေနဲ့ လက်ပွန်းတတီးနေခြင်း ၊ခြေဗလာနဲ့ လျှောက်သွားခြင်း၊
သန့်ရှင်းမှုမရှိတဲ့ ရေကူးကန်တွေမှာကူးခြင်း စတာတွေကတစ်ဆင့်လည်း
သန်ကောင်တွေ ဗိုက်ထဲရောက်တတ်တယ်။
သင်ကြားဖူးမှာပေါ့….သန်ကောင်တွေ ပါးစပ်ထဲကထွက်လာတယ်..
နားထဲကထွက်လာတယ်… နှာခေါင်းထဲ၊ မျက်လုံးထဲတွေက
ထွက်လာတယ်… စသဖြင့် အူယားစရာ အဖြစ်အပျက်တွေ။
ဒီလောက်ထိဖြစ်နေပြီဆိုရင်တော့ ဗိုက်ထဲမှာ သန်ကောင်တွေ
အတော်ကြီးကို များနေလို့ပါ။ ပုံမှန်အားဖြင့် ဗိုက်ထဲမှာ သန်ကောင်တွေ
ရှိနေပြီဆိုရင် ခံစားရမယ့် လက္ခဏာလေးတွေကတော့
– ဖျားမယ်
– စအိုဝယားမယ်
– ဝမ်းထဲမှာ သန်ကောင်တွေပါလာမယ်
– ဗိုက်အောင့်ဗိုက်နာမယ်
– အလုပ်ပင်ပန်းလို့မဟုတ်ဘဲ နေရင်းထိုင်ရင်း အားမရှိ၊ နုံးချိနေမယ်
– အစာစားချင်စိတ်မရှိ
- ချောင်းဆိုးမယ်(အသက်ရှူရင် တရွှီရွှီမြည်မယ်)
သန်ကောင်တွေ များသထက်များလာပြီဆိုရင်တော့
– သွေးအားနည်းမယ်
– ကိုယ်အလေးချိန်ကျဆင်းလာမယ်
– ဗိုက်ဖောင်းလာမယ်
– ဗိုက်တွေထိုးအောင့်လာမယ်
– အသက်ရှူကြပ်မယ်
– ဝမ်းသွားမယ်
– သိသိသာသာအားနည်း၊နုံးလာမယ်
ဒါတွေကို ကာကွယ်ဖို့ဆိုရင် သင်အပါအဝင် သင်တို့တစ်မိသားစုလုံး
ဆရာဝန်နဲ့တိုင်ပင်ပြီး (၆)လတစ်ကြိမ် သန်ချဖို့လိုပါလိမ့်မယ်။
ကလေးတွေကတော့ အသက်(၂)နှစ်ပြည့်ပြီးတာနဲ့ သန်စချလို့ရပါပြီ။
(သန်ရောဂါ အဖြစ်များတဲ့ဒေသတွေမှာ အသက် (၂) နှစ်မပြည့်သေး
ခင်မှာတောင် ဆရာဝန်နဲ့တိုင်ပင်ပြီး သန်ချဖို့လိုနိုင်ပါတယ်။)သန်ချရုံနဲ့
ပြီးပြီလားဆိုတော့ မပြီးသေးပါဘူး။ လက်သည်းတွေ ပုံမှန်ညှပ်ဖို့၊
လက်သည်းကြားထဲ ချေးတွေဝင်မနေစေရန် ပုံမှန် သန့်ရှင်းရေးလုပ်ဖို့ ၊
အစာမစားမီအချိန်နဲ့ အစားအစာ ပြင်ဆင်ချက်ပြုတ်ခါနီးအချိန်တွေမှာ
လက်ကိုဆပ်ပြာနဲ့စင်အောင်ဆေးဖို့ လိုပါလိမ့်မယ်။ သန်ကောင်တွေဟာ
သင့်ကိုကောင်းကောင်းကြီး ဒုက္ခပေးနိုင်တာမို့ ဗိုက်ထဲက
သင့်ရန်သူတွေကို အထင်မသေးလိုက်ပါနဲ့။
Dr.May ThantSyn
source:MyanmarNote
No comments:
Post a Comment