မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Thursday, September 17, 2020

မထင္မွတ္တဲ့ အျဖစ္အပ်က္နဲ႔ၾကံဳခဲ့ရတဲ့အမ်ိဳးသမီး

 ေျမေအာက္မိလႅာေပါက္ထဲက်ရာကေန 

မထင္မွတ္တဲ့ အျဖစ္အပ်က္နဲ႔ၾကံဳခဲ့ရတဲ့အမ်ိဳးသမီး

------------------------------------------------------

▶    ေျမေအာက္မိလႅာလိုင္းထဲ မေတာ္တဆေျခေခ်ာ္က်ခဲ့တဲ့

ရုရွားအမ်ိဳးသမီးတစ္ေယာက္ဟာ မိလႅာလိုင္းထဲေရာက္ႏွင့္ေနၿပီးျဖစ္တဲ့

ကေလးတစ္ဦးကို ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။ အသက္(၁၀)ႏွစ္အရြယ္ 

ထိုကေလးကို ေအးခဲၿပီး ေသေစမယ့္အေျခအေနကေန ကယ္တင္ႏိုင္

တာျဖစ္ပါတယ္။

ကယ္တင္ခဲ့သူအမ်ိဳးသမီးဟာ အသက္(၃၁)ႏွစ္အရြယ္ရွိ

Gulia Yarullina ဆုိသူျဖစ္ၿပီး (၁၀)ႏွစ္သားကေလးကို 

လူေပ်ာက္ရွာေဖြေရး အဖြဲ႔ထဲကပဲျဖစ္ပါတယ္။ ကေလးကိုလိုက္ရွာ

ေနၾကတုန္း သူမက ႏွင္းေတြနဲ႔ဖံုးေနတဲ့ မိလႅာေပါက္ၾကီးကိုမျမင္မိပဲ 

ျပဳတ္က်ခဲ့တာျဖစ္ပါတယ္။

ထို႔ေနာက္မွာေတာ့ Gulia ဟာအ့ံၾသ၀မ္းသာစြာနဲ႔ မိလႅာလမ္းေလးမွာ

အိပ္ေမာက်ေနတဲ့ Burat ကိုသြားေတြ႔ခဲ့ပါတယ္။ NTV နဲ႔စကားေျပာ

ခ်က္အရ သူမကအခုလိုေျပာျပခဲ့ပါတယ္။ 

“…..ပထမဆံုးေတာ့ ကေလးကေသေနၿပီလို႔ ထင္ခဲ့တာ….

သူကလည္း လွဲေနတာကိုး….ကြ်န္မလည္း ေၾကာက္လြန္းလို႔ 

ေအာ္လိုက္တယ္…သူလည္းႏိုးလာၿပီး ကြ်န္မကိုျမင္ၿပီး ေအာ္တာပဲ..”

“….ကြ်န္မက ကေလးကိုေျပာရတယ္..မေၾကာက္ဖို႔..

သူ႔ကိုလုိက္ရွာေနတဲ့အေၾကာင္းနဲ႔ ေနာက္ဆံုးမွာေတြ႔ၿပီျဖစ္တဲ့

အေၾကာင္းေပါ့….ကေလးကအရမ္းေပ်ာ္သြားၿပီး ထခုန္တာပဲ…..”


တာ၀န္ရွိသူေတြကေတာ့ တကယ္လို႔ Gulia ဟာ ေအာက္ထဲလဲ 

မက်ခဲ့ဘူးဆိုရင္ ေနာက္တစ္နာရီအၾကာမွာ ကေလးေသဆံုးမယ့္

အေၾကာင္း ဆိုပါတယ္။ Gulia ကေတာ့ ျပဳတ္က်စဥ္တုန္းက 

ခါးနာသြားခဲ့ၿပီး Burat ကိုေတာ့ ကုိယ္အပူခ်ိန္ေတြ က်ေနတာေၾကာင့္ 

ေဆးရံုကိုေခၚသြားခဲ့ေၾကာင္း ဆိုခဲ့ပါတယ္။

မိဘေတြနဲ႔ျပန္လည္ေပါင္းစည္းခြင့္ရသူ ကေလးကေတာ့ 

စြတ္ဖားစီးဖို႔ထြက္ရင္း ေအာက္ထဲကိုက်သြားခဲ့ေၾကာင္းနဲ႔ 

ေအာက္ထဲမွာ ေအာ္ဟစ္ငိုယိုၿပီး အိပ္ေပ်ာ္သြားခဲ့ေၾကာင္း 

မိဘေတြကိုေျပာျပခဲ့ပါတယ္။ အဆိုပါတြင္းဟာ ကေလးေနထိုင္ရာ 

Cheremshan ေနအိမ္ကေန ကိုက္(၂၅၀)အကြာမွာရွိေၾကာင္း 

သိရပါတယ္။


လင္းလင္း (ShweMom)

link -

https://www.thesun.co.uk/news/5259420/russian-woman-falls-sewer-blizzard-finds-missing-boy/

=============================


မြေအောက်မိလ္လာပေါက်ထဲကျရာကနေ 

မထင်မှတ်တဲ့ အဖြစ်အပျက်နဲ့ကြုံခဲ့ရတဲ့အမျိုးသမီး

------------------------------------------------------


▶    မြေအောက်မိလ္လာလိုင်းထဲ မတော်တဆခြေချော်ကျခဲ့တဲ့

ရုရှားအမျိုးသမီးတစ်ယောက်ဟာ မိလ္လာလိုင်းထဲရောက်နှင့်နေပြီးဖြစ်တဲ့

ကလေးတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အသက်(၁၀)နှစ်အရွယ် 

ထိုကလေးကို အေးခဲပြီး သေစေမယ့်အခြေအနေကနေ ကယ်တင်နိုင်

တာဖြစ်ပါတယ်။


ကယ်တင်ခဲ့သူအမျိုးသမီးဟာ အသက်(၃၁)နှစ်အရွယ်ရှိ

Gulia Yarullina ဆိုသူဖြစ်ပြီး (၁၀)နှစ်သားကလေးကို 

လူပျောက်ရှာဖွေရေး အဖွဲ့ထဲကပဲဖြစ်ပါတယ်။ ကလေးကိုလိုက်ရှာ

နေကြတုန်း သူမက နှင်းတွေနဲ့ဖုံးနေတဲ့ မိလ္လာပေါက်ကြီးကိုမမြင်မိပဲ 

ပြုတ်ကျခဲ့တာဖြစ်ပါတယ်။


ထို့နောက်မှာတော့ Gulia ဟာအံ့သြဝမ်းသာစွာနဲ့ မိလ္လာလမ်းလေးမှာ

အိပ်မောကျနေတဲ့ Burat ကိုသွားတွေ့ခဲ့ပါတယ်။ NTV နဲ့စကားပြော

ချက်အရ သူမကအခုလိုပြောပြခဲ့ပါတယ်။ 

“…..ပထမဆုံးတော့ ကလေးကသေနေပြီလို့ ထင်ခဲ့တာ….

သူကလည်း လှဲနေတာကိုး….ကျွန်မလည်း ကြောက်လွန်းလို့ 

အော်လိုက်တယ်…သူလည်းနိုးလာပြီး ကျွန်မကိုမြင်ပြီး အော်တာပဲ..”


“….ကျွန်မက ကလေးကိုပြောရတယ်..မကြောက်ဖို့..

သူ့ကိုလိုက်ရှာနေတဲ့အကြောင်းနဲ့ နောက်ဆုံးမှာတွေ့ပြီဖြစ်တဲ့

အကြောင်းပေါ့….ကလေးကအရမ်းပျော်သွားပြီး ထခုန်တာပဲ…..”


တာဝန်ရှိသူတွေကတော့ တကယ်လို့ Gulia ဟာ အောက်ထဲလဲ 

မကျခဲ့ဘူးဆိုရင် နောက်တစ်နာရီအကြာမှာ ကလေးသေဆုံးမယ့်

အကြောင်း ဆိုပါတယ်။ Gulia ကတော့ ပြုတ်ကျစဉ်တုန်းက 

ခါးနာသွားခဲ့ပြီး Burat ကိုတော့ ကိုယ်အပူချိန်တွေ ကျနေတာကြောင့် 

ဆေးရုံကိုခေါ်သွားခဲ့ကြောင်း ဆိုခဲ့ပါတယ်။


မိဘတွေနဲ့ပြန်လည်ပေါင်းစည်းခွင့်ရသူ ကလေးကတော့ 

စွတ်ဖားစီးဖို့ထွက်ရင်း အောက်ထဲကိုကျသွားခဲ့ကြောင်းနဲ့ 

အောက်ထဲမှာ အော်ဟစ်ငိုယိုပြီး အိပ်ပျော်သွားခဲ့ကြောင်း 

မိဘတွေကိုပြောပြခဲ့ပါတယ်။ အဆိုပါတွင်းဟာ ကလေးနေထိုင်ရာ 

Cheremshan နေအိမ်ကနေ ကိုက်(၂၅၀)အကွာမှာရှိကြောင်း 

သိရပါတယ်။


လင်းလင်း (ShweMom)

link -

https://www.thesun.co.uk/news/5259420/russian-woman-falls-sewer-blizzard-finds-missing-boy/


No comments:

Post a Comment