မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Thursday, September 17, 2020

ႏွစ္သက္မိေသာစာတစ္ပုဒ္

 းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ႏွစ္သက္မိေသာစာတစ္ပုဒ္

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ဆရာမ...

ေခၚသံၾကားလို့ေမာ့ၾကည့္လိုက္ေတာ့ 

မ်က္နွာငယ္ေလးနဲ႕ စာအုပ္ကေလးကိုင္ပီး

မဝံ႔မရဲရပ္ေနတဲ႔က်မရဲ႕တပည့္ေလးကို

ေတြ႔လိုက္ရတယ္...


သား..ဒီပုစၧာမတြက္တတ္ဘူးး ဆရာမ...


ဒီလိုအသံၾကားေတာ့ က်မစိတ္ထဲမွာ 

ေဒါသက ေထာင္းကနည္းထြက္မိသြားတယ္...

သားရာ မနက္ကလည္း ဆရာမအႀကိမ္ႀကိမ္ရွင္းျပထားတယ္

ဒါေလးေတာင္... မတြက္တတ္ဘူးလားကြာ...

က်မရဲ႕ေဒါသသံေအာက္မွာ ကေလးေလးက ပိုပီး 

မ်က္နွာေလးငယ္သြားတယ္ သူ့မ်က္ဝန္းေလးမွာေတာင္

မ်က္ရည္ေလးမ်ားဝဲလို႕ေပါ့...


က်မလည္းေျပာမိပီးမွ ကိုယ္ေျပာမိတဲ႔စကားလံုးအတြက္

ကေလးကိုသနားအားနာ ျဖစ္မိသြားခဲ႔တယ္...


က်မသံုးနႈံးလိုက္မိတဲ႕.. ဒါေလးေတာင္မွ.. ဆိုတဲ႕

စကားလံုးေလးဟာ ဆရာမျဖစ္တဲ႕က်မအတြက္ေတာ့ 

အေသးအမႊားေလးပဲေပါ့...

ခုမွစပီးသင္ဘူးတဲ႔ ကေလးေလးအတြက္က်ေတာ့ 

သူ့႕ဦးေနွာက္ ေသးေသးေလးနဲ႔ အႀကီးႀကီးျဖစ္ေနမယ္လို႕

က်မ မေတြးေပးခဲ႕ မိဘူး...

က်မလဲ ကေလးနားလည္ေအာင္ ေသခ်ာျပန္ရွင္းျပေပးျပီး

ေခါင္းထဲမွာ အေတြး အမ်ားႀကီးဝင္ေနခဲ႔မိပါတယ္..


က်မတို့ လူ့ေလာကထဲမွာလဲ ဒီလိုပါပဲ 

တစ္ခ်ိန္မဟုတ္တစ္ခ်ိန္ ဒီစကားလံုး သံုးမိၾကမွာပါပဲ...


ဒါေလးေတာင္...

မလုပ္တတ္ဘူးလား...


ဒါေလးေတာင္...

မရိွဘူးလား...


ဒါေလးေတာင္...

မစဥ္းစားတတ္ဘူးလား...


ဒီလိုမ်ိုးလူတိုင္းသံုးဖူးမွာပါပဲ... ေျပာလိုက္တဲ႔လူကေတာ့

ေပါ့ေပါ့ေလးနဲ႔ ေျပာလိုက္တာပါပဲ

ခံရတဲ႔တဖက္လူမွာေတာ့ ... နင့္နင့္နဲနဲခံစားရပါတယ္...


တစ္ဖက္သား... ဘယ္ေလာက္သိမ္ငယ္ရွက္ရြံ႕သြားမလဲလို႕

တစ္ခါမွ မေတြးေပးမိခဲ႔ဘူး...

ဒါေလးေတာင္မွ...

ဆိုတဲ႔စကားတစ္ခြန္းေနာက္မွာ 

ကိုယ့္ကိုယ္ကို 

အထင္ႀကီးျခင္းေတြပါတယ္...

တစ္ဖက္သားကိုအထင္ေသး

ကဲ႔ရဲ႕ျခင္းေတြပါတယ္...


ဒီကေရွ႕...

အတၲဆန္တဲ႔ဒီစကားလံုးကို

တတ္န္ုင္သေလာက္ေတာ့ မသံုးမိေအာင္ဆင္ျခင္ရမယ္...


က်မရဲ႕တပည့္ေလးကို ေက်းဇူးတင္မိတယ္... 

သူ႔ေၾကာင့္က်မ ဒီေန့ မွန္ကန္တဲ႔အေတြးေလးတစ္ခု

ရလိုက္တယ္ေလ...

.

kyu kyu kyawt shin...

source:tartay

============================


းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

နှစ်သက်မိသောစာတစ်ပုဒ်

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


ဆရာမ...

ခေါ်သံကြားလို့မော့ကြည့်လိုက်တော့ 

မျက်နှာငယ်လေးနဲ့ စာအုပ်ကလေးကိုင်ပီး

မဝံ့မရဲရပ်နေတဲ့ကျမရဲ့တပည့်လေးကို

တွေ့လိုက်ရတယ်...


သား..ဒီပုစ္ဆာမတွက်တတ်ဘူးး ဆရာမ...


ဒီလိုအသံကြားတော့ ကျမစိတ်ထဲမှာ 

ဒေါသက ထောင်းကနည်းထွက်မိသွားတယ်...

သားရာ မနက်ကလည်း ဆရာမအကြိမ်ကြိမ်ရှင်းပြထားတယ်

ဒါလေးတောင်... မတွက်တတ်ဘူးလားကွာ...


ကျမရဲ့ဒေါသသံအောက်မှာ ကလေးလေးက ပိုပီး 

မျက်နှာလေးငယ်သွားတယ် သူ့မျက်ဝန်းလေးမှာတောင်

မျက်ရည်လေးများဝဲလို့ပေါ့...


ကျမလည်းပြောမိပီးမှ ကိုယ်ပြောမိတဲ့စကားလုံးအတွက်

ကလေးကိုသနားအားနာ ဖြစ်မိသွားခဲ့တယ်...


ကျမသုံးနှုံးလိုက်မိတဲ့.. ဒါလေးတောင်မှ.. ဆိုတဲ့

စကားလုံးလေးဟာ ဆရာမဖြစ်တဲ့ကျမအတွက်တော့ 

အသေးအမွှားလေးပဲပေါ့...

ခုမှစပီးသင်ဘူးတဲ့ ကလေးလေးအတွက်ကျတော့ 

သူ့ဦးနှောက် သေးသေးလေးနဲ့ အကြီးကြီးဖြစ်နေမယ်လို့

ကျမ မတွေးပေးခဲ့ မိဘူး...


ကျမလဲ ကလေးနားလည်အောင် သေချာပြန်ရှင်းပြပေးပြီး

ခေါင်းထဲမှာ အတွေး အများကြီးဝင်နေခဲ့မိပါတယ်..


ကျမတို့ လူ့လောကထဲမှာလဲ ဒီလိုပါပဲ 

တစ်ချိန်မဟုတ်တစ်ချိန် ဒီစကားလုံး သုံးမိကြမှာပါပဲ...


ဒါလေးတောင်...

မလုပ်တတ်ဘူးလား...


ဒါလေးတောင်...

မရှိဘူးလား...


ဒါလေးတောင်...

မစဉ်းစားတတ်ဘူးလား...


ဒီလိုမျိုးလူတိုင်းသုံးဖူးမှာပါပဲ... ပြောလိုက်တဲ့လူကတော့

ပေါ့ပေါ့လေးနဲ့ ပြောလိုက်တာပါပဲ

ခံရတဲ့တဖက်လူမှာတော့ ... နင့်နင့်နဲနဲခံစားရပါတယ်...


တစ်ဖက်သား... ဘယ်လောက်သိမ်ငယ်ရှက်ရွံ့သွားမလဲလို့

တစ်ခါမှ မတွေးပေးမိခဲ့ဘူး...


ဒါလေးတောင်မှ...

ဆိုတဲ့စကားတစ်ခွန်းနောက်မှာ 

ကိုယ့်ကိုယ်ကို 

အထင်ကြီးခြင်းတွေပါတယ်...

တစ်ဖက်သားကိုအထင်သေး

ကဲ့ရဲ့ခြင်းတွေပါတယ်...


ဒီကရှေ့...

အတ္တဆန်တဲ့ဒီစကားလုံးကို

တတ်န်ုင်သလောက်တော့ မသုံးမိအောင်ဆင်ခြင်ရမယ်...


ကျမရဲ့တပည့်လေးကို ကျေးဇူးတင်မိတယ်... 

သူ့ကြောင့်ကျမ ဒီနေ့ မှန်ကန်တဲ့အတွေးလေးတစ်ခု

ရလိုက်တယ်လေ...

.

kyu kyu kyawt shin...

source:tartay

No comments:

Post a Comment