သူလိုလူမ်ိဳး ႏွစ္ေယာက္မရွိနိုင္တဲ့ ေမတၱာရွင္ဆရာဝန္ေလး
------------------------------------------------------------------
ေဒါက္တာ စတီဗင္ဖာဘီလို႔ေခၚတဲ့ ဆရာဝန္တစ္ေယာက္ဟာ
လြန္ခဲ့တဲ့ ေျခာက္ႏွစ္ေက်ာ္ေလာက္တည္းက မိုင္ေပါင္း(၅၃၂၈၅)ကို
စက္ဘီးစီးၿပီး ကမၻာအႏွံ့က လူနာေတြကို ေစတနာပါပါနဲ႔ အခမဲ့ကုသ
ေပးခဲ့ပါတယ္။ ေဒါက္တာ ဖာဘီသည္ ၂၀၁၀ ကစတင္ၿပီး သူ႔ရဲ့ အေဖာ္
စက္ဘီးေလးႏွင့္အတူ ေဆးအိတ္၊ ဖ်င္စတဲငယ္၊ စားေရရိကၡာမ်ား
တင္ကာ စက္ဘီး တစ္စီးနဲ႔ ခရီးသြားခဲ့သည္။
ေဒါက္တာဖာဘီဟာ ယခုအခါမွာေတာ့ ကမၻာေပၚက တိုက္ႀကီး
ေျခာက္တိုက္ ကို လွည့္ပတ္ေဆးကုသလာခဲ့ၿပီးၿပီပဲ ျဖစ္ပါတယ္။
စက္ဘီးနဲ႔ ခရီးသြားတာေၾကာင့္ ေဒသခံေတြနဲ႔ ကၽြန္ေတာ့္ၾကား
ျခားနားမွု မရွိဘူး။ တစ္သားတည္း ျဖစ္သြားတယ္။ ကၽြန္ေတာ္
စိတ္ဝင္စားရင္ ဘယ္ေနရာမဆို ရပ္ၿပီး ေဒသခံေတြနဲ႔ စကားေျပာတယ္။
စက္ဘီးနဲ႔ခရီးသြားတာ ေငြကုန္လည္း သက္သာတယ္။ ေဒသခံေတြနဲ႔
လည္း တစ္သားတည္း ျဖစ္တယ္။ စက္ဘီးဟာ ျဖည္းျဖည္းခ်င္း
သြားတာေၾကာင့္ ေရာက္ေလရာမွာ ကမၻာ ႀကီးကိုလည္း အျပည့္အ၀
ခံစားခြင့္ရတယ္” ဟု ေဒါက္တာဖာဘီက ေျပာသည္။
ေဒါက္တာဖာဘီသည္ သူ႔ခရီးစဥ္ကေန ေဆးပရိဟိတအဖြဲ႕
NGO Merlin အတြက္ ေပါင္ ႏွစ္ေသာင္း ရန္ပုံေငြ ရွာေဖြ ေပးနိုင္ခဲ့သည္။
ယခုအခါ ခရီးစဥ္ အဆုံးသတ္နား နီးလာၿပီ ျဖစ္ၿပီး နယ္သာလန္ နိုင္ငံ
အမ္စတာဒမ္ ၿမိဳ႕သို႔ ေရာက္ရွိေနၿပီ။ လာမည့္ အပတ္တြင္ ၿဗိတိန္သို႔
ျပည္ေတာ္ ျပန္ဝင္မည္ဟု သိရသည္။ သူ႔ ေျခာက္ႏွစ္တာ ကမၻာပတ္
စက္ဘီးစီး ခရီးစဥ္ အေတြ႕အၾကဳံမ်ား အေၾကာင္း စာတစ္အုပ္လည္း
ေရးသား ထုတ္ေဝမည္ဟု သိရသည္။
Credit : Naykhayan
Source :myanmarload
links -
2016 ခုႏွစ္တြင္းက သတင္းတစ္ပုဒ္ျဖစ္ပါတယ္။
==========================
သူလိုလူမျိုး နှစ်ယောက်မရှိနိုင်တဲ့ မေတ္တာရှင်ဆရာဝန်လေး
------------------------------------------------------------------
ဒေါက်တာ စတီဗင်ဖာဘီလို့ခေါ်တဲ့ ဆရာဝန်တစ်ယောက်ဟာ
လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်လောက်တည်းက မိုင်ပေါင်း(၅၃၂၈၅)ကို
စက်ဘီးစီးပြီး ကမ္ဘာအနှံ့က လူနာတွေကို စေတနာပါပါနဲ့ အခမဲ့ကုသ
ပေးခဲ့ပါတယ်။ ဒေါက်တာ ဖာဘီသည် ၂၀၁၀ ကစတင်ပြီး သူ့ရဲ့ အဖော်
စက်ဘီးလေးနှင့်အတူ ဆေးအိတ်၊ ဖျင်စတဲငယ်၊ စားရေရိက္ခာများ
တင်ကာ စက်ဘီး တစ်စီးနဲ့ ခရီးသွားခဲ့သည်။
ဒေါက်တာဖာဘီဟာ ယခုအခါမှာတော့ ကမ္ဘာပေါ်က တိုက်ကြီး
ခြောက်တိုက် ကို လှည့်ပတ်ဆေးကုသလာခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။
စက်ဘီးနဲ့ ခရီးသွားတာကြောင့် ဒေသခံတွေနဲ့ ကျွန်တော့်ကြား
ခြားနားမှု မရှိဘူး။ တစ်သားတည်း ဖြစ်သွားတယ်။ ကျွန်တော်
စိတ်ဝင်စားရင် ဘယ်နေရာမဆို ရပ်ပြီး ဒေသခံတွေနဲ့ စကားပြောတယ်။
စက်ဘီးနဲ့ခရီးသွားတာ ငွေကုန်လည်း သက်သာတယ်။ ဒေသခံတွေနဲ့
လည်း တစ်သားတည်း ဖြစ်တယ်။ စက်ဘီးဟာ ဖြည်းဖြည်းချင်း
သွားတာကြောင့် ရောက်လေရာမှာ ကမ္ဘာ ကြီးကိုလည်း အပြည့်အ၀
ခံစားခွင့်ရတယ်” ဟု ဒေါက်တာဖာဘီက ပြောသည်။
ဒေါက်တာဖာဘီသည် သူ့ခရီးစဉ်ကနေ ဆေးပရိဟိတအဖွဲ့
NGO Merlin အတွက် ပေါင် နှစ်သောင်း ရန်ပုံငွေ ရှာဖွေ ပေးနိုင်ခဲ့သည်။
ယခုအခါ ခရီးစဉ် အဆုံးသတ်နား နီးလာပြီ ဖြစ်ပြီး နယ်သာလန် နိုင်ငံ
အမ်စတာဒမ် မြို့သို့ ရောက်ရှိနေပြီ။ လာမည့် အပတ်တွင် ဗြိတိန်သို့
ပြည်တော် ပြန်ဝင်မည်ဟု သိရသည်။ သူ့ ခြောက်နှစ်တာ ကမ္ဘာပတ်
စက်ဘီးစီး ခရီးစဉ် အတွေ့အကြုံများ အကြောင်း စာတစ်အုပ်လည်း
ရေးသား ထုတ်ဝေမည်ဟု သိရသည်။
Credit : Naykhayan
Source :myanmarload
links -
2016 ခုနှစ်တွင်းက သတင်းတစ်ပုဒ်ဖြစ်ပါတယ်။
No comments:
Post a Comment