မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, September 20, 2020

အစၥေရးရဲ႕ေခတ္မီသူနာျပဳတပ္ဖြဲ႕

 အစၥေရးရဲ႕ေခတ္မီသူနာျပဳတပ္ဖြဲ႕

---------------------------------------

ပုံေတြမွာျမင္ရသလုိ ကားေသးေသးေလးေတြဟာ မၾကာေသးခင္ကမွ

အစၥေရးႏုိင္ငံရဲ႕ လမ္းမေတြထက္မွာ သြားလာေနၾကတာကုိ ျမင္ရရင္

ဘာေတြပါလိမ့္လုိ႔ သင္ သိခ်င္မွာ အမွန္ပါ။


အမွန္တကယ္က ဒီကားငယ္ေလးေတြဟာ ေရွးဦးသူနာျပဳတပ္ဖြဲ႔ေတြ

အသုံးျပဳဖုိ႔ လူနာတင္ယာဥ္ေတြထက္ ေသးငယ္ေပါ႔ပါး က်စ္လစ္ေအာင္

ျပဳလုပ္ထားတာျဖစ္ၿပီး ၿမိဳ႕တြင္းအႏွံ႔ ေရြ႕လ်ား သူနာျပဳတပ္ဖြဲ႕အျဖစ္

တာဝန္ထမ္းေဆာင္ေနၾကတဲ့ ယာဥ္ငယ္ေလးေတြပဲ ျဖစ္ပါတယ္။

အစၥေရးႏုိင္ငံက ေရွးဦးသူနာျပဳ တပ္ဖြဲ႕ေတြအတြက္ ေမာ္ေတာ္ယာဥ္

ငယ္ေလးေတြအျပင္ လုိအပ္တဲ့ေနရာက ေခၚတဲ့အခါ အလ်င္အျမန္

သြားေရာက္ႏုိင္ဖုိ႔အတြက္ ေမာ္ေတာ္ဆုိင္ကယ္ေတြကလည္း အသင့္

ရွိေနၿပီး မည္သည့္ေနရာကုိမဆုိ သုံးမိနစ္အတြင္း အေရာက္သြားေပး

ႏုိင္ပါတယ္။ ဒါေတြအျပင္ ထပ္ၿပီးေတာ့လည္း လွ်ပ္စစ္စက္ဘီးေတြကုိ

ျဖည့္တင္းေပးထားပါေသးတယ္။ အဲဒီ လွ်ပ္စစ္ စက္ဘီးေတြကုိေတာ့

ေမာ္ေတာ္ယာဥ္ေတြ မဝင္ရတဲ့ ကန္႔သတ္ဧရိယာထဲမွာ သြားလာႏုိင္ဖုိ႔

ရည္ရြယ္ထားတာျဖစ္ပါတယ္။

အဝါေရာင္ ေမာ္ေတာ္ယာဥ္ငယ္၊ ေမာ္ေတာ္ဆုိင္ကယ္နဲ႔ လွ်ပ္စစ္

စက္ဘီးေတြဟာ မေတာ္တဆမႈေၾကာင့္ ဒဏ္ရာရေနသူေတြနဲ႔

အေၾကာင္းေၾကာင္းေၾကာင့္ ေဆးဝါးအကူအညီ လုိအပ္ေနသူေတြကုိ

ေဆး႐ုံကား ႏွင့္ လူနာတင္ ယာဥ္မ်ား ေရာက္မလာေသးခ်ိန္မွာ

အျမန္ဆုံး ဝန္ေဆာင္မႈေပးႏုိင္ေအာင္ ေပါ႔ေပါ႔ပါးပါး ဖြဲ႕စည္းထားတဲ့၊

အစၥေရးႏုိင္ငံက ေရွးဦးသူနာျပဳတပ္ဖြဲ႕ဝင္ေတြ အသုံးျပဳေနၾကတဲ့၊

အခ်ိန္တုိင္းမွာ အလ်င္ျမန္ဆုံးကူညီဖုိ႔ အသင့္ျဖစ္ေနၾကတဲ့...

ေခတ္မီ ယာဥ္ငယ္ေလးမ်ားပဲျဖစ္ပါတယ္။


source:doseng

==============================


အစ္စရေးရဲ့ခေတ်မီသူနာပြုတပ်ဖွဲ့

---------------------------------------


ပုံတွေမှာမြင်ရသလို ကားသေးသေးလေးတွေဟာ မကြာသေးခင်ကမှ

အစ္စရေးနိုင်ငံရဲ့ လမ်းမတွေထက်မှာ သွားလာနေကြတာကို မြင်ရရင်

ဘာတွေပါလိမ့်လို့ သင် သိချင်မှာ အမှန်ပါ။


အမှန်တကယ်က ဒီကားငယ်လေးတွေဟာ ရှေးဦးသူနာပြုတပ်ဖွဲ့တွေ

အသုံးပြုဖို့ လူနာတင်ယာဉ်တွေထက် သေးငယ်ပေါ့ပါး ကျစ်လစ်အောင်

ပြုလုပ်ထားတာဖြစ်ပြီး မြို့တွင်းအနှံ့ ရွေ့လျား သူနာပြုတပ်ဖွဲ့အဖြစ်

တာဝန်ထမ်းဆောင်နေကြတဲ့ ယာဉ်ငယ်လေးတွေပဲ ဖြစ်ပါတယ်။


အစ္စရေးနိုင်ငံက ရှေးဦးသူနာပြု တပ်ဖွဲ့တွေအတွက် မော်တော်ယာဉ်

ငယ်လေးတွေအပြင် လိုအပ်တဲ့နေရာက ခေါ်တဲ့အခါ အလျင်အမြန်

သွားရောက်နိုင်ဖို့အတွက် မော်တော်ဆိုင်ကယ်တွေကလည်း အသင့်

ရှိနေပြီး မည်သည့်နေရာကိုမဆို သုံးမိနစ်အတွင်း အရောက်သွားပေး

နိုင်ပါတယ်။ ဒါတွေအပြင် ထပ်ပြီးတော့လည်း လျှပ်စစ်စက်ဘီးတွေကို

ဖြည့်တင်းပေးထားပါသေးတယ်။ အဲဒီ လျှပ်စစ် စက်ဘီးတွေကိုတော့

မော်တော်ယာဉ်တွေ မဝင်ရတဲ့ ကန့်သတ်ဧရိယာထဲမှာ သွားလာနိုင်ဖို့

ရည်ရွယ်ထားတာဖြစ်ပါတယ်။


အဝါရောင် မော်တော်ယာဉ်ငယ်၊ မော်တော်ဆိုင်ကယ်နဲ့ လျှပ်စစ်

စက်ဘီးတွေဟာ မတော်တဆမှုကြောင့် ဒဏ်ရာရနေသူတွေနဲ့

အကြောင်းကြောင်းကြောင့် ဆေးဝါးအကူအညီ လိုအပ်နေသူတွေကို

ဆေးရုံကား နှင့် လူနာတင် ယာဉ်များ ရောက်မလာသေးချိန်မှာ

အမြန်ဆုံး ဝန်ဆောင်မှုပေးနိုင်အောင် ပေါ့ပေါ့ပါးပါး ဖွဲ့စည်းထားတဲ့၊

အစ္စရေးနိုင်ငံက ရှေးဦးသူနာပြုတပ်ဖွဲ့ဝင်တွေ အသုံးပြုနေကြတဲ့၊

အချိန်တိုင်းမှာ အလျင်မြန်ဆုံးကူညီဖို့ အသင့်ဖြစ်နေကြတဲ့...

ခေတ်မီ ယာဉ်ငယ်လေးများပဲဖြစ်ပါတယ်။


source:doseng

No comments:

Post a Comment