ေပါင္(၅)သိန္းတန္ ဖာရာရီကားကုိ ငွားေမာင္းစဥ္
မိနစ္ပိုင္းအတြင္း ပ်က္ဆီးေစခဲ့တဲ့ အမ်ိဳးသမီး ...
------------------------------------------------------
❒ တ႐ုတ္အမ်ိဳးသမီးတစ္ဦးဟာ ေပါင္(၅)သိန္းအထိ တန္ေၾကးရွိတဲ့
ဖာရာရီအမ်ိဳးအစား ၿပိဳင္ကားတစ္စီးကို ငွားရမ္းေမာင္းႏွင္ခဲ့ပါတယ္။
ဒါေပမယ့္ စတင္ငွားရမ္းလုိ႔ မိနစ္ပုိင္းအတြင္းမွာပင္ ကားဟာ ဆုိးရြားစြာ
ထိခိုက္ပ်က္ဆီးခဲ့ရပါတယ္။ သူမဟာ Ferrari 458 အမ်ိဳးအစားကားကို
ေမာင္းဖူးတယ္ရွိေအာင္ ငွားရမ္းေမာင္းႏွင္ခဲ့တာ ျဖစ္ပါတယ္။
လမ္းေဘးမွာ တပ္ဆင္ထားတဲ့ CCTV မွတ္တမ္းထဲမွာ ျမင္တဲ့အတုိင္းပင္
သူမဟာ တစ္ဖက္ယာဥ္ေၾကာမွ အရွိန္ျပင္းစြာျပင္းစြာျဖင့္ လမ္းလယ္
ေၾကာမွာ ကားရံထားတဲ့ အရံအတားေတြဆီကုိ ျဖတ္ေက်ာ္ဝင္ေရာက္
သြားပါတယ္။ ဆန္႔က်င္ဘက္လမ္းမွ ကားတစ္စီးရဲ႕ ေဘးကို ဝင္တုိက္မိ
ခဲ့ၿပီး အျခားကား အနက္တစ္စီးကလည္း ယာဥ္မေတာ္တဆမႈမွာ
ပါဝင္ခဲ့ပါတယ္။
သတင္းမွာ ေဖာ္ျပထားခ်က္အရေတာ့ အမ်ိဳးသမီးကိုယ္တုိင္က
ကားေမာင္းေနစဥ္မွာ ဗြီဒီယုိ႐ုိက္ကူးခဲ့တယ္လုိ႔ ဆုိပါတယ္။
အဆုိပါအမ်ိဳးသမီးဟာ အဖုိးတန္ကားႀကီးကို ဝါၾကြားၿပီးေမာင္းႏွင္ကာ
သူမ ဒီလုိကားမ်ိဳး ေမာင္းခဲ့ေၾကာင္းကိုလည္း သူငယ္ခ်င္းေတြကိုလည္း
သိေစခ်င္ပုံရပါတယ္။ ဒါေၾကာင့္ သူမကုိယ္တုိင္ ဗြီဒီယုိမွတ္တမ္း
တင္ခဲ့တာပါ။
သူမဟာ မီးပြိဳင့္မိေနစဥ္မွာ ဗြီဒီယုိကို ကိုယ္တုိင္႐ုိက္ကူးခဲ့တာျဖစ္ၿပီး
” ဖာရာရီကားကုိ ပထမဆုံး ေမာင္းဖူးျခင္း … ေျပာရရင္ေတာ့
အေတာ္ေလး အံ့ၾသစရာေကာင္းတဲ့ ခံစားမႈေပါ့ “လုိ႔ ေျပာခဲ့ပါေသးတယ္။
ဒါေပမယ့္ ကံမေကာင္းစြာပင္ သူမဟာ မီြးပြိဳင့္ကေန လြတ္တာနဲ႔ ကားကုိ
လီဗာကုန္ျဖဲကာ အစြမ္းျပဖုိ႔ ႀကိဳးစားခဲ့ရာ အခုလုိ အေလ်ာ္အစားႀကီးမား
တဲ့ ယာဥ္တုိက္မႈကို ျဖစ္ေစေတာ့တာပါဘဲ။
ဖာရာရီကားေလးကေတာ့ ဆုိးဆုိးရြားရြားကုိ ေရွ႕ခန္းေၾကမႊသည္ထိ
ျဖစ္ခဲ့ရပါတယ္။ ဒါ့အျပင္ တစ္ဖက္ယာဥ္ေၾကာက တန္ဖုိးႀကီး BMW
ကားကို ထပ္မံထိခုိက္မိခဲ့တာကလည္း သူမအတြက္ေတာ့ မစားသာတဲ့
အေလွ်ာ္အစားတစ္ခု ျဖစ္ေစမွာပါ။ ကားထဲမွာ သူမနဲ႔အတူ၊ အျခားအေဖာ္
အမ်ိဳးသမီးတစ္ဦးဟာ ဆုိးဆုိးရြားရြား ထိခုိက္ဒဏ္ရာ ရခဲ့ၾကပါတယ္။
ဒါေပမယ့္ သတင္းမွာေတာ့ အဆိုပါအမ်ိဳးသမီးဟာ အာမခံထားျခင္း
ရွိမရွိ၊ သုိ႔မဟုတ္ ကားအတြက္ ဘယ္ေလာက္ျပန္လည္ ေပးေလွ်ာ္ရ
မယ္ဆုိတာကို ရွင္းရွင္းလင္းလင္း ေဖာ္ျပမထားပါဘူး။ လူမႈကြန္ယက္
အသုံးျပဳသူ တစ္ဦးကေတာ့ ” ေတြ႕တယ္မလား ဖာရာရီဆုိတာ
နည္းနည္းေလး ထိလိုက္တာနဲ႔ အၾကမ္းမခံပါဘူးဆုိေန ..
ဒါေၾကာင့္မုိ႔ မဝယ္တာ “လုိ႔ ေရးသားခဲ့ပါတယ္။
နတ္စည္ေတာ္ (Shwemom)
source : dailymail.co.uk
================================
ပေါင်(၅)သိန်းတန် ဖာရာရီကားကို ငှားမောင်းစဉ်
မိနစ်ပိုင်းအတွင်း ပျက်ဆီးစေခဲ့တဲ့ အမျိုးသမီး ...
------------------------------------------------------
❒ တရုတ်အမျိုးသမီးတစ်ဦးဟာ ပေါင်(၅)သိန်းအထိ တန်ကြေးရှိတဲ့
ဖာရာရီအမျိုးအစား ပြိုင်ကားတစ်စီးကို ငှားရမ်းမောင်းနှင်ခဲ့ပါတယ်။
ဒါပေမယ့် စတင်ငှားရမ်းလို့ မိနစ်ပိုင်းအတွင်းမှာပင် ကားဟာ ဆိုးရွားစွာ
ထိခိုက်ပျက်ဆီးခဲ့ရပါတယ်။ သူမဟာ Ferrari 458 အမျိုးအစားကားကို
မောင်းဖူးတယ်ရှိအောင် ငှားရမ်းမောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။
လမ်းဘေးမှာ တပ်ဆင်ထားတဲ့ CCTV မှတ်တမ်းထဲမှာ မြင်တဲ့အတိုင်းပင်
သူမဟာ တစ်ဖက်ယာဉ်ကြောမှ အရှိန်ပြင်းစွာပြင်းစွာဖြင့် လမ်းလယ်
ကြောမှာ ကားရံထားတဲ့ အရံအတားတွေဆီကို ဖြတ်ကျော်ဝင်ရောက်
သွားပါတယ်။ ဆန့်ကျင်ဘက်လမ်းမှ ကားတစ်စီးရဲ့ ဘေးကို ဝင်တိုက်မိ
ခဲ့ပြီး အခြားကား အနက်တစ်စီးကလည်း ယာဉ်မတော်တဆမှုမှာ
ပါဝင်ခဲ့ပါတယ်။
သတင်းမှာ ဖော်ပြထားချက်အရတော့ အမျိုးသမီးကိုယ်တိုင်က
ကားမောင်းနေစဉ်မှာ ဗွီဒီယိုရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါအမျိုးသမီးဟာ အဖိုးတန်ကားကြီးကို ဝါကြွားပြီးမောင်းနှင်ကာ
သူမ ဒီလိုကားမျိုး မောင်းခဲ့ကြောင်းကိုလည်း သူငယ်ချင်းတွေကိုလည်း
သိစေချင်ပုံရပါတယ်။ ဒါကြောင့် သူမကိုယ်တိုင် ဗွီဒီယိုမှတ်တမ်း
တင်ခဲ့တာပါ။
သူမဟာ မီးပွိုင့်မိနေစဉ်မှာ ဗွီဒီယိုကို ကိုယ်တိုင်ရိုက်ကူးခဲ့တာဖြစ်ပြီး
” ဖာရာရီကားကို ပထမဆုံး မောင်းဖူးခြင်း … ပြောရရင်တော့
အတော်လေး အံ့သြစရာကောင်းတဲ့ ခံစားမှုပေါ့ “လို့ ပြောခဲ့ပါသေးတယ်။
ဒါပေမယ့် ကံမကောင်းစွာပင် သူမဟာ မွီးပွိုင့်ကနေ လွတ်တာနဲ့ ကားကို
လီဗာကုန်ဖြဲကာ အစွမ်းပြဖို့ ကြိုးစားခဲ့ရာ အခုလို အလျော်အစားကြီးမား
တဲ့ ယာဉ်တိုက်မှုကို ဖြစ်စေတော့တာပါဘဲ။
ဖာရာရီကားလေးကတော့ ဆိုးဆိုးရွားရွားကို ရှေ့ခန်းကြေမွှသည်ထိ
ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် တစ်ဖက်ယာဉ်ကြောက တန်ဖိုးကြီး BMW
ကားကို ထပ်မံထိခိုက်မိခဲ့တာကလည်း သူမအတွက်တော့ မစားသာတဲ့
အလျှော်အစားတစ်ခု ဖြစ်စေမှာပါ။ ကားထဲမှာ သူမနဲ့အတူ၊ အခြားအဖော်
အမျိုးသမီးတစ်ဦးဟာ ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာ ရခဲ့ကြပါတယ်။
ဒါပေမယ့် သတင်းမှာတော့ အဆိုပါအမျိုးသမီးဟာ အာမခံထားခြင်း
ရှိမရှိ၊ သို့မဟုတ် ကားအတွက် ဘယ်လောက်ပြန်လည် ပေးလျှော်ရ
မယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။ လူမှုကွန်ယက်
အသုံးပြုသူ တစ်ဦးကတော့ ” တွေ့တယ်မလား ဖာရာရီဆိုတာ
နည်းနည်းလေး ထိလိုက်တာနဲ့ အကြမ်းမခံပါဘူးဆိုနေ ..
ဒါကြောင့်မို့ မဝယ်တာ “လို့ ရေးသားခဲ့ပါတယ်။
နတ်စည်တော် (Shwemom)
source : dailymail.co.uk
No comments:
Post a Comment