ဆိုက္ကားေကာ္ဖီ ေသာက္ၾကမလား
-----------------------------------------
ရန္ကုန္၊ ဇြန္ ၂၀ - ေဈးကြက္မွာစတင္ေရာင္းခ်ေနၿပီျဖစ္တဲ့
ဆိုက္ကားေကာ္ဖီဆိုရင္ နာမည္ၾကားလိုက္တာနဲ႕စိတ္ဝင္စားၾကပါတယ္။
အခုအခ်ိန္မွာ ေတာင္ႀကီး၊ မႏၱေလးစတဲ့ေနရာေတြမွာ ဝယ္ယူနိုင္သလိုပဲ
အြန္လိုင္းက Tris-haw coffee ဆိုတဲ့ေပ့ခ်္မွာလည္း သြားေရာက္မွာယူ
နိုင္ပါၿပီ။
ဆိုက္ကားေကာ္ဖီက တာဝန္ရွိတဲ့ ေဒၚေလးေလးျမင့္က ကြၽန္မတို႕
ျမန္မာနိုင္ငံမွာက ဆိုက္ကားဆိုတဲ့အမည္ေလးက လူကိုယ္တိုင္
အားစိုက္ၿပီး နင္းရတယ္၊ ၿပီးေတာ့ ျမန္မာျပည္မွာရွိတဲ့ ယာဥ္တစ္စီးစီးရဲ႕
အမည္ကိုသုံးထားတာဆိုေတာ့ အဲဒါကို ထိန္းသိမ္းခ်င္တာလဲပါတယ္၊
အဲဒါေၾကာင့္ေပးထားပါလို႔ ေျပာပါတယ္။
ဆိုက္ကားေကာ္ဖီဆိုတဲ့ နာမည္ေၾကာင့္ တခ်ိဳ႕သူေတြကေတာ့
ဆိုက္ကားနဲ႕ လိုက္ေရာင္းတယ္လို႔ ထင္ၾကပါတယ္။ ပုံမွန္အတိုင္း
နိုင္ငံတကာမွာဆိုရင္ သည္လိုမ်ိဳးေတြ လုပ္ၾကတယ္ဆိုေပမဲ့
ျမန္မာနိုင္ငံအေနအထားအရေတာ့ ဆိုက္ကားနဲ႕လိုက္လံပို႔ေဆာင္
ေရာင္းခ်ဖို႕ အဆင္မေျပနိုင္လို႔ ဆိုက္ကားေကာ္ဖီဆိုၿပီး နာမည္ သာ
ေပးျဖစ္တာလို႔ သိရပါတယ္။ တျခားနိုင္ငံေတြမွာဆိုရင္ေတာ့ ဆိုင္ကယ္
ေကာ္ဖီ၊ စက္ဘီးေကာ္ဖီဆိုၿပီး ရွိၾကတယ္လို႔သိရပါတယ္။
ဆိုက္ကားေပၚမွာတည္ၿပီး ေရာင္းတဲ့ပုုံစံျပဳလုပ္ဖို႔ရွိတယ္လို႔လည္း
သိရပါတယ္။
'ဆိုက္ကားေကာ္ဖီကို သုံးမ်ိဳးထုတ္ထားတယ္၊ ပထမဆုံးထုတ္ထား
တာကေတာ့ ခ်ိဳဆိမ့္ေပါ့အခ်ိဳဘက္ကို ပိုကဲထားတယ္၊ ေနာက္တစ္ခု
ကက်ေတာ့ ခါးဆိမ့္ ေပါ့၊ အခါးဘက္ကိုပိုထားတယ္၊ ေနာက္ဆုံးတစ္မ်ိဳး
ကက်ေတာ့ခ်ိဳခါးပါ၊ သူကေတာ့ ႏွို႔မႈန႔္မပါဘူး၊ ေကာ္ဖီနဲ႕သၾကားနဲ႕ပဲ
ပါတယ္၊ သုံးမ်ိဳးထုတ္ထားတယ္၊ ေဈးႏႈန္းက ၅၀ ဂရမ္တစ္ထုပ္ကို
၅ဝဝ ေပါ့၊ ၁၂၅ ဂရမ္တစ္ ထုတ္ကိုေတာ့ ၁ဝဝဝ သတ္မွတ္ထားတယ္၊
ကုန္ၾကမ္းေတြကက်ေတာ့ ကြၽန္မတို႔ အစကတည္းက ဉာဏ္ႀကီးရွင္
ဆုိတဲ့နာမည္နဲ႕ ေကာ္ဖီမႈန႔္ထုတ္ၿပီးသားပါ၊ အဲဒီေတာ့ ေကာ္ဖီကေတာ့
႐ြာငံက ေကာ္ဖီကိုသုံးထားတယ္၊ သၾကားအညဳိကို သုံးထားတယ္၊
နို႔မႈန႔္က်ေတာ့ နယူးဇီလန္က နို႔မႈန႔္ကိုသုံးထားတယ္လို႔
ေဒၚေလးေလးျမင့္ က ေျပာပါတယ္။
အြန္လိုင္းကေန မွာသူေတြအတြက္လည္း တစ္ထုပ္မွာတယ္ဆိုရင္
ပို႔ေဆာင္ခအမဲ့အေနနဲ႕ ပို႔ေဆာင္ေပးပါတယ္။ ကိုယ္စားလွယ္လိုခ်င္
သူေတြ စတင္လက္ခံေနၿပီလို႔သိရပါတယ္။ အခုအခ်ိန္မွာေတာ့
မႏၱေလးနဲ႕ေတာင္ႀကီးမွာပဲ ဝယ္ယူလို႔ရနိုင္မွာျဖစ္ၿပီး တျခားနယ္ေတြ
ကေန ကိုယ္စားလွယ္ လုိခ်င္တယ္ဆိုရင္ေတာ့ ဆိုက္ကား ေကာ္ဖီရဲ႕
ဖုန္း ဝ၉-၉၇၀၂ဝဝရဝ၂ ကိုဆက္သြယ္နိုင္ပါတယ္။
credit:Kumudra
Kumudra - လူမႈကြန္ယက္ စာမ်က္ႏွာမွ ကူးယူေဖာ္ျပပါသည္။
Copy Link -
https://www.kumudranews.com/news-28689
==============================
ဆိုက်ကားကော်ဖီ သောက်ကြမလား
-----------------------------------------
ရန်ကုန်၊ ဇွန် ၂၀ - ဈေးကွက်မှာစတင်ရောင်းချနေပြီဖြစ်တဲ့
ဆိုက်ကားကော်ဖီဆိုရင် နာမည်ကြားလိုက်တာနဲ့စိတ်ဝင်စားကြပါတယ်။
အခုအချိန်မှာ တောင်ကြီး၊ မန္တလေးစတဲ့နေရာတွေမှာ ဝယ်ယူနိုင်သလိုပဲ
အွန်လိုင်းက Tris-haw coffee ဆိုတဲ့ပေ့ချ်မှာလည်း သွားရောက်မှာယူ
နိုင်ပါပြီ။
ဆိုက်ကားကော်ဖီက တာဝန်ရှိတဲ့ ဒေါ်လေးလေးမြင့်က ကျွန်မတို့
မြန်မာနိုင်ငံမှာက ဆိုက်ကားဆိုတဲ့အမည်လေးက လူကိုယ်တိုင်
အားစိုက်ပြီး နင်းရတယ်၊ ပြီးတော့ မြန်မာပြည်မှာရှိတဲ့ ယာဉ်တစ်စီးစီးရဲ့
အမည်ကိုသုံးထားတာဆိုတော့ အဲဒါကို ထိန်းသိမ်းချင်တာလဲပါတယ်၊
အဲဒါကြောင့်ပေးထားပါလို့ ပြောပါတယ်။
ဆိုက်ကားကော်ဖီဆိုတဲ့ နာမည်ကြောင့် တချို့သူတွေကတော့
ဆိုက်ကားနဲ့ လိုက်ရောင်းတယ်လို့ ထင်ကြပါတယ်။ ပုံမှန်အတိုင်း
နိုင်ငံတကာမှာဆိုရင် သည်လိုမျိုးတွေ လုပ်ကြတယ်ဆိုပေမဲ့
မြန်မာနိုင်ငံအနေအထားအရတော့ ဆိုက်ကားနဲ့လိုက်လံပို့ဆောင်
ရောင်းချဖို့ အဆင်မပြေနိုင်လို့ ဆိုက်ကားကော်ဖီဆိုပြီး နာမည် သာ
ပေးဖြစ်တာလို့ သိရပါတယ်။ တခြားနိုင်ငံတွေမှာဆိုရင်တော့ ဆိုင်ကယ်
ကော်ဖီ၊ စက်ဘီးကော်ဖီဆိုပြီး ရှိကြတယ်လို့သိရပါတယ်။
ဆိုက်ကားပေါ်မှာတည်ပြီး ရောင်းတဲ့ပုံစံပြုလုပ်ဖို့ရှိတယ်လို့လည်း
သိရပါတယ်။
'ဆိုက်ကားကော်ဖီကို သုံးမျိုးထုတ်ထားတယ်၊ ပထမဆုံးထုတ်ထား
တာကတော့ ချိုဆိမ့်ပေါ့အချိုဘက်ကို ပိုကဲထားတယ်၊ နောက်တစ်ခု
ကကျတော့ ခါးဆိမ့် ပေါ့၊ အခါးဘက်ကိုပိုထားတယ်၊ နောက်ဆုံးတစ်မျိုး
ကကျတော့ချိုခါးပါ၊ သူကတော့ နှို့မှုန့်မပါဘူး၊ ကော်ဖီနဲ့သကြားနဲ့ပဲ
ပါတယ်၊ သုံးမျိုးထုတ်ထားတယ်၊ ဈေးနှုန်းက ၅၀ ဂရမ်တစ်ထုပ်ကို
၅ဝဝ ပေါ့၊ ၁၂၅ ဂရမ်တစ် ထုတ်ကိုတော့ ၁ဝဝဝ သတ်မှတ်ထားတယ်၊
ကုန်ကြမ်းတွေကကျတော့ ကျွန်မတို့ အစကတည်းက ဉာဏ်ကြီးရှင်
ဆိုတဲ့နာမည်နဲ့ ကော်ဖီမှုန့်ထုတ်ပြီးသားပါ၊ အဲဒီတော့ ကော်ဖီကတော့
ရွာငံက ကော်ဖီကိုသုံးထားတယ်၊ သကြားအညိုကို သုံးထားတယ်၊
နို့မှုန့်ကျတော့ နယူးဇီလန်က နို့မှုန့်ကိုသုံးထားတယ်လို့
ဒေါ်လေးလေးမြင့် က ပြောပါတယ်။
အွန်လိုင်းကနေ မှာသူတွေအတွက်လည်း တစ်ထုပ်မှာတယ်ဆိုရင်
ပို့ဆောင်ခအမဲ့အနေနဲ့ ပို့ဆောင်ပေးပါတယ်။ ကိုယ်စားလှယ်လိုချင်
သူတွေ စတင်လက်ခံနေပြီလို့သိရပါတယ်။ အခုအချိန်မှာတော့
မန္တလေးနဲ့တောင်ကြီးမှာပဲ ဝယ်ယူလို့ရနိုင်မှာဖြစ်ပြီး တခြားနယ်တွေ
ကနေ ကိုယ်စားလှယ် လိုချင်တယ်ဆိုရင်တော့ ဆိုက်ကား ကော်ဖီရဲ့
ဖုန်း ဝ၉-၉၇၀၂ဝဝရဝ၂ ကိုဆက်သွယ်နိုင်ပါတယ်။
credit:Kumudra
Kumudra - လူမှုကွန်ယက် စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
Copy Link -
No comments:
Post a Comment