သား အတြက္ဆို ႏိုင္ငံရဲ႕ ဥပေဒကိုေတာင္
ေက်ာ္လြန္သြားမယ့္ မိခင္တစ္ေယာက္ရဲ႕ ေမတၱာ
------------------------------------------------------
မူးယစ္ေဆး၀ါနဲ႔ ပတ္သက္လာရင္ သိပ္တင္းမာတာ ျဗိတိန္ႏိုင္ငံပါ။
ဒါေပမယ့္ ၀က္ရူးျပန္ေရာဂါ စြဲကပ္ေနတဲ့ (၁၂)ႏွစ္အရြယ္ေကာင္ေလးရဲ႕
မိခင္ျဖစ္သူက ကေနဒါႏိုင္ငံမွ ထုတ္လုပ္တဲ့ ေဆးေျခာက္ဆီနဲ႔ ေဖာ္စပ္
ထားတဲ့ ေဆး၀ါးတစ္ခ်ိဳ႕ကို သယ္ေဆာင္ျပီး မနက္ျဖန္မွာ ျဗိတိန္ကို
ျပန္၀င္မယ္ဆိုတဲ့အေၾကာင္း အေကာက္အခြန္ဌာနကို တရား၀င္
ျပတ္ျပတ္သားသား ေျပာဆိုလိုက္ပါတယ္။
Charlotte Caldwell ဆိုသူအမ်ိဳးသမီးဟာ ၀န္ၾကီးဌာနက
ေဆးေျခာက္ကို ေဆး၀ါအျဖစ္သံုးစြဲခြင့္ ပိတ္ပင္ထားျခင္းကို
ေျပာင္ေျပာင္တင္းတင္း ဖီဆန္လိုက္တာဟာ ၾကီးမားတဲ့
စိန္ေခၚမႈတစ္ခုလို႔ေတာင္ ေခၚရဖို႔ရွိေနပါတယ္။
ျပည္ထဲေရး လက္ေထာက္အသစ္ျဖစ္သူ Sajid Javid လည္း
ထိုအမိ်ဳးသမီးအား ေဆး၀ါး၀ယ္ယူခြင့္ ေပးသင့္၊ မေပးသင့္နဲ႔
ပတ္သက္ျပီး ေတာ္ေတာ္ေလး အက်ပ္ရိုက္ေနပါတယ္။
“ဒီတားျမစ္ထားတဲ့ေဆးကပဲ ကၽြန္မသားေလးကို အသက္ရွင္ေနေစ
တာျဖစ္လို႔၊ ထိုက္သင့္တဲ့ေနရာမွာ ေဘးကင္းစြာအသံုးခ်ဖို႔အတြက္
ကၽြန္မေတာင္းဆိုမယ္” Caldwell ကေျပာပါတယ္။ တဆက္တည္းမွာပဲ
သားျဖစ္သူရဲ႕ ေဆး၀ါနဲ႔ပတ္သက္ျပီး သူမကို ဖမ္းဆီးမယ္ဆိုရင္
ဒါ သူမသားကို တနည္းအားျဖင့္ သတ္တာပဲလို႔လဲ ေျပာၾကားသြား
ပါေသးတယ္။
Billy ဟာ ေအာ္တစ္ဆင္နဲ႔ ၀က္ရူးျပန္ေရာဂါကို ခံစားေနရတာျဖစ္ျပီး၊
ေဆးေျခာက္အဆီနဲ႔ ေဖာ္စပ္ထားတဲ့ ေဆးကို ေသာက္သံုးရန္ ညြန္ၾကား
ခံရေသာ ျဗိတိန္ႏိုင္ငံရဲ႕ ပထမဆံုးလူနာ ျဖစ္လာပါတယ္။ ဒီကုထံုးကို
တရား၀င္ အသံုးျပဳခြင့္ရွိတဲ့ ယူအက္စ္က ဆရာ၀န္ေတြက ေပးခဲ့တာ
ျဖစ္ပါတယ္။ Cladwell ရဲ႕ ေျပာၾကားခ်က္အရ ဒီကုထံုးေၾကာင့္ Billy ဟာ
ေလသင္တုန္းျဖတ္ျခင္း ေ၀ဒနာမွ သက္သာလာသလို၊ က်န္းမာေရး
တိုးတက္မႈေတြလည္း ရွိလာပါတယ္။
အခုဆို သူမရဲ႕ သားအတြက္ ေဆးကုန္ေတာ့မွာျဖစ္တဲ့အတြက္
မေန႔က တိုရြန္တို ျမိဳ႕ကို သြားျပီး ေျခာက္လစာ ေဆးအဆီကို
သြား၀ယ္ပါတယ္။ မနက္ျဖန္ဆို ျပန္လာရမွာပါ။ ဒီေဆးက
ပါးစပ္အတြင္းကို အစက္ခ်ရတဲ့ေဆးျဖစ္ပါတယ္။ ဒီလိုေတြလုပ္ေနရတာ
သူမအေနနဲ႔လည္း သိပ္မုန္းပါသတဲ့။ မိခင္တစ္ေယာက္အေနနဲ႔ သားျဖစ္သူ
ေသေဘးမွ လြတ္ေျမာက္ဖို႔ ဥပေဒကို ခ်ိဳးေဖာက္ေနတာ သိပ္ေၾကာက္မက္
ဖြယ္ေကာင္းပါတယ္။ ဒါေပမယ့္ ဒီေဆးကပဲ သူမအတြက္ ေမွ်ာ္လင့္ခ်က္
ေပးႏိုင္သလို သားျဖစ္သူကို တစ္ခါျပန္ရွင္သန္ခြင့္ ေပးႏိုင္တာျဖစ္ေၾကာင္း
ေျပာျပပါတယ္။
“ဥပေဒနဲ႔ ျငိစြန္းေနတာအတြက္ေတာ့ စိုးရိမ္ရတာေပါ့။ ဒါေပမယ့္
ကၽြန္မသားေလး ဥပေဒအတိုင္း အသက္ရွင္ေနျပီး ေသသြားမွာထက္
စာရင္ တရားမ၀င္ ရွင္သန္ခြင့္ရဖို႔ကိုပဲ ေရြးခ်ယ္လိုက္တယ္” ဆိုတာကို
သိရေတာ့ မိခင္တစ္ေယာက္ရဲ႕ ေမတၱာဘယ္ေလာက္ ၾကီးမားလဲ
ေတြးၾကည့္ရင္ ….။
Credit;Matthew
source:wikilikes
links -
============================
သား အတွက်ဆို နိုင်ငံရဲ့ ဥပဒေကိုတောင်
ကျော်လွန်သွားမယ့် မိခင်တစ်ယောက်ရဲ့ မေတ္တာ
------------------------------------------------------
မူးယစ်ဆေးဝါနဲ့ ပတ်သက်လာရင် သိပ်တင်းမာတာ ဗြိတိန်နိုင်ငံပါ။
ဒါပေမယ့် ဝက်ရူးပြန်ရောဂါ စွဲကပ်နေတဲ့ (၁၂)နှစ်အရွယ်ကောင်လေးရဲ့
မိခင်ဖြစ်သူက ကနေဒါနိုင်ငံမှ ထုတ်လုပ်တဲ့ ဆေးခြောက်ဆီနဲ့ ဖော်စပ်
ထားတဲ့ ဆေးဝါးတစ်ချို့ကို သယ်ဆောင်ပြီး မနက်ဖြန်မှာ ဗြိတိန်ကို
ပြန်ဝင်မယ်ဆိုတဲ့အကြောင်း အကောက်အခွန်ဌာနကို တရားဝင်
ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။
Charlotte Caldwell ဆိုသူအမျိုးသမီးဟာ ဝန်ကြီးဌာနက
ဆေးခြောက်ကို ဆေးဝါအဖြစ်သုံးစွဲခွင့် ပိတ်ပင်ထားခြင်းကို
ပြောင်ပြောင်တင်းတင်း ဖီဆန်လိုက်တာဟာ ကြီးမားတဲ့
စိန်ခေါ်မှုတစ်ခုလို့တောင် ခေါ်ရဖို့ရှိနေပါတယ်။
ပြည်ထဲရေး လက်ထောက်အသစ်ဖြစ်သူ Sajid Javid လည်း
ထိုအမျိုးသမီးအား ဆေးဝါးဝယ်ယူခွင့် ပေးသင့်၊ မပေးသင့်နဲ့
ပတ်သက်ပြီး တော်တော်လေး အကျပ်ရိုက်နေပါတယ်။
“ဒီတားမြစ်ထားတဲ့ဆေးကပဲ ကျွန်မသားလေးကို အသက်ရှင်နေစေ
တာဖြစ်လို့၊ ထိုက်သင့်တဲ့နေရာမှာ ဘေးကင်းစွာအသုံးချဖို့အတွက်
ကျွန်မတောင်းဆိုမယ်” Caldwell ကပြောပါတယ်။ တဆက်တည်းမှာပဲ
သားဖြစ်သူရဲ့ ဆေးဝါနဲ့ပတ်သက်ပြီး သူမကို ဖမ်းဆီးမယ်ဆိုရင်
ဒါ သူမသားကို တနည်းအားဖြင့် သတ်တာပဲလို့လဲ ပြောကြားသွား
ပါသေးတယ်။
Billy ဟာ အော်တစ်ဆင်နဲ့ ဝက်ရူးပြန်ရောဂါကို ခံစားနေရတာဖြစ်ပြီး၊
ဆေးခြောက်အဆီနဲ့ ဖော်စပ်ထားတဲ့ ဆေးကို သောက်သုံးရန် ညွန်ကြား
ခံရသော ဗြိတိန်နိုင်ငံရဲ့ ပထမဆုံးလူနာ ဖြစ်လာပါတယ်။ ဒီကုထုံးကို
တရားဝင် အသုံးပြုခွင့်ရှိတဲ့ ယူအက်စ်က ဆရာဝန်တွေက ပေးခဲ့တာ
ဖြစ်ပါတယ်။ Cladwell ရဲ့ ပြောကြားချက်အရ ဒီကုထုံးကြောင့် Billy ဟာ
လေသင်တုန်းဖြတ်ခြင်း ဝေဒနာမှ သက်သာလာသလို၊ ကျန်းမာရေး
တိုးတက်မှုတွေလည်း ရှိလာပါတယ်။
အခုဆို သူမရဲ့ သားအတွက် ဆေးကုန်တော့မှာဖြစ်တဲ့အတွက်
မနေ့က တိုရွန်တို မြို့ကို သွားပြီး ခြောက်လစာ ဆေးအဆီကို
သွားဝယ်ပါတယ်။ မနက်ဖြန်ဆို ပြန်လာရမှာပါ။ ဒီဆေးက
ပါးစပ်အတွင်းကို အစက်ချရတဲ့ဆေးဖြစ်ပါတယ်။ ဒီလိုတွေလုပ်နေရတာ
သူမအနေနဲ့လည်း သိပ်မုန်းပါသတဲ့။ မိခင်တစ်ယောက်အနေနဲ့ သားဖြစ်သူ
သေဘေးမှ လွတ်မြောက်ဖို့ ဥပဒေကို ချိုးဖောက်နေတာ သိပ်ကြောက်မက်
ဖွယ်ကောင်းပါတယ်။ ဒါပေမယ့် ဒီဆေးကပဲ သူမအတွက် မျှော်လင့်ချက်
ပေးနိုင်သလို သားဖြစ်သူကို တစ်ခါပြန်ရှင်သန်ခွင့် ပေးနိုင်တာဖြစ်ကြောင်း
ပြောပြပါတယ်။
“ဥပဒေနဲ့ ငြိစွန်းနေတာအတွက်တော့ စိုးရိမ်ရတာပေါ့။ ဒါပေမယ့်
ကျွန်မသားလေး ဥပဒေအတိုင်း အသက်ရှင်နေပြီး သေသွားမှာထက်
စာရင် တရားမဝင် ရှင်သန်ခွင့်ရဖို့ကိုပဲ ရွေးချယ်လိုက်တယ်” ဆိုတာကို
သိရတော့ မိခင်တစ်ယောက်ရဲ့ မေတ္တာဘယ်လောက် ကြီးမားလဲ
တွေးကြည့်ရင် ….။
Credit;Matthew
source:wikilikes
links -
No comments:
Post a Comment