----------------------------------------
ဖြစ်ပါတယ်။
source:bahuthuta
links -
=============================
ဇီဝစက်ရုပ်လက်တပ်ဆင်ထားတဲ့
ဟောလိဝုဒ်သရုပ်ဆောင်မင်းသမီး
----------------------------------------
Hunger Games ဇာတ်ကားနဲ့ လူသိများခဲ့ကြတဲ့
ဟောလိဝုဒ်မင်းသမိး Angel Giuffria ဟာ သူ့ကိုယ်သူ
Cyborg တစ်ကောင်လို့ပြောခဲ့ပါတယ်။ သူဟာ မွေးကထဲက
လက်တစ်ဖက်ပဲ ပါရှိခဲ့တာဖြစ်ပြီး လူမှန်းမသိခင်အချိန်ထဲက
လက်အတုသုံးပြီး နေခဲ့ရတာပဲဖြစ်ပါတယ်။
ဒါပေမယ့် ဒီအံ့သြစရာကောင်းတဲ့အမျိုးသမီး ရဲ့ စိတ်နေစိတ်ထား
ကတော့ အရမ်းမြင့်မားလွန်းပါတယ်။ သူဟာ ကိုယ်အင်္ဂါအစိတ်အပိုင်း
ချို့တဲ့နေတာတောင်မှ အမြဲတမ်း အကောင်းမြင်သဘောရှိပြီးတော့
တက်ကြွသွက်လက်နေတဲ့ အမျိုးသမီးတစ်ယောက်ပါ။
အခုဆိုရင်တော့ Angel Giuffria ဟာ သူ့ရဲ့ဇီဝစက်ရုပ်လက်ကို
အသုံးပြုပြီးတော့ သာမန်ဘဝတစ်ခုမှာ နေထိုင်နိုင်နေပါပြီ။
ဈေးကွက်ထဲမှာ စမတ်အကျဆုံးနဲ့အကောင်းဆုံး စက်ရုပ်လက်
တစ်ခုဖြစ်တဲ့ Bebionic3 ကိုသုံးစွဲထားတာဖြစ်ပြီး ဒီစက်ရုပ်လက်ဟာ
အခြားစက်ရုပ်လက်တွေနဲ့ယှဉ်ရင် ပိုမိုသေးငယ်ပြီး လုပ်ဆောင်ချက်
များစွာပါဝင်တဲ့အတွက် Angel အတွက် အရမ်းကိုအဆင်ပြေတဲ့
လက်တစ်ခုပါပဲ။ Angel ဟာ လက်ကကြွက်သားတွေကို လှုပ်ရှား
ပေးလိုက်ရုံနဲ့တင် စက်ရုပ်လက်လှုပ်ရှားမှုကိုအာရုံခံပြီးတော့
Angel လုပ်ဆောင်ချင်တဲ့ အရာတွေကို လုပ်ဆောင်ပေးသွားမှာပဲ
ဖြစ်ပါတယ်။
လက်တစ်ဖက်ထဲနဲ့မွေးဖွားခဲ့ပေမယ့် အခုဆိုရင်တော့
စက်ရုပ်လက်နဲ့ဘဝကို အဆင်ပြေပြေ ဖြတ်သန်းနေပါပြီ။
Bebionic3 အပေါ်သူမရဲ့တုံ့ပြန်ပြောဆိုမှုကတော့..
“ဒီလက်ကို ကျွန်မတပ်လိုက်တဲ့အချိန်ထဲက အရမ်းအံ့သြစရာ
ကောင်းတာတွေ ဖြစ်ပေါ်လာခဲ့တယ်။ လက်တဖက်မပါပဲ မွေးခဲ့တဲ့
အတွက် ငယ်စဉ်အချိန်ထဲက myoelectric (ပထမဆုံးစက်ရုပ်လက်
မျိုးဆက်) ကို ဝတ်ဆင်ခဲ့ရတယ်။ ကျွန်မ ပထမဆုံး စက်ရုပ်လက်
ဝတ်ခဲ့ရတဲ့အချိန်က အသက် ၄ လနဲ့ ၁၀ ရက် မှာပဲဖြစ်ပါတယ်။
ဒီတော့ပြောရမယ်ဆိုရင် ကျွန်မဟာ နည်းပညာအဆင့်ဆင့် ပြောင်းလဲ
နေတဲ့ စက်ရုပ်လက်မျိုးဆက်တွေကြားမှာ ကြီးပြင်းလာရတာပေါ့” ပါတဲ့
သူမရဲ့သရုပ်ဆောင်အလုပ်အပြင် အခြားလက်မရှိတဲ့သူတွေကို
ကူညီနိုင်ဖို့လည်းကြိုးစားနေပါသေးတယ်။ Angel ဟာ ရုရှားနိုင်ငံမှာ
ကျင်းပတဲ့ သိပ္ပံနဲ့နည်းပညာပြပွဲ Greek Picnic ကိုသွားရောက်ခဲ့ပြီး
တော့ အဲ့ဒီကိုလာကြတဲ့ လက်မရှိတဲ့သူတွေနဲ့ ဒီမော်ဒန်နည်းပညာ
တွေအကြောင်းကို ဆွေးနွေးပြောဆိုခဲ့ပါသေးတယ်။
“ကျွန်မဘယ်တော့မှလက် မဆုံးရှုံးခဲ့သလို လက်လည်းမရှိခဲ့ပါဘူး။
ကျွန်မကိုကျွန်မ ခြားနားတဲ့သူတစ်ယောက်လို ထင်တယ်။ ပြီးတော့
ဒီအတိုင်းပဲ ဆက်နေသွားမယ်။ ကျွန်မရဲ့စက်ရုပ်လက်ကိုလည်း
ကျွန်မသဘောကျတယ်။ ကျွန်မကိုယ်ကျွန်လည်း cyborg လို့
ပြောချင်တယ်။ ဒါက ပျော်စရာလည်းကောင်းတယ်လေ” လို့
အကောင်းမြင်တဲ့ မှတ်ချက်တစ်ခုလည်း ပေးခဲ့ပါသေးတယ်။
Writer – Min Thu [ Daily Hot News]
source:bahuthuta
links -
https://www.theepochtimes.com/uplift/amputee-looks-for-charger-at-sxsw_2469550.html
No comments:
Post a Comment