သမီးျဖစ္သူနဲ႔ ေတြ႕ဖို႔ ျငင္းဆန္တဲ့ One Direction အဖြဲ႕ကို
ဟိုတယ္အျပင္ ေမာင္းထုတ္ခဲ့တဲ့ Donald Trump ...
------------------------------------------------------------
ကမာၻေက်ာ္ အမ်ိဳးသားအဆိုေတာ္အဖြဲ႕တခုျဖစ္တဲ့ One Direction
အဖြဲ႕ဟာ စီးပြားေရးလုပ္ငန္းရွင္ကေန အေမရိကန္ သမၼတ ျဖစ္လာသူ
Donald Trump ရဲ႕ သမီးျဖစ္သူကို ေတြ႕ဆုံဖို႔ ျငင္းဆန္ခဲ့တာေၾကာင့္
သူတို႔ေနထိုင္ရာ ဟိုတယ္ကေန ႏွင္ထုတ္ခံခဲ့ရဖူးတဲ့အေၾကာင္း
အဖြဲ႕ဝင္ Niall Horan က ေျပာၾကား လိုက္ပါတယ္။
၂၀၁၇ ခုႏွစ္မွာ Rollacoaster မဂၢဇင္းနဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ
One Direction အဖြဲ႕ဝင္ေဟာင္း Liam Payne က Trump ဟာ
သူတို႔အဖြဲ႕ကို သမီးျဖစ္သူနဲ႔ ေတြ႕ဆုံေစလိုေပမယ့္ အဖြဲ႕ဝင္ေတြက
ျငင္းဆန္ခဲ့တဲ့အတြက္ ဟိုတယ္ပိုင္ရွင္မွ သူတို႔အဖြဲ႕ကို ဟိုတယ္ကေန
ႏွင္ထုတ္ခံခဲ့ရဖူးတဲ့အေၾကာင္း ေျပာၾကားထားပါတယ္။
အဖြဲ႕ဝင္ Niall ကို ၿပီးခဲ့တဲ့ ဇြန္လ ၁၉ ရက္ေန႔၊ လန္ဒန္ၿမိဳ႕မွာ
႐ိုက္ကူးခဲ့ၿပီး တင္ဆက္သူ James Corden နဲ႔အတူ ပါဝင္ခဲ့တဲ့
The Late Late Show အစီအစဥ္ အထူးအပိုင္းမွာ အဲဒီျဖစ္ရပ္
အေၾကာင္း ေမးျမန္းခံခဲ့ရတာ ျဖစ္ေပမယ့္ Trump ကိုယ္တိုင္က
သူတို႔ကို လူကိုယ္တိုင္ ႏွင္ထုတ္ခဲ့တာ မဟုတ္ခဲ့ဘဲ သမီးနဲ႔
ဓာတ္ပုံ႐ိုက္ဖို႔ အခြင့္အေရးကို ျငင္းဆန္ခဲ့ၿပီး ေနာက္ သူတို႔
ဆက္ေနလို႔ မရေအာင္လုပ္ၿပီး ဘယ္လိုမွ ေ႐ြးခ်ယ္စရာမရွိခဲ့ဘဲ
ထြက္ခြာခဲ့ရတာျဖစ္တဲ့ အေၾကာင္း ေျပာျပခဲ့ပါတယ္။
အဆိုေတာ္ Niall က “က်ေနာ္တို႔ဟာ Madison Square ဥယ်ာဥ္မွာ
ေဖ်ာ္ေျဖေနခဲ့ၾကတာပါ။ ေဖ်ာ္ေျဖပြဲႀကီး တခု ျဖစ္တဲ့ အတြက္ ေတြ႕ဆုံ
ႏႈတ္ဆက္တာမ်ိဳး က်ေနာ္တို႔ မလုပ္ပါဘူးလို႔ ေျပာၿပီးသားပါ။ အဲဒါဟာ
က်ေနာ္တို႔ ဘဝမွာ အႀကီးဆုံး ေဖ်ာ္ေျဖပြဲတခု ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္
သူ(Trump) က ေျပာတယ္ မင္းတို႔ ငါ့ေရွ႕ေနရဲ႕ သမီးနဲ႔အတူ ဓာတ္ပုံ
တပုံေလာက္ တြဲ႐ိုက္ႏိုင္မလားတဲ့။ ၿပီးေတာ့ သမီးျဖစ္သူ ဆင္းလာရင္
ရႈပ္ကုန္မွာစိုးလို႔ က်ေနာ္တို႔က မရဘူးဗ်။ ကန႔္သတ္ထားလို႔ပါ။
ေဖ်ာ္ေျဖပြဲမွာ ဘာညာဆိုၿပီး ေျပာလိုက္ရတယ္” လို႔ ဆိုပါတယ္။
သူကဆက္ၿပီး “အဲဒါေၾကာင့္ ခင္ဗ်ားတို႔ကို ဂိုေဒါင္႐ုံတံခါးကို
အသုံးျပဳခြင့္ မျပဳေတာ့ဘူးလို႔ ေျပာလာခဲ့ၿပီး အေရွ႕ေလွခါး ထစ္ေတြ
ေပၚမွာပဲ မတ္တပ္ရပ္ ဓာတ္ပုံ႐ိုက္ၿပီး ဟိုတယ္ကို ပ႐ိုမိုးရွင္းလုပ္ေပးပါ
ဆိုလို႔ က်ေနာ္တို႔လည္း ထြက္လာ ခဲ့ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။
အိုင္းရစ္အဆိုေတာ္ Niall ရဲ႕ အဆိုအရ အဲဒီျဖစ္ရပ္ဟာ Trump
International Hotel & Tower လို႔ ယူဆရတဲ့ Central Park နားက
ဟိုတယ္မွာ ျဖစ္ပြားခဲ့တာပါ။ ဘယ္အခ်ိန္မွာ ျဖစ္ခဲ့တယ္ ဆိုတာကိုေတာ့
မေျပာခဲ့ေပမယ့္ နယူးေယာက္ၿမိဳ႕ရဲ႕ အဲဒီလို အလြန္နာမည္ေက်ာ္ၾကား
တဲ့ေနရာမွာ ၂၀၁၂ ခုႏွစ္ ဒီဇင္ဘာလတုန္းက ေဖ်ာ္ေျဖပြဲ တခုကို ျပဳလုပ္
ခဲ့တာ ျဖစ္ပါတယ္။ အဲဒီကာလဟာ Trump သမၼတအျဖစ္ ေ႐ြးေကာက္
မခံရမီ ၂ ႏွစ္ အလိုမွာ ျဖစ္ပါတယ္။
အဲဒီအျဖစ္အပ်က္နဲ႔ ပတ္သက္လို႔ အဖြဲ႕ဝင္ေဟာင္း Liam က
“ခင္ဗ်ားတို႔ ယုံမွာမဟုတ္ဘူးဗ်။ သူ႔သမီးနဲ႔ ေတြ႕ဖို႔ အေၾကာင္းေလ။
သူက က်ေနာ္တို႔ အိပ္ေနခ်ိန္မွာ က်ေနာ္တို႔ မန္ေနဂ်ာဆီ ဖုန္းဆက္
ခဲ့တယ္။ ၿပီးေတာ့ သူက က်ေနာ္တို႔ကို ႏႈိးလိုက္လို႔ ေျပာတယ္” လို႔
ျပန္ေျပာင္း ေျပာျပပါတယ္။
သူ႔ရဲ႕ ကမ္းလွမ္းခ်က္ကို လက္ခံလိုက္ၿပီး ေနာက္မွာေတာ့ Trump က
“အိုေကေလ။ မင္းတို႔ကို ငါ့ဟိုတယ္မွာ မရွိေစခ်င္ေတာ့ဘူးဆိုလို႔
က်ေနာ္တို႔လည္း ထြက္ခဲ့ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။
Credit-the irrawaddy
source:bahuthuta
links -
Donald Trump kicked One Direction out of his hotel for refusing to meet his daughter
မႏွစ္က သတင္းတစ္ပုဒ္ပါ။
==============================
သမီးဖြစ်သူနဲ့ တွေ့ဖို့ ငြင်းဆန်တဲ့ One Direction အဖွဲ့ကို
ဟိုတယ်အပြင် မောင်းထုတ်ခဲ့တဲ့ Donald Trump ...
------------------------------------------------------------
ကမ္ဘာကျော် အမျိုးသားအဆိုတော်အဖွဲ့တခုဖြစ်တဲ့ One Direction
အဖွဲ့ဟာ စီးပွားရေးလုပ်ငန်းရှင်ကနေ အမေရိကန် သမ္မတ ဖြစ်လာသူ
Donald Trump ရဲ့ သမီးဖြစ်သူကို တွေ့ဆုံဖို့ ငြင်းဆန်ခဲ့တာကြောင့်
သူတို့နေထိုင်ရာ ဟိုတယ်ကနေ နှင်ထုတ်ခံခဲ့ရဖူးတဲ့အကြောင်း
အဖွဲ့ဝင် Niall Horan က ပြောကြား လိုက်ပါတယ်။
၂၀၁၇ ခုနှစ်မှာ Rollacoaster မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ
One Direction အဖွဲ့ဝင်ဟောင်း Liam Payne က Trump ဟာ
သူတို့အဖွဲ့ကို သမီးဖြစ်သူနဲ့ တွေ့ဆုံစေလိုပေမယ့် အဖွဲ့ဝင်တွေက
ငြင်းဆန်ခဲ့တဲ့အတွက် ဟိုတယ်ပိုင်ရှင်မှ သူတို့အဖွဲ့ကို ဟိုတယ်ကနေ
နှင်ထုတ်ခံခဲ့ရဖူးတဲ့အကြောင်း ပြောကြားထားပါတယ်။
အဖွဲ့ဝင် Niall ကို ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့၊ လန်ဒန်မြို့မှာ
ရိုက်ကူးခဲ့ပြီး တင်ဆက်သူ James Corden နဲ့အတူ ပါဝင်ခဲ့တဲ့
The Late Late Show အစီအစဉ် အထူးအပိုင်းမှာ အဲဒီဖြစ်ရပ်
အကြောင်း မေးမြန်းခံခဲ့ရတာ ဖြစ်ပေမယ့် Trump ကိုယ်တိုင်က
သူတို့ကို လူကိုယ်တိုင် နှင်ထုတ်ခဲ့တာ မဟုတ်ခဲ့ဘဲ သမီးနဲ့
ဓာတ်ပုံရိုက်ဖို့ အခွင့်အရေးကို ငြင်းဆန်ခဲ့ပြီး နောက် သူတို့
ဆက်နေလို့ မရအောင်လုပ်ပြီး ဘယ်လိုမှ ရွေးချယ်စရာမရှိခဲ့ဘဲ
ထွက်ခွာခဲ့ရတာဖြစ်တဲ့ အကြောင်း ပြောပြခဲ့ပါတယ်။
အဆိုတော် Niall က “ကျနော်တို့ဟာ Madison Square ဥယျာဉ်မှာ
ဖျော်ဖြေနေခဲ့ကြတာပါ။ ဖျော်ဖြေပွဲကြီး တခု ဖြစ်တဲ့ အတွက် တွေ့ဆုံ
နှုတ်ဆက်တာမျိုး ကျနော်တို့ မလုပ်ပါဘူးလို့ ပြောပြီးသားပါ။ အဲဒါဟာ
ကျနော်တို့ ဘဝမှာ အကြီးဆုံး ဖျော်ဖြေပွဲတခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်
သူ(Trump) က ပြောတယ် မင်းတို့ ငါ့ရှေ့နေရဲ့ သမီးနဲ့အတူ ဓာတ်ပုံ
တပုံလောက် တွဲရိုက်နိုင်မလားတဲ့။ ပြီးတော့ သမီးဖြစ်သူ ဆင်းလာရင်
ရှုပ်ကုန်မှာစိုးလို့ ကျနော်တို့က မရဘူးဗျ။ ကန့်သတ်ထားလို့ပါ။
ဖျော်ဖြေပွဲမှာ ဘာညာဆိုပြီး ပြောလိုက်ရတယ်” လို့ ဆိုပါတယ်။
သူကဆက်ပြီး “အဲဒါကြောင့် ခင်ဗျားတို့ကို ဂိုဒေါင်ရုံတံခါးကို
အသုံးပြုခွင့် မပြုတော့ဘူးလို့ ပြောလာခဲ့ပြီး အရှေ့လှေခါး ထစ်တွေ
ပေါ်မှာပဲ မတ်တပ်ရပ် ဓာတ်ပုံရိုက်ပြီး ဟိုတယ်ကို ပရိုမိုးရှင်းလုပ်ပေးပါ
ဆိုလို့ ကျနော်တို့လည်း ထွက်လာ ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အိုင်းရစ်အဆိုတော် Niall ရဲ့ အဆိုအရ အဲဒီဖြစ်ရပ်ဟာ Trump
International Hotel & Tower လို့ ယူဆရတဲ့ Central Park နားက
ဟိုတယ်မှာ ဖြစ်ပွားခဲ့တာပါ။ ဘယ်အချိန်မှာ ဖြစ်ခဲ့တယ် ဆိုတာကိုတော့
မပြောခဲ့ပေမယ့် နယူးယောက်မြို့ရဲ့ အဲဒီလို အလွန်နာမည်ကျော်ကြား
တဲ့နေရာမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတုန်းက ဖျော်ဖြေပွဲ တခုကို ပြုလုပ်
ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလဟာ Trump သမ္မတအဖြစ် ရွေးကောက်
မခံရမီ ၂ နှစ် အလိုမှာ ဖြစ်ပါတယ်။
အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ အဖွဲ့ဝင်ဟောင်း Liam က
“ခင်ဗျားတို့ ယုံမှာမဟုတ်ဘူးဗျ။ သူ့သမီးနဲ့ တွေ့ဖို့ အကြောင်းလေ။
သူက ကျနော်တို့ အိပ်နေချိန်မှာ ကျနော်တို့ မန်နေဂျာဆီ ဖုန်းဆက်
ခဲ့တယ်။ ပြီးတော့ သူက ကျနော်တို့ကို နှိုးလိုက်လို့ ပြောတယ်” လို့
ပြန်ပြောင်း ပြောပြပါတယ်။
သူ့ရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး နောက်မှာတော့ Trump က
“အိုကေလေ။ မင်းတို့ကို ငါ့ဟိုတယ်မှာ မရှိစေချင်တော့ဘူးဆိုလို့
ကျနော်တို့လည်း ထွက်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Credit-the irrawaddy
source:bahuthuta
links -
Donald Trump kicked One Direction out of his hotel for refusing to meet his daughter
မနှစ်က သတင်းတစ်ပုဒ်ပါ။
No comments:
Post a Comment