ဖင်လန်နိုင်ငံနဲ့ပတ်သက်ပြီး
သင်မသိသေးသောအချက်များ
စတိုးဆိုင်နဲ့ စားသောက်ဆိုင်တိုင်းမှာ ခွေးတွေအတွက် ပါကင် ထားပေးရပါတယ်။ ဥပဒေ တစ်ရပ်အဖြစ် ချမှတ်ထားခြင်း ဖြစ်ပြီး ခွေးပါကင် မထားသော စားသောက်ဆိုင် ပိုင်ရှင်ကို ဖိုင်းကြေး ကောက်ခံပါတယ်။
.
ဖင်လန်နိုင်ငံရဲ့ ရိုးရာဓလေ့အရ Ph.D ရသော ဒေါက်တာများကို ဒီပလိုမာ သာမက ဓားတစ်လက် ကိုပါ နှင်းအပ်ရ ပါတယ်။ ဓားကိုတော့ ဒေါက်တာဘွဲ့ ရသူက ကိုယ်တိုင် ဝယ်ရပါတယ်။
.
ဖင်လန်နိုင်ငံ သားတွေဟာ အလွန်စာဖတ် ကြသူတွေ ဖြစ်ပါတယ်။ နိုင်ငံသား ၅ မီလီယန်သာ ရှိသော်လည်း တစ်နှစ်ကို စာကြည့်တိုက်မှ ၆၇ မီလီယန် စာအုပ်များ ငှားဖတ်ကြ တာပါ။ ဓာတ်ဆီဆိုင် များတွင်လဲ စာကြည့်တိုက်ငယ်များ ထားရှိကြပါတယ်။
.
ဖင်လန်နိုင်ငံမှာ မျက်စိမမြင် သူများကို စာဖတ် ပြနိုင်သော ခွေးများ ရှိပါတယ်။ ကလေးငယ် များကို ဖင်လန် ဘာသာစကား တတ်မြောက်ဖို့လဲ ထိုခွေးလေး တွေက ကူညီပါတယ်။
.
ဖင်လန်နိုင်ငံမှာ ဝန်ထမ်းများ အနေနဲ့ အပန်းဖြေ ခရီးက ပြန်လာတိုင်း ဘောနပ်များ လက်ခံရရှိ ပါတယ်။ ခရီးမှ ရုံးသို့ ပြန်လာတာနဲ့ ဘောနပ်စ် ရရှိတာဖြစ်ပြီး ဝန်ထမ်း များကို ပျော်ရွှင်အောင် ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်။ ခရီးစဉ် တလျှောက် ကုန်ကျစရိတ် ကိုတော့ ပြောပြခြင်း မရှိပါဘူး။
.
ဖင်လန်နိုင်ငံသားတွေ ပေးဆောင်ရမယ့် ဖိုင်းကြေးများကို တစ်ဦးချင်းစီရဲ့ ဝင်ငွေအပေါ် မူတည်ပြီး ကောက်ခံပါတယ်။ ဝင်ငွေ အလွန်ကောင်းသော company ကြီး တစ်ခုရဲ့ မန်နေဂျာ ကတော့ ကား ကို မဆင်မခြင် မောင်းနှင်မှုကြောင့် စတာလင်ပေါင် ၁၁၆,၀၀၀ ပေးဆောင် ခဲ့ရပါတယ်။
.
FA တွေကို အားပေးတဲ့ စနစ်လဲ ဖင်လန်မှာ ရှိနေပါတယ်။ ဘား သို့ စားသောက်ဆိုင် တွေမှာ FA တွေအတွက် သီးသန့် ထိုင်ခုံတွေ ထားပေးပါတယ်။ စူပါမားကက် များမှာလဲ တစ်ယောက်တည်း ကိုင်ရသော ခြင်းတောင်းများ ထားရှိ ပေးပါတယ်။
.
ဖင်လန်နိုင်ငံသား တစ်ဦးမှာ ၁ နှစ်ကို ဘီယာ ၈၅ လီတာခန့် သောက်သုံးတယ်လို့ ဆိုပါတယ်။ ဒါက သိပ်တော့ မဆန်းပါဘူး။ စူပါမားကတ် တွေမှာ ဘီယာဘူးပေါင်း တခါတည်း ထောင်ချီ ဝယ်ယူနိုင်အောင် ရောင်းချ ပေးပါတယ်။
.
ဖင်လန် တက္ကသိုလ်တိုင်းမှာ ကျောင်းသားများ အခမဲ့ပါတီ ပေးနိုင်ဖို့ အိမ်ကြီးကြီးများ ပိုင်ဆိုင်ပါတယ်။ ထိုအိမ်များမှာ ကျောင်းသား ကျောင်းသူများ စိတ်ကြိုက် ပါတီပေးနိုင်ပြီး အရက်သေစာ သောက်စားခွင့် လည်းရှိပါတယ်။
.
ကမ္ဘာ့အရိုးသားဆုံး မြို့တော် ၁၆ ခုတွင် ဖင်လန် နိုင်ငံရဲ့ မြို့တော်ဖြစ်သော ဟဲလ်စင်ကီ မြို့လဲ အပါအဝင် ဖြစ်ပါတယ်။ ဟဲလ်စင်ကီ လမ်းမ များပေါ်မှာ ကျကျန်ခဲ့သော ပိုက်ဆံအိတ် ၁၂ လုံးအနက် ၁၁ လုံးမှာ ပိုင်ရှင်တွေဆီ ပြန်ပေးခြင်း ခံရပါတယ်။
.
ဖင်လန် လူဦးရေ ၅ မီလီယန် ရှိသလို ဆောနာ များမှာလဲ ၂ မီလီယန် ရှိပြီး ဖင်လန် နိုင်ငံရှိ ကားအရေအတွက် ထက်တောင် ပိုများ နေပါတယ်။ အကျဉ်းသား တွေတောင်မှ တစ်ပတ် ၁ကြိမ် ဆောနာသွားခွင့် ပေးထားပါတယ်။ အသင့်စား ဘာဂါဆိုင် များတွင်လဲ ဆောနာ တွဲဖွင့်ပေး ထားပါတယ်။
.
နိုင်ငံလုံးဆိုင်ရာ အိပ်ပုတ်ကြီး သူများနေ့ကို ဖင်လန်မှာ နှစ်စဉ် ကျင်းပပါတယ်။ အိပ်ရာထ နောက်ကျသူကို ရေထဲကို ပစ်ချကြတဲ့ ဖင်လန် ရိုးရာနေ့လေး ဖြစ်ပါတယ်။
Writer Dr Jue(Daily Hot News)
No comments:
Post a Comment