မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Wednesday, September 16, 2020

ျမင္းေကာင္ေရ(၁၀၀)အားရွိတဲ့ ေမာ္ေတာ္ကား

 ျမင္းေကာင္ေရ(၁၀၀)အားရွိတဲ့ ေမာ္ေတာ္ကား

-----------------------------------------------------



လြန္ခဲ့တဲ့အႏွစ္၇၀ေလာက္က အေမရိကန္ႏိုင္ငံ အိုကလာဟိုးမား

ျပည္နယ္ရဲ႕ၿမိဳ႕ေသးေလးတခုမွာေနတဲ့ အင္ဒီးယန္း(Red Indian)လူမိ်ဳး 

အဖိုးႀကီးတေယာက္ရဲ႕ျခံဝင္းထဲမွာ ေရနံေတြ အမ်ားႀကီးေတြ႕ရတယ္။ 

ေရနံတူးတဲ့ ကုမၸဏီတစ္ခုက သူ႔ျခံဝင္းကို ေငြအေျမာက္အမ်ားေပးၿပီး 

ဝယ္လိုက္လို႔ အရင္ကဆင္းရဲတဲ့အဖိုးႀကီးဟာ ႐ုတ္တရက္ အရမ္း

ခ်မ္းသာသြားတယ္။

သိပ္မၾကာခင္မွာ ၿမိဳ႕တစ္ေနရာမွာ အိမ္ေသးေသးတလံုးဝယ္လိုက္တယ္။ 

ေနာက္ၿပီး အဲဒီေခတ္က ေစ်းအႀကီးဆံုးနဲ႔ အေကာင္းဆံုးကားျဖစ္တဲ့ 

ကာဒီလက္ဇိမ္ခံကားရွည္ႀကီးတစ္စီးကိုလဲ ေစ်းႀကီးေပးၿပီး ဝယ္လိုက္တယ္။

မနက္ေစာေစာ အဲဒီကားသစ္ႀကီးေမာင္းၿပီး ၿမိဳ႕ကိုတပတ္ပါတ္တယ္။ 

ေခါင္းမွာ မက္စီကင္ဦးထုပ္ကားကားႀကီးကိုေဆာင္း ၊ ကုတ္အက်ႌအနက္

ႀကီးကိုဝတ္ ၊ အဝါေရာင္လည္စီးနကၠတိုင္ကိုစီး ၊ ပါးစပ္မွာလဲ ေဆးျပင္း

လိပ္ႀကီးကိုက္ရင္းနဲ႔ လမ္းေဘးဘယ္ညာ၂ဖက္က လမ္းသြားလမ္းလာ

ေတြကို လက္ျပျပရင္း ပါးစပ္ကလဲ “Good Morning”ဆိုၿပီး ပါးစပ္က

ေအာ္ႏူတ္ဆက္တယ္။ အဲဒါ မနက္တိုင္းလုပ္တယ္။ မနက္ေစ်းဝယ္ခိ်န္

ျဖစ္လို႔ လမ္းေပၚမွာ လူေတြအမ်ားႀကီးေပမဲ့ တစ္ခါမွ ကားတိုက္မႈ 

မျဖစ္ခဲ့ဘူး။

ကားတိုက္မႈ ဘယ္ျဖစ္ပါ့မလဲ။ အဲဒီကားႀကီးကို ျမင္းႀကီး ၂ ေကာင္က 

ေရွ႕ကေန ႀကိဳးနဲ႔ဆြဲသြားတာကိုး။ ၿမိဳ႕ထဲက ကားျပင္တဲ့မကၠနစ္ေတြက 

ေျပာၾကတယ္။ ကားက အေကာင္းႀကီးပါ။ အဖိုးႀကီးဟာ ကားမေမာင္း

တတ္သလို ကားစက္ေတာင္ ေသာ့နဲ႔ လွည့္မႏိူးတတ္ဖူးတဲ့။ အဲဒီကားရဲ႕

အင္ဂ်င္ပါဝါ ဘယ္ေလာက္ရွိတယ္ထင္သလဲ။ ျမင္းေကာင္ေရ(၁၀၀)အား

ရွိပါတယ္။


ဒီပံုျပင္ေလးကို ဖတ္ရင္းရီခ်င္ရီမိမယ္။ ျပံဳးခ်င္လဲျပံဳးမိမယ္ထင္ပါတယ္။ 

အဲဒီပံုျပင္ဟာ ခင္ဗ်ားတို႔ က်ေနာ္တို႔ကို ရည္ၫြန္းထားတာပါ။ 

“ဟာ ဘာဆိုင္လို႔လဲ”လို႔ေမးခ်င္ပါလိမ့္မယ္။ ဒီလိုပါ။ အဖိုးႀကီးဟာ 

သူကားရဲ႕အင္ဂ်င္ပါဝါျဖစ္တဲ့ ျမင္းေကာင္ေရ(၁၀၀)ကိုမသံုးပဲ  

ျမင္း ၂ ေကာင္ကိုပဲ သံုးတယ္မဟုတ္လား။


ဒီလိုပါပဲ က်ေနာ္တို႔ရဲ႕ဦးေႏွာက္ဟာ တီထြင္ဉာဏ္ေတြရွိတယ္။

စိတ္ကူးစိတ္သန္းေကာင္းေတြရွိတယ္။ လကမာၻကိုသြားနိင္တယ္။ 

ကမာၻႀကီးကို အုပ္စိုးႏုိင္တဲ့ အရည္အခ်င္းရွိတယ္။ ဒါေပမဲ့ က်ေနာ္တို႔ 

လူအမ်ားစုဟာ ဦးေႏွာက္ရဲ႕စြမ္းရည္ကို နည္းနည္းေလးပဲသံုးၾကတယ္။

ဒါေၾကာင့္လည္း မထင္မရွား ခ်ိဳ႕ခ်ိဳ႕ငဲ့ငဲ့နဲ႔လူ႔ဘဝကို ကုန္ဆံုးသြားတတ္

ၾကတယ္။ သာမန္လူေတြဟာ ဦးေႏွာက္စြမ္းရည္ရဲ႕ ၂ ရာခိုင္ႏႈန္းကေန 

၅ ရာခိုင္ႏႈန္းၾကားပဲ သံုးၾကတယ္လို သိပၸံပညာရွင္ေတြက သုေတသန

စမ္းသပ္ေတြ႕ရွိခ်က္အရ ေျပာၾကတယ္။


သင္ေကာ အဲဒီလူေတြထဲမွာ ပါေနသလား။


ေရးသားသူ – ဗန္းေမာ္သိန္းေဖ

source:thutazone

===============================


မြင်းကောင်ရေ(၁၀၀)အားရှိတဲ့ မော်တော်ကား

-----------------------------------------------------


လွန်ခဲ့တဲ့အနှစ်၇၀လောက်က အမေရိကန်နိုင်ငံ အိုကလာဟိုးမား

ပြည်နယ်ရဲ့မြို့သေးလေးတခုမှာနေတဲ့ အင်ဒီးယန်း(Red Indian)လူမျိုး 

အဖိုးကြီးတယောက်ရဲ့ခြံဝင်းထဲမှာ ရေနံတွေ အများကြီးတွေ့ရတယ်။ 

ရေနံတူးတဲ့ ကုမ္ပဏီတစ်ခုက သူ့ခြံဝင်းကို ငွေအမြောက်အများပေးပြီး 

ဝယ်လိုက်လို့ အရင်ကဆင်းရဲတဲ့အဖိုးကြီးဟာ ရုတ်တရက် အရမ်း

ချမ်းသာသွားတယ်။


သိပ်မကြာခင်မှာ မြို့တစ်နေရာမှာ အိမ်သေးသေးတလုံးဝယ်လိုက်တယ်။ 

နောက်ပြီး အဲဒီခေတ်က ဈေးအကြီးဆုံးနဲ့ အကောင်းဆုံးကားဖြစ်တဲ့ 

ကာဒီလက်ဇိမ်ခံကားရှည်ကြီးတစ်စီးကိုလဲ ဈေးကြီးပေးပြီး ဝယ်လိုက်တယ်။

မနက်စောစော အဲဒီကားသစ်ကြီးမောင်းပြီး မြို့ကိုတပတ်ပါတ်တယ်။ 

ခေါင်းမှာ မက်စီကင်ဦးထုပ်ကားကားကြီးကိုဆောင်း ၊ ကုတ်အင်္ကျီအနက်

ကြီးကိုဝတ် ၊ အဝါရောင်လည်စီးနက္ကတိုင်ကိုစီး ၊ ပါးစပ်မှာလဲ ဆေးပြင်း

လိပ်ကြီးကိုက်ရင်းနဲ့ လမ်းဘေးဘယ်ညာ၂ဖက်က လမ်းသွားလမ်းလာ

တွေကို လက်ပြပြရင်း ပါးစပ်ကလဲ “Good Morning”ဆိုပြီး ပါးစပ်က

အော်နူတ်ဆက်တယ်။ အဲဒါ မနက်တိုင်းလုပ်တယ်။ မနက်ဈေးဝယ်ချိန်

ဖြစ်လို့ လမ်းပေါ်မှာ လူတွေအများကြီးပေမဲ့ တစ်ခါမှ ကားတိုက်မှု 

မဖြစ်ခဲ့ဘူး။


ကားတိုက်မှု ဘယ်ဖြစ်ပါ့မလဲ။ အဲဒီကားကြီးကို မြင်းကြီး ၂ ကောင်က 

ရှေ့ကနေ ကြိုးနဲ့ဆွဲသွားတာကိုး။ မြို့ထဲက ကားပြင်တဲ့မက္ကနစ်တွေက 

ပြောကြတယ်။ ကားက အကောင်းကြီးပါ။ အဖိုးကြီးဟာ ကားမမောင်း

တတ်သလို ကားစက်တောင် သော့နဲ့ လှည့်မနိူးတတ်ဖူးတဲ့။ အဲဒီကားရဲ့

အင်ဂျင်ပါဝါ ဘယ်လောက်ရှိတယ်ထင်သလဲ။ မြင်းကောင်ရေ(၁၀၀)အား

ရှိပါတယ်။


ဒီပုံပြင်လေးကို ဖတ်ရင်းရီချင်ရီမိမယ်။ ပြုံးချင်လဲပြုံးမိမယ်ထင်ပါတယ်။ 

အဲဒီပုံပြင်ဟာ ခင်ဗျားတို့ ကျနော်တို့ကို ရည်ညွန်းထားတာပါ။ 

“ဟာ ဘာဆိုင်လို့လဲ”လို့မေးချင်ပါလိမ့်မယ်။ ဒီလိုပါ။ အဖိုးကြီးဟာ 

သူကားရဲ့အင်ဂျင်ပါဝါဖြစ်တဲ့ မြင်းကောင်ရေ(၁၀၀)ကိုမသုံးပဲ  

မြင်း ၂ ကောင်ကိုပဲ သုံးတယ်မဟုတ်လား။


ဒီလိုပါပဲ ကျနော်တို့ရဲ့ဦးနှောက်ဟာ တီထွင်ဉာဏ်တွေရှိတယ်။

စိတ်ကူးစိတ်သန်းကောင်းတွေရှိတယ်။ လကမ္ဘာကိုသွားနိင်တယ်။ 

ကမ္ဘာကြီးကို အုပ်စိုးနိုင်တဲ့ အရည်အချင်းရှိတယ်။ ဒါပေမဲ့ ကျနော်တို့ 

လူအများစုဟာ ဦးနှောက်ရဲ့စွမ်းရည်ကို နည်းနည်းလေးပဲသုံးကြတယ်။

ဒါကြောင့်လည်း မထင်မရှား ချို့ချို့ငဲ့ငဲ့နဲ့လူ့ဘဝကို ကုန်ဆုံးသွားတတ်

ကြတယ်။ သာမန်လူတွေဟာ ဦးနှောက်စွမ်းရည်ရဲ့ ၂ ရာခိုင်နှုန်းကနေ 

၅ ရာခိုင်နှုန်းကြားပဲ သုံးကြတယ်လို သိပ္ပံပညာရှင်တွေက သုတေသန

စမ်းသပ်တွေ့ရှိချက်အရ ပြောကြတယ်။


သင်ကော အဲဒီလူတွေထဲမှာ ပါနေသလား။


ရေးသားသူ – ဗန်းမော်သိန်းဖေ

source:thutazone

No comments:

Post a Comment