မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Saturday, September 19, 2020

စက္႐ုပ္သုံး ဘာဂါဆိုင္

 ဝန္ထမ္းေတြကို တစ္နာရီ ၁၆ ေဒၚလာေပးမည့္အျပင္ 

စာအုပ္ေတြပါဖတ္ခိုင္းထားမယ့္ စက္႐ုပ္သုံး ဘာဂါဆိုင္

-------------------------------------------------------------


ဆန္ဖရန္စစၥကိုမွာ ဖြင့္လွစ္ေတာ့မယ့္ 

“Creator” ဘာဂါဆိုင္က ဘာဂါလုပ္တဲ့ စက္႐ုပ္.

ဆန်ဖရန်စစ္စကိုမှာ ဖွင့်လှစ်တော့မယ့် 

“Creator” ဘာဂါဆိုင်က ဘာဂါလုပ်တဲ့ စက်ရုပ်


မၾကာမီအခ်ိန္အတြင္း အေမရိကန္ျပည္ေထာင္စု၊ ဆန္ဖရန္စစၥကို

ျပည္နယ္ထဲကို ဘာဂါစားေသာက္ဆိုင္ လုပ္ငန္း အသစ္တခု 

ဝင္ေရာက္လာေတာ့မွာပါ။

“Creator” လို႔ အမည္ေပးထားတဲ့ အဆိုပါဘာဂါဆိုင္ဟာ 

အေမရိကန္ေဒၚလာ ၆ ေဒၚလာတန္ ဘာဂါေတြကို ေရာင္းခ်ေပး

သြားမွာ ျဖစ္ၿပီး၊ ပါဝင္ပစၥည္းခ်က္ျပဳတ္ျပင္ဆင္တာ၊ ဘာဂါလုပ္တာ

ကအစ လူသားစားဖိုမႉး လုံးဝ မလိုအပ္ဘဲ စက္႐ုပ္နဲ႔ပဲ 

လုပ္ေဆာင္သြားမယ့္ဆိုင္ျဖစ္ပါတယ္။

ဘာဂါဆိုင္ရဲ႕ အလယ္တည့္တည့္မွာ ၁၄ ေပ အရွည္ရွိတဲ့ 

စက္႐ုပ္တ႐ုပ္ ရွိၿပီး၊ အဆိုပါစက္႐ုပ္ဟာ Sensor အမ်ားအျပားနဲ႔ 

ကြန္ပ်ဴတာ ပ႐ိုဂရမ္ အကူအညီေတြကို အသုံးျပဳကာ တနာရီကို 

ဘာဂါ ၁၃၀ အလိုအေလ်ာက္ ျပဳလုပ္ေပးႏိုင္ပါတယ္။

Creator ရဲ႕ ဘာဂါ အစအဆုံး လုပ္ေပးႏိုင္တဲ့ စက္႐ုပ္ေၾကာင့္ 

ဘာဂါျပင္ဖို႔အတြက္ စားဖိုမႉးေတြ အတြဲလိုက္ မလိုေတာ့ဘဲ ဆိုင္ကို 

ဝန္ထမ္းအင္အား နည္းနည္းနဲ႔ လည္ပတ္သြားမွာ ျဖစ္ပါတယ္။ 

ဒါေပမယ့္ ဘာဂါေတြကို ခ်ေပးဖို႔၊ အမွာလက္ခံဖို႔နဲ႔ ဘာဂါလုပ္စက္ထဲမွာ

ပါဝင္ပစၥည္းေတြ ကုန္ေနရင္ ျပန္ျဖည့္ေပးဖို႔ အတြက္ကေတာ့ 

လူသားဝန္ထမ္း ၉ ေယာက္ သပ္သပ္ ထားရွိမွာပါ။


ဝန္ထမ္းအင္အား နည္းပါးတာေၾကာင့္ လူသားဝန္ထမ္း တဦးခ်င္းကို 

တနာရီ ၁၆ ေဒၚလာအထိ ေပးထားႏိုင္ၿပီး၊ ဆန္ဖရန္စစၥကိုရဲ႕ 

အနည္းဆုံး လုပ္ခလစာ တနာရီ ၁၄ ေဒၚလာထက္ ၂ ေဒၚလာ 

ပိုမ်ားပါတယ္။ ဒါတင္ မကေသးဘဲ Creator ဘာဂါဆိုင္က လူသား

ဝန္ထမ္းေတြအေနနဲ႔ သူတို႔ အလုပ္ခ်ိန္ရဲ႕ ၅ ရာခိုင္ႏႈန္းကိုလည္း 

မိမိႏွစ္သက္ရာ စာအုပ္ ထိုင္ဖတ္ေနဖို႔ အခြင့္အေရး ေပးထားပါ

ေသးတယ္။


စာအုပ္ဝယ္ဖို႔အတြက္ ဘတ္ဂ်က္ သပ္သပ္ ထုတ္ေပးဖို႔ 

အစီအစဥ္လည္း ရွိေသးၿပီး၊ အြန္လိုင္း ပညာသင္ၾကားေရး 

ဝက္ဘ္ဆိုဒ္တခုျဖစ္တဲ့ Coursera က သင္တန္းေတြလည္း 

အခမဲ့ တက္ခြင့္ရဦးမွာ ျဖစ္တယ္လို႔ သိရပါတယ္။


Creator ဆိုင္ကို စက္တင္ဘာလမွာမွ တရားဝင္ စဖြင့္မွာျဖစ္ေပမယ့္ 

စက္ရဲ႕ လုပ္ေဆာင္ပုံကို ဆိုင္မဖြင့္ခင္ ၾကည့္ရႈ ေလ့လာခ်င္တဲ့သူေတြ

အတြက္ တလတခါ လက္မွတ္ေတြ ေရာင္းခ်ေပးလ်က္ရွိပါတယ္။ 

ဘာဂါ စက္႐ုပ္ကို စိတ္ဝင္စားတဲ့သူေတြ မ်ားလြန္းတာေၾကာင့္ လာမယ့္ 

ဇူလိုင္လအတြက္ေတာင္ လက္မွတ္အကုန္ ေရာင္းလိုက္ရၿပီလို႔ 

သိရပါတယ္။


Creator တည္ေထာင္သူျဖစ္တဲ့ Alexandros Vardakostas က 

သူ႔ကုမၸဏီရဲ႕ တီထြင္မႈဟာ “Fast Food” စားေသာက္ဆိုင္ လုပ္ငန္း

ေတြရဲ႕ ဝန္ထမ္းေလ့က်င့္ေပးေရး၊ လစာနဲ႔ အေထြေထြစရိတ္ေတြကို 

ေလ်ာ့ခ် ေပးႏိုင္မွာျဖစ္ၿပီး၊ တႏွစ္ကို ကန္ ေဒၚလာ ၉၀,၀၀၀ ေလာက္

အထိ ပိုမိုသက္သာမွာျဖစ္တယ္လို႔ အင္တာဗ်ဴး တခုမွာ

ေျဖၾကားခဲ့ပါတယ္။


“က်ေနာ္တို႔ စက္က ဝန္ထမ္းေတြကို ပိုမိုသက္သာေအာင္၊ 

ပိုမိုအလုပ္တြင္က်ယ္ေအာင္ ရည္႐ြယ္ ထုတ္လုပ္ ထားတဲ့ စက္ 

မဟုတ္ပါဘူး။ ဒီဝန္ထမ္းေတြအကုန္လုံး လုံးဝ မလိုေတာ့ေအာင္ 

တီထြင္ထားတာ ျဖစ္ပါတယ္” လို႔ Vardakostas က ဆိုပါတယ္။


ေလာေလာဆယ္မွာေတာ့ “Creator” ဘာဂါဆိုင္ဟာ စက္႐ုပ္ 

သီးသန႔္ခ်ည္း မလည္ပတ္ႏိုင္ေသးဘဲ၊ ေဈးဝယ္သူကို ဝန္ေဆာင္မႈ

ေပးဖို႔အတြက္ လူသားဝန္ထမ္းေတြ လိုအပ္ေနပါေသးတယ္။ လက္ရွိ 

ဝန္ထမ္းေတြ အေနနဲ႔ ဒီရာထူးမွာခ်ည္း ပုံေသရွိေနမွာ မဟုတ္ဘဲ

လစာပိုျမင့္မားတဲ့ စက္႐ုပ္ထိန္းသိမ္း ျပင္ဆင္မႈ ရာထူးေတြကို တိုးျမႇင့္ 

ထမ္းေဆာင္ႏိုင္ဖို႔ အခြင့္အေရးေတြ ေပးအပ္သြားမွာ ျဖစ္တယ္လို႔လည္း

သိရပါတယ္။


“Creator” ဘာဂါဆိုင္ မတိုင္ခင္ကတည္းက ဆန္ဖရန္စစၥကိုမွာ 

စက္႐ုပ္အကူအညီနဲ႔ပဲ လည္ပတ္ေနတဲ့ “Eatsa” တို႔ “Cafe X” တို႔လို

စားေသာက္ဆိုင္ေတြ ရွိႏွင့္ၿပီးသားျဖစ္ပါတယ္။


credit-the irrawaddy

Ref : Business Insider

http://uk.businessinsider.com/robot-burger-restaurant-creator-opens-in-sf-2018-6

=================================


ဝန်ထမ်းတွေကို တစ်နာရီ ၁၆ ဒေါ်လာပေးမည့်အပြင် 

စာအုပ်တွေပါဖတ်ခိုင်းထားမယ့် စက်ရုပ်သုံး ဘာဂါဆိုင်

-------------------------------------------------------------


မကြာမီအချိန်အတွင်း အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို

ပြည်နယ်ထဲကို ဘာဂါစားသောက်ဆိုင် လုပ်ငန်း အသစ်တခု 

ဝင်ရောက်လာတော့မှာပါ။


“Creator” လို့ အမည်ပေးထားတဲ့ အဆိုပါဘာဂါဆိုင်ဟာ 

အမေရိကန်ဒေါ်လာ ၆ ဒေါ်လာတန် ဘာဂါတွေကို ရောင်းချပေး

သွားမှာ ဖြစ်ပြီး၊ ပါဝင်ပစ္စည်းချက်ပြုတ်ပြင်ဆင်တာ၊ ဘာဂါလုပ်တာ

ကအစ လူသားစားဖိုမှူး လုံးဝ မလိုအပ်ဘဲ စက်ရုပ်နဲ့ပဲ 

လုပ်ဆောင်သွားမယ့်ဆိုင်ဖြစ်ပါတယ်။


ဘာဂါဆိုင်ရဲ့ အလယ်တည့်တည့်မှာ ၁၄ ပေ အရှည်ရှိတဲ့ 

စက်ရုပ်တရုပ် ရှိပြီး၊ အဆိုပါစက်ရုပ်ဟာ Sensor အများအပြားနဲ့ 

ကွန်ပျူတာ ပရိုဂရမ် အကူအညီတွေကို အသုံးပြုကာ တနာရီကို 

ဘာဂါ ၁၃၀ အလိုအလျောက် ပြုလုပ်ပေးနိုင်ပါတယ်။


Creator ရဲ့ ဘာဂါ အစအဆုံး လုပ်ပေးနိုင်တဲ့ စက်ရုပ်ကြောင့် 

ဘာဂါပြင်ဖို့အတွက် စားဖိုမှူးတွေ အတွဲလိုက် မလိုတော့ဘဲ ဆိုင်ကို 

ဝန်ထမ်းအင်အား နည်းနည်းနဲ့ လည်ပတ်သွားမှာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဘာဂါတွေကို ချပေးဖို့၊ အမှာလက်ခံဖို့နဲ့ ဘာဂါလုပ်စက်ထဲမှာ

ပါဝင်ပစ္စည်းတွေ ကုန်နေရင် ပြန်ဖြည့်ပေးဖို့ အတွက်ကတော့ 

လူသားဝန်ထမ်း ၉ ယောက် သပ်သပ် ထားရှိမှာပါ။


ဝန်ထမ်းအင်အား နည်းပါးတာကြောင့် လူသားဝန်ထမ်း တဦးချင်းကို 

တနာရီ ၁၆ ဒေါ်လာအထိ ပေးထားနိုင်ပြီး၊ ဆန်ဖရန်စစ္စကိုရဲ့ 

အနည်းဆုံး လုပ်ခလစာ တနာရီ ၁၄ ဒေါ်လာထက် ၂ ဒေါ်လာ 

ပိုများပါတယ်။ ဒါတင် မကသေးဘဲ Creator ဘာဂါဆိုင်က လူသား

ဝန်ထမ်းတွေအနေနဲ့ သူတို့ အလုပ်ချိန်ရဲ့ ၅ ရာခိုင်နှုန်းကိုလည်း 

မိမိနှစ်သက်ရာ စာအုပ် ထိုင်ဖတ်နေဖို့ အခွင့်အရေး ပေးထားပါ

သေးတယ်။


စာအုပ်ဝယ်ဖို့အတွက် ဘတ်ဂျက် သပ်သပ် ထုတ်ပေးဖို့ 

အစီအစဉ်လည်း ရှိသေးပြီး၊ အွန်လိုင်း ပညာသင်ကြားရေး 

ဝက်ဘ်ဆိုဒ်တခုဖြစ်တဲ့ Coursera က သင်တန်းတွေလည်း 

အခမဲ့ တက်ခွင့်ရဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။


Creator ဆိုင်ကို စက်တင်ဘာလမှာမှ တရားဝင် စဖွင့်မှာဖြစ်ပေမယ့် 

စက်ရဲ့ လုပ်ဆောင်ပုံကို ဆိုင်မဖွင့်ခင် ကြည့်ရှု လေ့လာချင်တဲ့သူတွေ

အတွက် တလတခါ လက်မှတ်တွေ ရောင်းချပေးလျက်ရှိပါတယ်။ 

ဘာဂါ စက်ရုပ်ကို စိတ်ဝင်စားတဲ့သူတွေ များလွန်းတာကြောင့် လာမယ့် 

ဇူလိုင်လအတွက်တောင် လက်မှတ်အကုန် ရောင်းလိုက်ရပြီလို့ 

သိရပါတယ်။


Creator တည်ထောင်သူဖြစ်တဲ့ Alexandros Vardakostas က 

သူ့ကုမ္ပဏီရဲ့ တီထွင်မှုဟာ “Fast Food” စားသောက်ဆိုင် လုပ်ငန်း

တွေရဲ့ ဝန်ထမ်းလေ့ကျင့်ပေးရေး၊ လစာနဲ့ အထွေထွေစရိတ်တွေကို 

လျော့ချ ပေးနိုင်မှာဖြစ်ပြီး၊ တနှစ်ကို ကန် ဒေါ်လာ ၉၀,၀၀၀ လောက်

အထိ ပိုမိုသက်သာမှာဖြစ်တယ်လို့ အင်တာဗျူး တခုမှာ

ဖြေကြားခဲ့ပါတယ်။


“ကျနော်တို့ စက်က ဝန်ထမ်းတွေကို ပိုမိုသက်သာအောင်၊ 

ပိုမိုအလုပ်တွင်ကျယ်အောင် ရည်ရွယ် ထုတ်လုပ် ထားတဲ့ စက် 

မဟုတ်ပါဘူး။ ဒီဝန်ထမ်းတွေအကုန်လုံး လုံးဝ မလိုတော့အောင် 

တီထွင်ထားတာ ဖြစ်ပါတယ်” လို့ Vardakostas က ဆိုပါတယ်။


လောလောဆယ်မှာတော့ “Creator” ဘာဂါဆိုင်ဟာ စက်ရုပ် 

သီးသန့်ချည်း မလည်ပတ်နိုင်သေးဘဲ၊ ဈေးဝယ်သူကို ဝန်ဆောင်မှု

ပေးဖို့အတွက် လူသားဝန်ထမ်းတွေ လိုအပ်နေပါသေးတယ်။ လက်ရှိ 

ဝန်ထမ်းတွေ အနေနဲ့ ဒီရာထူးမှာချည်း ပုံသေရှိနေမှာ မဟုတ်ဘဲ

လစာပိုမြင့်မားတဲ့ စက်ရုပ်ထိန်းသိမ်း ပြင်ဆင်မှု ရာထူးတွေကို တိုးမြှင့် 

ထမ်းဆောင်နိုင်ဖို့ အခွင့်အရေးတွေ ပေးအပ်သွားမှာ ဖြစ်တယ်လို့လည်း

သိရပါတယ်။


“Creator” ဘာဂါဆိုင် မတိုင်ခင်ကတည်းက ဆန်ဖရန်စစ္စကိုမှာ 

စက်ရုပ်အကူအညီနဲ့ပဲ လည်ပတ်နေတဲ့ “Eatsa” တို့ “Cafe X” တို့လို

စားသောက်ဆိုင်တွေ ရှိနှင့်ပြီးသားဖြစ်ပါတယ်။


credit-the irrawaddy

Ref : Business Insider

http://uk.businessinsider.com/robot-burger-restaurant-creator-opens-in-sf-2018-6


No comments:

Post a Comment