လိင္အၾကမ္းဖက္မွာေၾကာက္လုိ႔ အသက္ႀကီးမွ
ကိုယ္ခံပညာသင္ေနရတဲ့ ကင္ညာအဖြားအုိေတြ
----------------------------------------------------
ကင္ညာႏုိင္ငံ၊ ႏုိင္ရုိဘီၿမိဳ႕ရဲ႕ အနီးမွာရွိတဲ့ ကုိရိုဂုိခ်ိဳ ဆုိတဲ့ နယ္က
အဖြားအုိေတြရဲ႕အျဖစ္က တကယ့္ကုိ စိတ္မေကာင္းစရာပါ။
ေရမ်က္ႏွာျပင္အထက္္ (၁,၆၀၄) မီတာမွာရွိေနတဲ့ ကုိရုိဂုိခ်ိဳ နယ္မွာ
လူဦးေရ တစ္သိန္းခြဲကေန ႏွစ္သိန္းနီးပါး ေနထုိင္ၾကၿပီး ကင္ညာရဲ႕
တကယ့္ကုိ ဆုိးရြားတဲ့ေနရာေတြထဲက တစ္ခုလုိ႔ေတာင္ေျပာရပါလိမ့္မယ္။
အဲဒီေဒသက အထူးသျဖင့္ လိင္အၾကမ္းဖက္မႈေတြ၊ ဓားျပမႈ၊ လုယက္မႈ
ေတြနဲ႔ပတ္သက္လုိ႔ နာမည္ႀကီးေနၿပီး ကေလးငယ္ေတြနဲ႔ သက္ႀကီးရြယ္အုိ
အဖြားႀကီးေတြက လိင္အၾကမ္းဖက္မႈဒဏ္ကုိ အခံစားရဆုံးပါ။
တုန္႔ျပန္ဖုိ႔လည္းအားမရွိ၊ ျပန္လည္ခုခံဖုိ႔လည္းမတတ္ႏုိင္တဲ့ အဖြားအုိ
ေတြဟာ ငယ္ရြယ္တဲ့ လူဆုိးဓားျပေတြနဲ႔ မၾကာခဏဆုိသလုိ ရင္ဆုိင္
ရေလ့ရွိိိၿပီး HIV ေရာဂါပုိး ကူးစက္ခံရတာေတြကလည္း အမ်ားအျပားပါ။
တစ္ေန႔မွာေတာ့ ကိုရုိဂုိခ်ိဳေဒသမွာ ေနထုိင္တဲ့ အသက္(၇၅)ႏွစ္အရြယ္
ဘိရုိက္စ္ ဆုိတဲ့ အဖြားအုိကေတာ့ သူ႕ရဲ႕အေပါင္းအသင္းေတြကုိ
စုစည္းၿပီး သူတုိ႔တတ္ႏုိင္သေလာက္ လိင္အၾကမ္းဖက္မႈကုိ ကာကြယ္
တုိက္ခုိက္ဖုိ႔ ႀကိဳးစားပါေတာ့တယ္။
ဘိရုိက္စ္ဟာ ငယ္စဥ္ကတည္းက ကုိယ္ခံပညာအနည္းငယ္
တတ္ကၽြမ္းသူတစ္ေယာက္ျဖစ္ၿပီး သူတတ္ထားတဲ့ ကုိယ္ခံပညာကုိ
သူေနထုိင္ရာအနီးတ၀ုိက္က အမ်ိဳးသမီးႀကီးေတြ၊ အဖြားအုိေတြကုိ
ျပန္လည္သင္ျပ ေပးခဲ့တာပါ။
ဘိရုိက္စ္ ဦးေဆာင္တဲ့အုပ္စုဟာ ေန႔တိုင္းလုိလုိ ေလ့က်င့္မႈေတြ
ျပဳလုပ္ခဲ့ၾကၿပီး ကုိရုိဂုိခ်ိဳရဲ႕ အက်ည္းတန္တဲ့ညေတြကုိ ျပန္လည္
တြန္းလွန္ဖုိ႔ ႀကိဳးစားခဲ့ၾကတာပါ။
ဘိရုိက္စ္ရဲ႕ ႀကိဳးစားမႈဟာ တစ္ေန႔မွာေတာ့ ပုိၿပီး လူသိမ်ားဖုိ႔
ျဖစ္လာခဲ့ၿပီး အဲဒီေဒသကုိ ေရာက္ရွိလာခဲ့တဲ့ ဒါရိုက္တာ
ဘရန္႔ေဖာ္စတာနဲ႔အဖြဲ႕က သူတုိ႔ရဲ႕လႈပ္ရွားမႈေတြကုိ ဗီဒီယို
ရုိက္ကူးမႈေလးျပဳလုပ္ၿပီး ကုိရုိဂုိခ်ိဳ အမ်ိဳးသမီးေတြရဲ႕ စြမ္းအင္ ဆုိတဲ့
ေခါင္းစဥ္နဲ႔ တစ္ကမာၻလုံးကုိ သိေစခဲ့ပါတယ္။
လက္ေ၀ွ႕အိတ္ကုိ ထုိးဖုိ႔ ျပင္ဆင္ေနၾကတာေတြ၊ လက္သီးေတြ
တျပင္ျပင္နဲ႔ လႈပ္ရွားမႈေတြ၊ ေျခေထာက္ကန္ခ်က္အတြက္
ႀကိဳးစားေနၾကတာေတြဟာ အဖြားအုိေတြနဲ႔ သိပ္မလုိက္ဖက္ဘူးလုိ႔
ထင္စရာရွိေပမယ့္ ဘိရုိက္စ္နဲ႔ အေပါင္းအပါေတြကေတာ့ သူတုိ႔အေပၚ
က်ေရာက္လာမယ့္ လိင္အၾကမ္းဖက္မႈကုိ ႀကိဳတင္ကာကြယ္ဖုိ႔
သူတုုိ႔တတ္ႏုိင္သေလာက္ ႀကိဳးစားေနၾကတာပဲျဖစ္ပါတယ္။
Linn (shwemom)
Source : nationalgeographic
https://news.nationalgeographic.com/2018/06/grandmothers-kickboxing-kenya-slum-culture/
=============================
လိင်အကြမ်းဖက်မှာကြောက်လို့ အသက်ကြီးမှ
ကိုယ်ခံပညာသင်နေရတဲ့ ကင်ညာအဖွားအိုတွေ
----------------------------------------------------
ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့ရဲ့ အနီးမှာရှိတဲ့ ကိုရိုဂိုချို ဆိုတဲ့ နယ်က
အဖွားအိုတွေရဲ့အဖြစ်က တကယ့်ကို စိတ်မကောင်းစရာပါ။
ရေမျက်နှာပြင်အထက် (၁,၆၀၄) မီတာမှာရှိနေတဲ့ ကိုရိုဂိုချို နယ်မှာ
လူဦးရေ တစ်သိန်းခွဲကနေ နှစ်သိန်းနီးပါး နေထိုင်ကြပြီး ကင်ညာရဲ့
တကယ့်ကို ဆိုးရွားတဲ့နေရာတွေထဲက တစ်ခုလို့တောင်ပြောရပါလိမ့်မယ်။
အဲဒီဒေသက အထူးသဖြင့် လိင်အကြမ်းဖက်မှုတွေ၊ ဓားပြမှု၊ လုယက်မှု
တွေနဲ့ပတ်သက်လို့ နာမည်ကြီးနေပြီး ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို
အဖွားကြီးတွေက လိင်အကြမ်းဖက်မှုဒဏ်ကို အခံစားရဆုံးပါ။
တုန့်ပြန်ဖို့လည်းအားမရှိ၊ ပြန်လည်ခုခံဖို့လည်းမတတ်နိုင်တဲ့ အဖွားအို
တွေဟာ ငယ်ရွယ်တဲ့ လူဆိုးဓားပြတွေနဲ့ မကြာခဏဆိုသလို ရင်ဆိုင်
ရလေ့ရှိပြီး HIV ရောဂါပိုး ကူးစက်ခံရတာတွေကလည်း အများအပြားပါ။
တစ်နေ့မှာတော့ ကိုရိုဂိုချိုဒေသမှာ နေထိုင်တဲ့ အသက်(၇၅)နှစ်အရွယ်
ဘိရိုက်စ် ဆိုတဲ့ အဖွားအိုကတော့ သူ့ရဲ့အပေါင်းအသင်းတွေကို
စုစည်းပြီး သူတို့တတ်နိုင်သလောက် လိင်အကြမ်းဖက်မှုကို ကာကွယ်
တိုက်ခိုက်ဖို့ ကြိုးစားပါတော့တယ်။
ဘိရိုက်စ်ဟာ ငယ်စဉ်ကတည်းက ကိုယ်ခံပညာအနည်းငယ်
တတ်ကျွမ်းသူတစ်ယောက်ဖြစ်ပြီး သူတတ်ထားတဲ့ ကိုယ်ခံပညာကို
သူနေထိုင်ရာအနီးတဝိုက်က အမျိုးသမီးကြီးတွေ၊ အဖွားအိုတွေကို
ပြန်လည်သင်ပြ ပေးခဲ့တာပါ။
ဘိရိုက်စ် ဦးဆောင်တဲ့အုပ်စုဟာ နေ့တိုင်းလိုလို လေ့ကျင့်မှုတွေ
ပြုလုပ်ခဲ့ကြပြီး ကိုရိုဂိုချိုရဲ့ အကျည်းတန်တဲ့ညတွေကို ပြန်လည်
တွန်းလှန်ဖို့ ကြိုးစားခဲ့ကြတာပါ။
ဘိရိုက်စ်ရဲ့ ကြိုးစားမှုဟာ တစ်နေ့မှာတော့ ပိုပြီး လူသိများဖို့
ဖြစ်လာခဲ့ပြီး အဲဒီဒေသကို ရောက်ရှိလာခဲ့တဲ့ ဒါရိုက်တာ
ဘရန့်ဖော်စတာနဲ့အဖွဲ့က သူတို့ရဲ့လှုပ်ရှားမှုတွေကို ဗီဒီယို
ရိုက်ကူးမှုလေးပြုလုပ်ပြီး ကိုရိုဂိုချို အမျိုးသမီးတွေရဲ့ စွမ်းအင် ဆိုတဲ့
ခေါင်းစဉ်နဲ့ တစ်ကမ္ဘာလုံးကို သိစေခဲ့ပါတယ်။
လက်ဝှေ့အိတ်ကို ထိုးဖို့ ပြင်ဆင်နေကြတာတွေ၊ လက်သီးတွေ
တပြင်ပြင်နဲ့ လှုပ်ရှားမှုတွေ၊ ခြေထောက်ကန်ချက်အတွက်
ကြိုးစားနေကြတာတွေဟာ အဖွားအိုတွေနဲ့ သိပ်မလိုက်ဖက်ဘူးလို့
ထင်စရာရှိပေမယ့် ဘိရိုက်စ်နဲ့ အပေါင်းအပါတွေကတော့ သူတို့အပေါ်
ကျရောက်လာမယ့် လိင်အကြမ်းဖက်မှုကို ကြိုတင်ကာကွယ်ဖို့
သူတို့တတ်နိုင်သလောက် ကြိုးစားနေကြတာပဲဖြစ်ပါတယ်။
Linn (shwemom)
Source : nationalgeographic
https://news.nationalgeographic.com/2018/06/grandmothers-kickboxing-kenya-slum-culture/
No comments:
Post a Comment