မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Saturday, September 19, 2020

တိတ္ဆိတ္ေနတဲ့လူအုပ္ႀကီး

 တိတ္ဆိတ္ေနတဲ့လူအုပ္ႀကီး

--------------------------------

ဖင္လန္ႏုိင္ငံ အေရွ႕ေျမာက္ပုိင္းက Suomussalmi ဆုိတဲ့ၿမဳိ႕ကေန

အမွတ္ ၅ အေဝးေျပးလမ္းမႀကီးအတုိင္း ေျမာက္ဘက္ကုိ ကီလုိမီတာ

၃၀ ေလာက္သြားမိရင္ ပုံေတြမွာျမင္ရသလုိ လူစုလူေဝးႀကီး သ႑ာန္နဲ႔

ထူးဆန္းတဲ့ျမင္ကြင္းေလးက သင့္ကုိ ႀကဳိဆုိေနမွာပဲျဖစ္ပါတယ္။

အဲဒါေတြကေတာ့ စာေခ်ာက္႐ုပ္ အစုအေဝးေတြျဖစ္ၿပီး အဝတ္အစား

ေရာင္စုံေတြ ဆင္ျမန္းေပးထားတဲ့အတြက္ အမွတ္တမဲ့ၾကည့္လုိက္ရင္

သက္ဝင္လွဳပ္ရွား ထႂကြလာေတာ့မေရာင္ ထင္မွတ္ေစရပါတယ္။

ဒီေလာက္မ်ားတဲ့ စာေခ်ာက္႐ုပ္ေတြကုိ ေဒသခံ အႏုပညာရွင္

Reijo Kela ဆုိသူက ၁၉၈၈ ခုႏွစ္ကတည္းက ျပဳလုပ္ျပသခဲ့တာ

ျဖစ္ၿပီး  "တိတ္ဆိတ္ေနတဲ့ လူသားေတြ" လုိ႔ အမည္ေပးထားပါတယ္။

ျပသတဲ့ေနရာကုိလည္း မၾကာခဏ ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။

အဲဒါေတြကုိ ခုလက္ရွိေနရာ မေျပာင္းေရႊ႕ခင္ ၁၉၉၄ ခုႏွစ္အထိ

ၿမဳိ႕ေတာ္ ဟယ္ဆင္ကီ ရဲ႕ ရင္ျပင္မွာ ျပသခဲ့ၿပီးေတာ့မွ ခုေနရာကုိ

ေရႊ႕ေျပာင္းလာတာျဖစ္ပါတယ္။

သစ္သားေတြနဲ႔ အေျခခံျပဳလုပ္ထားတဲ့ စာေခ်ာက္႐ုပ္ေတြမွာ

ဆင္ျမန္းထားတဲ့ အဝတ္အစားေတြကုိေတာ့ ၂ ႏွစ္ တစ္ႀကိမ္

လဲလွယ္ေပးတာျဖစ္ၿပီး အဲဒီ အဝတ္အစားေတြကုိ ႏုိင္ငံအႏွံ႔က

ေပးပုိ႔လွဴတန္းထားၾကတာေတြျဖစ္ပါတယ္။

ဒီလမ္းကုိ ျဖတ္သန္းသြားလာၾကတဲ့သူေတြက ဒီလုိ လူသားပုံသ႑ာန္

စာေခ်ာက္႐ုပ္ႀကီးေတြကုိၾကည့္ၿပီး ဖန္တီးသူရဲ႕ ဆုိလုိရင္းကုိ နားမလည္

ႏုိင္ဘဲ ျဖစ္ေနၾကပါတယ္။ ဒါကုိ ဖန္တီးရွင္ျဖစ္တဲ့ Reijo Kela ကလည္း

လူသားေတြ ကုိယ့္အဓိပၸာယ္နဲ႔ကုိယ္ ေတြးခ်င္ရာေတြး ထင္ခ်င္ရာထင္

ဘာအဓိပၸာယ္နဲ႔ ဘာကုိရည္ညႊန္းတယ္ဆုိတာ သူကုိယ္တုိင္ကလည္း

ထုတ္ေဖာ္မေျပာျပခဲ့ပါဘူး။ ဒါေၾကာင့္လည္း အမ်ဳိးမ်ဳိးေသာ ထင္ျမင္

ယူဆခ်က္ေတြၾကားမွာ အခ်ဳိ႕ကေတာ့ ဒါဟာ ၁၉၃၉-၁၉၄၀ ခုႏွစ္မွာ

ျဖစ္ပြားခဲ့တဲ့ ဖင္လန္-ဆုိဗီယက္ စစ္ပြဲတြင္းမွာ ေပ်ာက္ဆုံးသြားခဲ့ၾကတဲ့

လူေတြကုိ ကုိယ္စားျပဳတယ္လုိ႔  ယုံၾကည္ယူဆေနၾကပါတယ္။

ဖန္တီးသူက အဓိပၸာယ္ကုိ ရွင္းရွင္းလင္းလင္း ေဖာ္မျပခဲ့တဲ့အတြက္

ျဖတ္သန္းသြားလာရင္းနဲ႔ "တိတ္ဆိတ္ေနတဲ့ လူသားေတြ" ကုိ

ေတြ႕တဲ့အခါ သုိ႔ေလာ. သုိ႔ေလာနဲ႔ မေဝခြဲႏုိင္ျဖစ္ၿပီး စိတ္အေတြးေတြ

ထဲမွာ ဒီျမင္ကြင္းက စြဲထင္က်န္ရစ္သြားေစတတ္ၾကတာကေတာ့ 

အမွန္ပဲျဖစ္ပါေတာ့တယ္။

source:amusingplanet

===============================


တိတ်ဆိတ်နေတဲ့လူအုပ်ကြီး

--------------------------------

ဖင်လန်နိုင်ငံ အရှေ့မြောက်ပိုင်းက Suomussalmi ဆိုတဲ့မြို့ကနေ

အမှတ် ၅ အဝေးပြေးလမ်းမကြီးအတိုင်း မြောက်ဘက်ကို ကီလိုမီတာ

၃၀ လောက်သွားမိရင် ပုံတွေမှာမြင်ရသလို လူစုလူဝေးကြီး သဏ္ဍာန်နဲ့

ထူးဆန်းတဲ့မြင်ကွင်းလေးက သင့်ကို ကြိုဆိုနေမှာပဲဖြစ်ပါတယ်။


အဲဒါတွေကတော့ စာချောက်ရုပ် အစုအဝေးတွေဖြစ်ပြီး အဝတ်အစား

ရောင်စုံတွေ ဆင်မြန်းပေးထားတဲ့အတွက် အမှတ်တမဲ့ကြည့်လိုက်ရင်

သက်ဝင်လှုပ်ရှား ထကြွလာတော့မရောင် ထင်မှတ်စေရပါတယ်။

ဒီလောက်များတဲ့ စာချောက်ရုပ်တွေကို ဒေသခံ အနုပညာရှင်

Reijo Kela ဆိုသူက ၁၉၈၈ ခုနှစ်ကတည်းက ပြုလုပ်ပြသခဲ့တာ

ဖြစ်ပြီး  "တိတ်ဆိတ်နေတဲ့ လူသားတွေ" လို့ အမည်ပေးထားပါတယ်။

ပြသတဲ့နေရာကိုလည်း မကြာခဏ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အဲဒါတွေကို ခုလက်ရှိနေရာ မပြောင်းရွှေ့ခင် ၁၉၉၄ ခုနှစ်အထိ

မြို့တော် ဟယ်ဆင်ကီ ရဲ့ ရင်ပြင်မှာ ပြသခဲ့ပြီးတော့မှ ခုနေရာကို

ရွှေ့ပြောင်းလာတာဖြစ်ပါတယ်။


သစ်သားတွေနဲ့ အခြေခံပြုလုပ်ထားတဲ့ စာချောက်ရုပ်တွေမှာ

ဆင်မြန်းထားတဲ့ အဝတ်အစားတွေကိုတော့ ၂ နှစ် တစ်ကြိမ်

လဲလှယ်ပေးတာဖြစ်ပြီး အဲဒီ အဝတ်အစားတွေကို နိုင်ငံအနှံ့က

ပေးပို့လှူတန်းထားကြတာတွေဖြစ်ပါတယ်။


ဒီလမ်းကို ဖြတ်သန်းသွားလာကြတဲ့သူတွေက ဒီလို လူသားပုံသဏ္ဍာန်

စာချောက်ရုပ်ကြီးတွေကိုကြည့်ပြီး ဖန်တီးသူရဲ့ ဆိုလိုရင်းကို နားမလည်

နိုင်ဘဲ ဖြစ်နေကြပါတယ်။ ဒါကို ဖန်တီးရှင်ဖြစ်တဲ့ Reijo Kela ကလည်း

လူသားတွေ ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် တွေးချင်ရာတွေး ထင်ချင်ရာထင်

ဘာအဓိပ္ပာယ်နဲ့ ဘာကိုရည်ညွှန်းတယ်ဆိုတာ သူကိုယ်တိုင်ကလည်း

ထုတ်ဖော်မပြောပြခဲ့ပါဘူး။ ဒါကြောင့်လည်း အမျိုးမျိုးသော ထင်မြင်

ယူဆချက်တွေကြားမှာ အချို့ကတော့ ဒါဟာ ၁၉၃၉-၁၉၄၀ ခုနှစ်မှာ

ဖြစ်ပွားခဲ့တဲ့ ဖင်လန်-ဆိုဗီယက် စစ်ပွဲတွင်းမှာ ပျောက်ဆုံးသွားခဲ့ကြတဲ့

လူတွေကို ကိုယ်စားပြုတယ်လို့  ယုံကြည်ယူဆနေကြပါတယ်။


ဖန်တီးသူက အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း ဖော်မပြခဲ့တဲ့အတွက်

ဖြတ်သန်းသွားလာရင်းနဲ့ "တိတ်ဆိတ်နေတဲ့ လူသားတွေ" ကို

တွေ့တဲ့အခါ သို့လော. သို့လောနဲ့ မဝေခွဲနိုင်ဖြစ်ပြီး စိတ်အတွေးတွေ

ထဲမှာ ဒီမြင်ကွင်းက စွဲထင်ကျန်ရစ်သွားစေတတ်ကြတာကတော့ 

အမှန်ပဲဖြစ်ပါတော့တယ်။


source:amusingplanet

No comments:

Post a Comment