မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Thursday, September 17, 2020

စိတ္ဓာတ္က်သူမ်ားအတြက္​

 စိတ္ဓာတ္က်သူမ်ားအတြက္​

---------------------------------

ဘဝမွာလူတိုင္း စိတ္ညစ္စရာေတြ

ႀကံဳရတယ္ ဘာေၾကာင္​့လဲဆို​ေတာ့။


မိမိႏွစ္သက္တဲ့အရာ တစ္ခုအတြက္

ေမွ်ာ္လင့္ခ်က္ ထားလြန္းတာေၾကာင့္ပါပဲ။


ေမွ်ာ္လင့္သလို ျဖစ္မလာတဲ့အခါ

ဝမ္းနည္းၾကရတယ္ အဲ့လိုေတြေၾကာင့္

သူမ​ေကာင္းဘူး ငါမ​ေကာင္းဘူး ျဖစ္ကုန္ၾကတယ္။


အမွန္ေတာ့ ကိစၥအားလံုးရဲ႕ အ​ေၾကာင္း

အက်ိဳးျဖစ္လာေစဖို႔ မိမိကိုယ္တိုင္​ပင္​

လုပ္ေဆာင္​ခဲ့တဲ့ အက်ိဳးရလဒ္ေတြပါ။


အထူးသျဖင့္ ဘဝမွာ ကိုယ္ယံုၾကည္လြန္း

သူေတြက ကိုယ့္အနားက စြန္႔ခြာသြားၿပီး

တစ္ေယာက္တည္းလို ခံစားမိတဲ့ အခ်ိန္

ေတြဟာ ဘဝမွာ ခံစားရဆံုး အခ်ိန္ပါပဲ။


အဲ့လိုျဖစ္ေနခ်ိန္မွာ ဘယ္သူနဲ႔မွ စကားမ​ေျပာ

ခ်င္ေပမယ့္ ယံုၾကည္သူတစ္ေယာက္ကိုေတာ့

ရင္္​ဖြင္​့ၿပီး ငိုပစ္ခ်တဲ့ အထိျဖစ္ခဲ့ ရဖူးမွာပါ။


စိတ္ညစ္စရာေတြကို ႀကံဳလာရၿပီဆို

မိမိရဲ႕စိတ္ကို အသိ သတိနဲ႔ အဆိုးေတြ

မျဖစ္ေအာင္ အခ်ိန္မွီ ထိန္းႏိုင္​ဖို႔လိုတယ္။


စဥ္းစားၾကည့္ပါ လက္ရွိစိတ္ညစ္ေနတဲ့ အခ်ိန္ေတြ

မ​ေရာက္ခင္ အရင္​တုန္​းက​ေရာ စိတ္မညစ္ခဲ့ရဘူးလား။


အရင္​ကည္း စိတ္ညစ္ခဲ့ဘူးသလို

လူ႔ဘဝကို ရထားသမွ် အဆိုးေတြနဲ႔ႀကံဳလိုက္

အ​ေကာင္းေတြနဲ႔ႀကံဳလိုက္ ျဖစ္ေနရအံုးမွာမို႔

ေနာင္​ငိုလည္း စိတ္ညစ္စရာေတြ ႀကံဳအံုးမွာပါ။


ေရွ႕က စိတ္ညစ္စရာေတြကို ေက်ာ္ျဖတ္ခဲ့

ၿပီးၿပီ အခုလည္း ရ​ေအာင္ေက်ာ္ျဖတ္ပါ။


စိတ္ဓာတ္က်ျခင္းကို ျဖစ္ေပၚေစတဲ့

အခ်ိန္ဟာ ၿငိမ္သက္ေနတဲ့ ကန္ေရျပင္​ထဲကို

ေက်ာက္ခဲတစ္လံုး ပစ္ခ်လိုက္လို႔ လႈပ္ခက္သြားၿပီး

ထြက္ေပၚလာတဲ့ ေရပြက္တစ္ခုနဲ႔ တူပါတယ္။


အခ်ိန္ေတြက ခံစားရတာကို ကုစားၿပီးရင္

အရင္​လိုပဲ ကန္ေရျပင္ႀကီး တည္ၿငိမ္သကဲ့သို႔၊

သင္​လည္​း ျပန္တည္ၿငိမ္သြားမွာပါ။


တည္ၿငိမ္မႈေတြမရခင္ လက္ရွိစိတ္ဓာတ္က်ခ်ိန္မွာ

ကိုယ့္အတြက္ ထိခိုက္ေစႏိုင္​တဲ့ အရာေတြကိုလုပ္မိရင္။


စိတ္ေတြ တည္ၿငိမ္သြားခ်ိန္မွာ မျဖစ္သင့္တဲ့ အမွားေတြ

လုပ္ခဲ့မိတဲ့အတြက္ ေနာင္တမရဖို႔ ကိုယ့္ကိုယ္ကို ထိန္းပါ။


ကိုယ့္ကို နာက်င္ေစသူအားလုံးကို

ကိုယ့္ဘဝထဲက အၿပီးထြက္သြားခြင့္ျပဳလိုက္ပါ။


ဆံုးရႈံးရမွာစိုးၿပီး ကိုယ့္ခံစားခ်က္မငဲ့ပဲ

သူ႔အတြက္ပဲသူစဥ္းစား အၿမဲနားလည္း​မ​ေပးသူကို

ဆုပ္ကိုင္​ထားမိရင္ သင္​ပဲ နာက်င္ရပါလိမ့္မယ္။


မင္းသုတ ( ရတနာပူရ )

source:ရသစံုသတင္းမ်ား

============================


စိတ်ဓာတ်ကျသူများအတွက်

---------------------------------


ဘဝမှာလူတိုင်း စိတ်ညစ်စရာတွေ

ကြုံရတယ် ဘာကြောင့်လဲဆိုတော့။


မိမိနှစ်သက်တဲ့အရာ တစ်ခုအတွက်

မျှော်လင့်ချက် ထားလွန်းတာကြောင့်ပါပဲ။


မျှော်လင့်သလို ဖြစ်မလာတဲ့အခါ

ဝမ်းနည်းကြရတယ် အဲ့လိုတွေကြောင့်

သူမကောင်းဘူး ငါမကောင်းဘူး ဖြစ်ကုန်ကြတယ်။


အမှန်တော့ ကိစ္စအားလုံးရဲ့ အကြောင်း

အကျိုးဖြစ်လာစေဖို့ မိမိကိုယ်တိုင်ပင်

လုပ်ဆောင်ခဲ့တဲ့ အကျိုးရလဒ်တွေပါ။


အထူးသဖြင့် ဘဝမှာ ကိုယ်ယုံကြည်လွန်း

သူတွေက ကိုယ့်အနားက စွန့်ခွာသွားပြီး

တစ်ယောက်တည်းလို ခံစားမိတဲ့ အချိန်

တွေဟာ ဘဝမှာ ခံစားရဆုံး အချိန်ပါပဲ။


အဲ့လိုဖြစ်နေချိန်မှာ ဘယ်သူနဲ့မှ စကားမပြော

ချင်ပေမယ့် ယုံကြည်သူတစ်ယောက်ကိုတော့

ရင်ဖွင့်ပြီး ငိုပစ်ချတဲ့ အထိဖြစ်ခဲ့ ရဖူးမှာပါ။


စိတ်ညစ်စရာတွေကို ကြုံလာရပြီဆို

မိမိရဲ့စိတ်ကို အသိ သတိနဲ့ အဆိုးတွေ

မဖြစ်အောင် အချိန်မှီ ထိန်းနိုင်ဖို့လိုတယ်။


စဉ်းစားကြည့်ပါ လက်ရှိစိတ်ညစ်နေတဲ့ အချိန်တွေ

မရောက်ခင် အရင်တုန်းကရော စိတ်မညစ်ခဲ့ရဘူးလား။


အရင်ကည်း စိတ်ညစ်ခဲ့ဘူးသလို

လူ့ဘဝကို ရထားသမျှ အဆိုးတွေနဲ့ကြုံလိုက်

အကောင်းတွေနဲ့ကြုံလိုက် ဖြစ်နေရအုံးမှာမို့

နောင်ငိုလည်း စိတ်ညစ်စရာတွေ ကြုံအုံးမှာပါ။


ရှေ့က စိတ်ညစ်စရာတွေကို ကျော်ဖြတ်ခဲ့

ပြီးပြီ အခုလည်း ရအောင်ကျော်ဖြတ်ပါ။


စိတ်ဓာတ်ကျခြင်းကို ဖြစ်ပေါ်စေတဲ့

အချိန်ဟာ ငြိမ်သက်နေတဲ့ ကန်ရေပြင်ထဲကို

ကျောက်ခဲတစ်လုံး ပစ်ချလိုက်လို့ လှုပ်ခက်သွားပြီး

ထွက်ပေါ်လာတဲ့ ရေပွက်တစ်ခုနဲ့ တူပါတယ်။


အချိန်တွေက ခံစားရတာကို ကုစားပြီးရင်

အရင်လိုပဲ ကန်ရေပြင်ကြီး တည်ငြိမ်သကဲ့သို့၊

သင်လည်း ပြန်တည်ငြိမ်သွားမှာပါ။


တည်ငြိမ်မှုတွေမရခင် လက်ရှိစိတ်ဓာတ်ကျချိန်မှာ

ကိုယ့်အတွက် ထိခိုက်စေနိုင်တဲ့ အရာတွေကိုလုပ်မိရင်။


စိတ်တွေ တည်ငြိမ်သွားချိန်မှာ မဖြစ်သင့်တဲ့ အမှားတွေ

လုပ်ခဲ့မိတဲ့အတွက် နောင်တမရဖို့ ကိုယ့်ကိုယ်ကို ထိန်းပါ။


ကိုယ့်ကို နာကျင်စေသူအားလုံးကို

ကိုယ့်ဘဝထဲက အပြီးထွက်သွားခွင့်ပြုလိုက်ပါ။


ဆုံးရှုံးရမှာစိုးပြီး ကိုယ့်ခံစားချက်မငဲ့ပဲ

သူ့အတွက်ပဲသူစဉ်းစား အမြဲနားလည်းမပေးသူကို

ဆုပ်ကိုင်ထားမိရင် သင်ပဲ နာကျင်ရပါလိမ့်မယ်။


မင်းသုတ ( ရတနာပူရ )

source:ရသစုံသတင်းများ

No comments:

Post a Comment