မသန္စြမ္း ညီေလး ကိုေစာင့္ေရွာက္ရင္း
ေက်ာင္း တက္ေနရတဲ့ ေကာင္ေလး ဘဝ
----------------------------------------------
ကူညီႏိုင္မယ့္လူေတြ ျမန္ျမန္ရွာေတြ႕ပါေစ….
အျခားကေလးေတြကေတာ့ ေက်ာင္း နားခ်ိန္မွာ ေျပးလႊားကစား ၊
စားခ်င္တာစားရင္း ေက်ာင္းစာကိုအဆင္ေျပေျပေလး သင္ၾကားေနရ
ခ်ိန္မွာ အသက္ ၁၁ႏွစ္ Alexis Peralta ဆိုတဲ့ ေကာင္ေလးကေတာ့
သူငယ္ခ်င္းေတြ ေျပးေဆာ့သလိုလည္း မေဆာ့ရ ၊ စားခ်င္တာ မစားရနဲ႔
၄ ႏွစ္အ႐ြယ္ မသန္စြမ္းျဖစ္ေနတဲ့ညီေလးကိုလည္း သူ႔မွာျပဳစု
ေစာင့္ေရွာက္ ေနရျပန္ပါတယ္။ အိမ္မွာကေလးကို ေစာင့္ေရွာက္မယ့္သူ
မရွိလို႔ ေက်ာင္းေခၚလာရတယ္။ ဒါဆို ဒီကေလးႏွစ္ေယာက္ရဲ႕မိဘေတြက
ဘယ္ေရာက္ေနလို႔လဲ ?
Alexisတို႔ ညီအစ္ကိုႏွစ္ေယာက္ဟာ မိဘ ေတြဆီက စြန႔္ပစ္ခံရၿပီးေနာက္
ျဖစ္သလိုေန ၊ ျဖစ္သလို စားေသာက္ရတဲ့ဘဝမွာပဲ ေနထိုင္ခဲ့ပါတယ္။
ေနာက္မွသိရတာက သူတို႔မွာ ေနာက္ထပ္အစ္ကိုတစ္ေယာက္ ရွိပါေသး
တယ္တဲ့။ ထိုအစ္ကိုက မနီလာၿမိဳ႕မွာသြားၿပီး သန႔္ရွင္းအျဖစ္လုပ္ကိုင္ကာ
ညီႏွစ္ေယာက္အတြက္ ပိုက္ဆံရွာေနတယ္လို႔ သိရပါတယ္။
အိမ္မွာက်န္ခဲ့တဲ့ Alexis ဟာ မသန္စြမ္း ညီကို ျပဳစုေစာင့္ေရွာက္ရင္း
ေနရတယ္။ ေက်ာင္း သြားရင္ အိမ္မွာထားခဲ့လို႔လည္း မျဖစ္တာေၾကာင့္
၃ကီလိုမီတာ လမ္းေလွ်ာက္သြားရတဲ့ေက်ာင္းထိ ညီေလးကိုခ်ီၿပီး
ေခၚသြားခဲ့တယ္။
သူ႔ရဲ႕အေျခအေနကို ေက်ာင္းကဆရာေတြကလည္း အျပစ္မတင္ပါဘူး။
နားလည္ေပးပါတယ္။ ဘယ္ေလာက္ဒုကၡေရာက္ပါေစ ပညာေရးကိုေတာ့
လက္မေလ်ာ့လိုက္တဲ့ Alexis ေလးကို ပိုၿပီးေတာင္ ပညာေတြေပးခ်င္ေန
ၾကပါတယ္။
ညီအစ္ကို သုံးေယာက္တည္းရွိတာမို႔ အားလုံးက သိပ္ခ်စ္ၾကပါတယ္။
အနားမွာ အစ္ကိုႀကီးမရွိတဲ့အခ်ိန္ ညီအငယ္ဆုံးေလးအတြက္ Alexis ဟာ
အေဖလည္းျဖစ္သလို၊ အေမဆိုလည္း ဟုတ္တယ္။ ေက်ာင္းဆင္းတာနဲ႔
႐ုံးခန္းမွာ ညီကိုခဏထားၿပီး အဝတ္ေတြသြားေလွ်ာ္ ၊ ေက်ာင္းကန္တင္းမွာ
အကူညီေတာင္းၿပီး သူတို႔ညေနစားေသာက္ဖို႔အတြက္ ခ်က္ျပဳတ္ရတယ္။
သူတို႔အေျခအေနကို သနားလြန္းလို႔ Phoebe Cotres ဆိုတဲ့ ဆရာက
ဒီအျဖစ္ပ်က္ကို ဆိုရွယ္မီဒီယာေပၚတင္ခဲ့ပါတယ္။ ကေလးေတြရဲ႕
အေျခအေနကိုသိၿပီး လာေရာက္ေပးကမ္းႏိုင္မယ့္လူ ရွိလာရင္လည္း
ပိုေကာင္းတာေပါ့။ လိုအပ္ေနတဲ့လူကို လႉရတာ ကုသိုလ္ရပါတယ္။
မၾကာမီမွာ ေစတနာ၊ သဒၵါတရား ထက္သန္တဲ့ အလႉရွင္ေတြ Alexis
တို႔ဆီ ေရာက္လာပါေစလို႔ ဆုေတာင္းေပးလ်က္ …
credit : buzzy
link -
https://www.pilipinofeed.com/2018/06/25/boy-school-disabled-brother/
ဒီအျဖစ္အပ်က္ ေနာက္ပုိင္းမွာေတာ့ သူတုိ႔ရဲ႕အေမနဲ႔ ေဆြမ်ဳိးေတြကုိ
အြန္လုိင္းေပၚမွ်ေဝေပးခဲ့ၾကတဲ့ သူေတြရဲ႕ေက်းဇူးေၾကာင့္ ျပန္ၿပီးေတာ့
ဆုံေတြ႕ခြင့္ ရသြားခဲ့ၾကတယ္လုိ႔ သိရပါတယ္။
============================
မသန်စွမ်း ညီလေး ကိုစောင့်ရှောက်ရင်း
ကျောင်း တက်နေရတဲ့ ကောင်လေး ဘဝ
----------------------------------------------
ကူညီနိုင်မယ့်လူတွေ မြန်မြန်ရှာတွေ့ပါစေ….
အခြားကလေးတွေကတော့ ကျောင်း နားချိန်မှာ ပြေးလွှားကစား ၊
စားချင်တာစားရင်း ကျောင်းစာကိုအဆင်ပြေပြေလေး သင်ကြားနေရ
ချိန်မှာ အသက် ၁၁နှစ် Alexis Peralta ဆိုတဲ့ ကောင်လေးကတော့
သူငယ်ချင်းတွေ ပြေးဆော့သလိုလည်း မဆော့ရ ၊ စားချင်တာ မစားရနဲ့
၄ နှစ်အရွယ် မသန်စွမ်းဖြစ်နေတဲ့ညီလေးကိုလည်း သူ့မှာပြုစု
စောင့်ရှောက် နေရပြန်ပါတယ်။ အိမ်မှာကလေးကို စောင့်ရှောက်မယ့်သူ
မရှိလို့ ကျောင်းခေါ်လာရတယ်။ ဒါဆို ဒီကလေးနှစ်ယောက်ရဲ့မိဘတွေက
ဘယ်ရောက်နေလို့လဲ ?
Alexisတို့ ညီအစ်ကိုနှစ်ယောက်ဟာ မိဘ တွေဆီက စွန့်ပစ်ခံရပြီးနောက်
ဖြစ်သလိုနေ ၊ ဖြစ်သလို စားသောက်ရတဲ့ဘဝမှာပဲ နေထိုင်ခဲ့ပါတယ်။
နောက်မှသိရတာက သူတို့မှာ နောက်ထပ်အစ်ကိုတစ်ယောက် ရှိပါသေး
တယ်တဲ့။ ထိုအစ်ကိုက မနီလာမြို့မှာသွားပြီး သန့်ရှင်းအဖြစ်လုပ်ကိုင်ကာ
ညီနှစ်ယောက်အတွက် ပိုက်ဆံရှာနေတယ်လို့ သိရပါတယ်။
အိမ်မှာကျန်ခဲ့တဲ့ Alexis ဟာ မသန်စွမ်း ညီကို ပြုစုစောင့်ရှောက်ရင်း
နေရတယ်။ ကျောင်း သွားရင် အိမ်မှာထားခဲ့လို့လည်း မဖြစ်တာကြောင့်
၃ကီလိုမီတာ လမ်းလျှောက်သွားရတဲ့ကျောင်းထိ ညီလေးကိုချီပြီး
ခေါ်သွားခဲ့တယ်။
သူ့ရဲ့အခြေအနေကို ကျောင်းကဆရာတွေကလည်း အပြစ်မတင်ပါဘူး။
နားလည်ပေးပါတယ်။ ဘယ်လောက်ဒုက္ခရောက်ပါစေ ပညာရေးကိုတော့
လက်မလျော့လိုက်တဲ့ Alexis လေးကို ပိုပြီးတောင် ပညာတွေပေးချင်နေ
ကြပါတယ်။
ညီအစ်ကို သုံးယောက်တည်းရှိတာမို့ အားလုံးက သိပ်ချစ်ကြပါတယ်။
အနားမှာ အစ်ကိုကြီးမရှိတဲ့အချိန် ညီအငယ်ဆုံးလေးအတွက် Alexis ဟာ
အဖေလည်းဖြစ်သလို၊ အမေဆိုလည်း ဟုတ်တယ်။ ကျောင်းဆင်းတာနဲ့
ရုံးခန်းမှာ ညီကိုခဏထားပြီး အဝတ်တွေသွားလျှော် ၊ ကျောင်းကန်တင်းမှာ
အကူညီတောင်းပြီး သူတို့ညနေစားသောက်ဖို့အတွက် ချက်ပြုတ်ရတယ်။
သူတို့အခြေအနေကို သနားလွန်းလို့ Phoebe Cotres ဆိုတဲ့ ဆရာက
ဒီအဖြစ်ပျက်ကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ပါတယ်။ ကလေးတွေရဲ့
အခြေအနေကိုသိပြီး လာရောက်ပေးကမ်းနိုင်မယ့်လူ ရှိလာရင်လည်း
ပိုကောင်းတာပေါ့။ လိုအပ်နေတဲ့လူကို လှူရတာ ကုသိုလ်ရပါတယ်။
မကြာမီမှာ စေတနာ၊ သဒ္ဒါတရား ထက်သန်တဲ့ အလှူရှင်တွေ Alexis
တို့ဆီ ရောက်လာပါစေလို့ ဆုတောင်းပေးလျက် …
credit : buzzy
link -
https://www.pilipinofeed.com/2018/06/25/boy-school-disabled-brother/
ဒီအဖြစ်အပျက် နောက်ပိုင်းမှာတော့ သူတို့ရဲ့အမေနဲ့ ဆွေမျိုးတွေကို
အွန်လိုင်းပေါ်မျှဝေပေးခဲ့ကြတဲ့ သူတွေရဲ့ကျေးဇူးကြောင့် ပြန်ပြီးတော့
ဆုံတွေ့ခွင့် ရသွားခဲ့ကြတယ်လို့ သိရပါတယ်။
No comments:
Post a Comment