မင်္ဂလာပါ... မီဂန်ပရိသတ်ကြီးအတွက် ကျန်းမာရေးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ့ ကောင်းနိုးရာရာ ဆောင်းပါးများကို မီဂန်သုံးစွဲသူတစ်ဦးအနေနဲ့ ဆက်လက်တင်ဆက်ပေးနေခြင်းဖြစ်ပါကြောင်း.... အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ...
Saturday, September 19, 2020
အနာဂတ်အတွက်ရင်လေးစရာ
-------------------------------------------------------
စာသင်တိုက်တစ်ခု
ခံ့ငြားထည်ဝါသည်
crd – Teikkha Nyarna
source:
===========================
ဗုဒ္ဓဘာသာဝင်တိုင်း အတွက် သွေးပျက်လုမတတ်
ဖြစ်သွားစေမယ့် ထိတ်လန့်မှု ...
-------------------------------------------------------
ယခင်က သံဃာတွေ တစ်နှစ်ငါးသောင်းခန့် လူထွက်တယ် 
သံဃာတွေ လျော့လာတယ်။ နယ်မြို့ စာသင်တိုက်တွေမှာ 
သံဃာမရှိတော့ဘူးလို့ ပါးစပ်ပြောနဲ့လဲကြားရ fbမှာလဲ တွေ့ရနဲ့ 
တွေ့ရကြားရပေမယ့် စိတ်ထဲမှာ ဘာမှ မဖြစ်သလိုပါပဲ...
ဒီနေ့တော့ သူငယ်ချင်းတစ်ပါးနှင့်အတူ မော်လမြိုင်က ကျောင်းတိုက်
တစ်တိုက်ရောက်ခါမှ ကိုယ်တွေ့ကြုံပြီး ကြီးစွာထိတ်လန့်မိပါရဲ့ 
မိမိရောက်ရှိသော ကျောင်းတိုက်သည် ယခင်က သံဃာ ရာနဲ့ချီရှိသော
စာသင်တိုက်တစ်ခု
လွန်ခဲ့သော သုံးလေးနှစ်ခန့်ကမှ လျော့လျော့လာလိုက်တာ 
ဒီနှစ် သံဃာအရေအတွက် ဆရာတော်အပါအဝင် လက်ဆယ်ချောင်း
မပြည့်တော့ ကျောင်းတိုက်အဆောက်အဦး ပြည့်စုံလွန်းသည် 
ခံ့ငြားထည်ဝါသည်
သို့သော် နေမည့်သံဃာမရှိတော့ ကျောင်းကြီးအောက် ဝင်ကြည့်တော့
လူမနေသည့် ကုဋင် တွေက အပြည့် လက်ချိုးရေတွက်ကြည့်တော့ 
ကုဋင် ၄၅ လုံး သို့သော် တစ်လုံးမှ နေမည့်သူမရှိ 
သြော် တို့သာသနာ တော်တော်လျော့သွားပါလား တို့တွေ 
အလုပ်များများ လုပ်ရတော့မယ်လို့ ခံယူမိပါသည် 
ကုဋင်တွေကြည့် ကျောင်းဆောင်တွေကြည့်ပြီး မိမိတော့ 
သွေးပျက်လုမတတ် ထိတ်လန့်မိသည် ဒီရှေ့ တဖြုတ်ဖြုတ်
ကြွေမှာတွေ မြင်ယောင်မိသေးသည်
ဘယ်လိုကုစားကြမှာလဲ? ဘယ်လိုအဖြေရှာကြမှာလဲ? 
စဉ်းစားပေးကြပါအုံး ဓမ္မမိတ်ဆွေတို့ရေ မိမိတော့ 
ကြီးစွာထိတ်လန့်မှု ဖြစ်မိပါသည်။
crd – Teikkha Nyarna
source:
No comments:
Post a Comment