ေရာဂါမသိဘဲ အေကာင္းႀကီးကေန
႐ုတ္တရက္ ေသဆုံးသြားခဲ့တဲ့ ေကာင္မေလး
---------------------------------------------------
ေရာဂါဘယဆုိတာ လူတစ္ေယာက္ကို ထင္မွတ္မထားတဲ့
အခ်ိန္မ်ိဳးမွာ အခ်ိန္မေရြး အသက္ႏႈတ္သြားႏုိင္ပါတယ္။
လူေတြဟာ အသက္အရြယ္ ငယ္ေသးတယ္၊ ကုိယ့္ကုိယ္ကုိ
က်န္းမာေနတယ္လုိ႔ ထင္ရေပမယ့္ တစ္ခါတေလမွာ
ေကြးေသာလက္ မဆန္႔မီ၊ ဆန္႔ေသာလက္ မေကြးမီ
မရဏမင္းေခၚရာကုိ လုိက္ပါရတတ္ပါတယ္။
အခုလည္း အမ်ားက က်န္းမာေရးေကာင္းတယ္လုိ႔
ထင္မွတ္ထားတဲ့ အသက္(၁၆)ႏွစ္အရြယ္ ေက်ာင္းသူမေလး
Lucy Ellis ဟာ ထင္မွတ္မထားဘဲ ေသဆုံးခဲ့ရပါတယ္။ သူမဟာ
ခ်က္ခ်င္းဆုိသလုိပဲ အလြန္ကို ျပင္းထန္တဲ့ အဖ်ားေရာဂါ ခံစားခဲ့ရၿပီး၊
မိဘေတြကိုယ္တုိင္ကလည္း သာမန္အဖ်ားေရာဂါလုိ႔ ထင္မွတ္ခဲ့ပါတယ္။
ဒါေပမယ့္ Lucy ဟာ အဲဒီျပင္းထန္တဲ့ အဖ်ားေရာဂါ စတင္ခံစားရလုိ႔
ေနာက္ထပ္ေျခာက္နာရီအၾကာမွာ လူ႕ေလာကမွာ ရွိမေနေတာ့ပါဘူး။
ဒီလုိ အျဖစ္မ်ိဳး မိဘေတြေကာ၊ Lucy ရဲ႕ အမႊာညီအစ္မ Sophie ေကာ
ထင္မထားခဲ့ၾကပါဘူး။ မိဘေတြဟာ သမီးအေနနဲ႔ အေတာ္ေလး
မ႐ႈႏုိင္မကယ္ႏုိင္ျဖစ္မွာ အနီးဆုံးေဆး႐ုံကို ပုိ႔ခဲ့ၾကတာပါ။
သူမရဲ႕ ေရာဂါကုိ ေဆး႐ုံက ေဒါက္တာေတြက ဘာဆုိတာ ခ်က္ခ်င္း
အတည္မျပဳႏုိင္လုိ႔ ဝါရင့္သမာၻရင့္ ကၽြမ္းက်င္ေဒါက္တာအဖြဲ႕ကုိ
လွမ္းအေၾကာင္းၾကားခဲ့ရပါတယ္။ အဆုိပါ ေဒါက္တာအဖြဲ႕ဟာ
အေရးေပၚရဟတ္ယာဥ္နဲ႔ လန္ဒန္မွ မုိင္(၁၅၀)အေဝးရွိ Lucy
ေရာက္ရွိေနတဲ့ ေဝးႏုိင္ငံေတာင္ပုိင္း နယူးေပါ့ေဆး႐ုံဆီကို
ေရာက္လာခဲ့ၾကပါတယ္။
အထူးအဖြဲ႕စတင္ကုသမႈကုိ Lucy ခံယူခဲ့ရေပမယ့္ ေနာက္ထပ္
(၂)နာရီအၾကာမွာပင္ ေသဆုံးသြားပါေတာ့တယ္။ ဒါဟာ သူမ
ေရာဂါစတင္ခံစားရလုိ႔ ေနာက္ထပ္ (၆)နာရီအၾကာမွာပင္
ေသဆုံးသြားတဲ့သေဘာ ျဖစ္ပါတယ္။ ေသဆုံးတဲ့အခ်ိန္ထိ
ေဒါက္တာေတြဟာ ဘာေရာဂါရယ္လုိ႔ မယ္မယ္ရရ မေျပာႏုိင္ဘဲ၊
ဘက္တီးရီးယားေၾကာင့္ ျပင္းထန္တဲ့ အဖ်ားေရာဂါ ျဖစ္ပြားခဲ့တာ
လုိ႔သာ ေဖာ္ျပထားပါတယ္။
Credit: ေနသူရိန္ (MyanmarNote)
source : thesun.co.uk
https://www.thesun.co.uk/news/6586459/lucy-ellis-newport-gymnast-died-sepsis/
=============================
ရောဂါမသိဘဲ အကောင်းကြီးကနေ
ရုတ်တရက် သေဆုံးသွားခဲ့တဲ့ ကောင်မလေး
---------------------------------------------------
ရောဂါဘယဆိုတာ လူတစ်ယောက်ကို ထင်မှတ်မထားတဲ့
အချိန်မျိုးမှာ အချိန်မရွေး အသက်နှုတ်သွားနိုင်ပါတယ်။
လူတွေဟာ အသက်အရွယ် ငယ်သေးတယ်၊ ကိုယ့်ကိုယ်ကို
ကျန်းမာနေတယ်လို့ ထင်ရပေမယ့် တစ်ခါတလေမှာ
ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ
မရဏမင်းခေါ်ရာကို လိုက်ပါရတတ်ပါတယ်။
အခုလည်း အများက ကျန်းမာရေးကောင်းတယ်လို့
ထင်မှတ်ထားတဲ့ အသက်(၁၆)နှစ်အရွယ် ကျောင်းသူမလေး
Lucy Ellis ဟာ ထင်မှတ်မထားဘဲ သေဆုံးခဲ့ရပါတယ်။ သူမဟာ
ချက်ချင်းဆိုသလိုပဲ အလွန်ကို ပြင်းထန်တဲ့ အဖျားရောဂါ ခံစားခဲ့ရပြီး၊
မိဘတွေကိုယ်တိုင်ကလည်း သာမန်အဖျားရောဂါလို့ ထင်မှတ်ခဲ့ပါတယ်။
ဒါပေမယ့် Lucy ဟာ အဲဒီပြင်းထန်တဲ့ အဖျားရောဂါ စတင်ခံစားရလို့
နောက်ထပ်ခြောက်နာရီအကြာမှာ လူ့လောကမှာ ရှိမနေတော့ပါဘူး။
ဒီလို အဖြစ်မျိုး မိဘတွေကော၊ Lucy ရဲ့ အမွှာညီအစ်မ Sophie ကော
ထင်မထားခဲ့ကြပါဘူး။ မိဘတွေဟာ သမီးအနေနဲ့ အတော်လေး
မရှုနိုင်မကယ်နိုင်ဖြစ်မှာ အနီးဆုံးဆေးရုံကို ပို့ခဲ့ကြတာပါ။
သူမရဲ့ ရောဂါကို ဆေးရုံက ဒေါက်တာတွေက ဘာဆိုတာ ချက်ချင်း
အတည်မပြုနိုင်လို့ ဝါရင့်သမ္ဘာရင့် ကျွမ်းကျင်ဒေါက်တာအဖွဲ့ကို
လှမ်းအကြောင်းကြားခဲ့ရပါတယ်။ အဆိုပါ ဒေါက်တာအဖွဲ့ဟာ
အရေးပေါ်ရဟတ်ယာဉ်နဲ့ လန်ဒန်မှ မိုင်(၁၅၀)အဝေးရှိ Lucy
ရောက်ရှိနေတဲ့ ဝေးနိုင်ငံတောင်ပိုင်း နယူးပေါ့ဆေးရုံဆီကို
ရောက်လာခဲ့ကြပါတယ်။
အထူးအဖွဲ့စတင်ကုသမှုကို Lucy ခံယူခဲ့ရပေမယ့် နောက်ထပ်
(၂)နာရီအကြာမှာပင် သေဆုံးသွားပါတော့တယ်။ ဒါဟာ သူမ
ရောဂါစတင်ခံစားရလို့ နောက်ထပ် (၆)နာရီအကြာမှာပင်
သေဆုံးသွားတဲ့သဘော ဖြစ်ပါတယ်။ သေဆုံးတဲ့အချိန်ထိ
ဒေါက်တာတွေဟာ ဘာရောဂါရယ်လို့ မယ်မယ်ရရ မပြောနိုင်ဘဲ၊
ဘက်တီးရီးယားကြောင့် ပြင်းထန်တဲ့ အဖျားရောဂါ ဖြစ်ပွားခဲ့တာ
လို့သာ ဖော်ပြထားပါတယ်။
Credit: နေသူရိန် (MyanmarNote)
source : thesun.co.uk
https://www.thesun.co.uk/news/6586459/lucy-ellis-newport-gymnast-died-sepsis/
No comments:
Post a Comment