သံေႁမြအေၾကာင္းသိသမွ်
.
ေအာက္မွာေဖာ္ျပေပးခဲ့တဲ့ ပုိ႔စ္ပါ အေၾကာင္းအရာကုိ
အမွန္တကယ္ ဟုတ္မဟုတ္ေတာ့ မေျပာႏုိင္ပါ...
တကယ့္ျဖစ္စဥ္ဆုိ ဘယ္ၿမဳိ႕ ဘယ္ရြာမွာ
ဘယ္ေန႔က ျဖစ္ပ်က္ခဲ့တယ္ဆုိတာ ပါရမွာပါ။
အဆိပ္ရွိတဲ့ သတၱဝါ တစ္မ်ဳိးမ်ဳိးကုိက္သြားၿပီး
ျဖစ္တဲ့ေနရာမွာေတြ႕တဲ့ ဒီအေကာင္ငယ္ေလးကပဲ
တရားခံျဖစ္သြားသလားဆုိတာ ျဖစ္စဥ္ေတြကုိ
အားလုံးမသိရတဲ့အတြက္ သူ႔ေၾကာင့္ ဟုတ္ မဟုတ္
မေျပာဆုိလုိပါဘူး..
သုိ႔ေသာ္ အမွတ္တမဲ့ၾကည့္ပါက တီေကာင္ထက္ပင္
ေသးငယ္၍ တီေကာင္ထက္ မာေက်ာေသာ ေႁမြကဲ့သုိ႔
ဤသတၱဝါငယ္ေလးကုိ အမ်ားစု ျမင္ဖူးၾကပါမည္။
နယ္မွာေတာ့ သံေႁမြလုိ႔ အေခၚမ်ားပါသည္။
အာရွႏုိင္ငံမ်ားတြင္ brahminy blind snake ဟုေခၚသည့္
ဤမွ်ေသးငယ္ေသာ သတၱဝါတြင္ လူ႔အေရျပားကုိေဖာက္ၿပီး
ကုိက္ခဲႏုိင္ရန္အတြက္ ခၽြန္ထက္ေသာ အစြယ္ ပါရွိရပါမည္။
သုိ႔ေသာ္ ဤသတၱဝါေလးတြင္ အစြယ္မေျပာႏွင့္ ပါးစပ္ေပါက္
ပါ မပါကုိပင္ သာမန္မ်က္ေစ့ႏွင့္ မျမင္ႏုိင္ေလာက္ေအာင္
သူ႔ခႏၶာကုိယ္က ေသးငယ္လွပါသည္။ သူ႔တြင္ အေၾကးခြံ
ပါ မပါကုိ ပုံႀကီးခ်ဲ႕ၾကည့္မွပင္ ထင္ထင္ရွားရွား ျမင္ရပါမည္။
တီေကာင္ႏွင့္တူေသာ ဤသတၱဝါငယ္ကုိ သိလုိ၍
အြန္လိုင္းေပၚတြင္ ရွာေဖြၾကည့္ရာ. ယင္းမွာ ေဖာ္ျပပါ
ပုံမ်ားအတုိင္း အာရႇဘက္တြင္ အေတြ႕မ်ားသည့္
တီေကာင္ႏွင့္တူသည့္ သတၱဝါျဖစ္ေသာ္လည္း သူ႔တြင္
ေသခ်ာစြာအနီးကပ္ ၾကည့္ပါက ပါးစပ္ေပါက္ ပါရွိကာ
ၾကည္လင္ေသာအေၾကးခြံေအာက္တြင္ ေသးငယ္သည့္
မ်က္လုံးကုိ အစက္အေျပာက္ကဲ့သုိ႔ ေတြ႕ျမင္ႏုိင္ၿပီး
အႏၱရာယ္ေပးႏုိင္သည့္ အဆိပ္ မပါရွိဟု သိရပါသည္။
သုိ႔ပါ၍ အေကာင္ျမင္တုိင္း အေၾကာက္မလြန္ေစလုိပါသျဖင့္
၂၀၁၅ ခုႏွစ္က တရုတ္ႏုိင္ငံအလယ္ပုိင္းတြင္ Zhu Ke အမည္ရွိ
အသက္ ၁၁ ႏွစ္သားရြယ္ ကေလးငယ္တစ္ဦး ေတြ႕ရွိခဲ့သည့္
အဆုိပါ အေကာင္ငယ္ကုိ ေဒးလီးေမးလ္တြင္ ေဖာ္ျပခဲ့သည့္
ေဆာင္းပါးပါ ပုံမ်ားအား ဗဟုသုတအျဖစ္ ေဖာ္ျပေပးပါသည္။
( ဘယ္ၿမဳိ႕ဘယ္နယ္မွာ ဘယ္အခ်ိန္က ျဖစ္ခဲ့တာ စတဲ့
တိတိက်က် မပါတဲ့သတင္းမ်ဳိးကုိ စာဖတ္သူေတြအေနနဲ႔
သတိျပဳ ခ်င့္ခ်ိန္ေစလုိပါတယ္...)
post link
https://www.thailandsnakes.com/non-venomous/brahminy-blind-snake-non-venomous-not-dangerous/
https://en.wikipedia.org/wiki/Indotyphlops_braminus
========================
သံမြွေအကြောင်းသိသမျှ
.
အောက်မှာဖော်ပြပေးခဲ့တဲ့ ပို့စ်ပါ အကြောင်းအရာကို
အမှန်တကယ် ဟုတ်မဟုတ်တော့ မပြောနိုင်ပါ...
တကယ့်ဖြစ်စဉ်ဆို ဘယ်မြို့ ဘယ်ရွာမှာ
ဘယ်နေ့က ဖြစ်ပျက်ခဲ့တယ်ဆိုတာ ပါရမှာပါ။
အဆိပ်ရှိတဲ့ သတ္တဝါ တစ်မျိုးမျိုးကိုက်သွားပြီး
ဖြစ်တဲ့နေရာမှာတွေ့တဲ့ ဒီအကောင်ငယ်လေးကပဲ
တရားခံဖြစ်သွားသလားဆိုတာ ဖြစ်စဉ်တွေကို
အားလုံးမသိရတဲ့အတွက် သူ့ကြောင့် ဟုတ် မဟုတ်
မပြောဆိုလိုပါဘူး..
သို့သော် အမှတ်တမဲ့ကြည့်ပါက တီကောင်ထက်ပင်
သေးငယ်၍ တီကောင်ထက် မာကျောသော မြွေကဲ့သို့
ဤသတ္တဝါငယ်လေးကို အများစု မြင်ဖူးကြပါမည်။
နယ်မှာတော့ သံမြွေလို့ အခေါ်များပါသည်။
အာရှနိုင်ငံများတွင် brahminy blind snake ဟုခေါ်သည့်
ဤမျှသေးငယ်သော သတ္တဝါတွင် လူ့အရေပြားကိုဖောက်ပြီး
ကိုက်ခဲနိုင်ရန်အတွက် ချွန်ထက်သော အစွယ် ပါရှိရပါမည်။
သို့သော် ဤသတ္တဝါလေးတွင် အစွယ်မပြောနှင့် ပါးစပ်ပေါက်
ပါ မပါကိုပင် သာမန်မျက်စေ့နှင့် မမြင်နိုင်လောက်အောင်
သူ့ခန္ဓာကိုယ်က သေးငယ်လှပါသည်။ သူ့တွင် အကြေးခွံ
ပါ မပါကို ပုံကြီးချဲ့ကြည့်မှပင် ထင်ထင်ရှားရှား မြင်ရပါမည်။
တီကောင်နှင့်တူသော ဤသတ္တဝါငယ်ကို သိလို၍
အွန်လိုင်းပေါ်တွင် ရှာဖွေကြည့်ရာ. ယင်းမှာ ဖော်ပြပါ
ပုံများအတိုင်း အာရှဘက်တွင် အတွေ့များသည့်
တီကောင်နှင့်တူသည့် သတ္တဝါဖြစ်သော်လည်း သူ့တွင်
သေချာစွာအနီးကပ် ကြည့်ပါက ပါးစပ်ပေါက် ပါရှိကာ
ကြည်လင်သောအကြေးခွံအောက်တွင် သေးငယ်သည့်
မျက်လုံးကို အစက်အပြောက်ကဲ့သို့ တွေ့မြင်နိုင်ပြီး
အန္တရာယ်ပေးနိုင်သည့် အဆိပ် မပါရှိဟု သိရပါသည်။
သို့ပါ၍ အကောင်မြင်တိုင်း အကြောက်မလွန်စေလိုပါသဖြင့်
၂၀၁၅ ခုနှစ်က တရုတ်နိုင်ငံအလယ်ပိုင်းတွင် Zhu Ke အမည်ရှိ
အသက် ၁၁ နှစ်သားရွယ် ကလေးငယ်တစ်ဦး တွေ့ရှိခဲ့သည့်
အဆိုပါ အကောင်ငယ်ကို ဒေးလီးမေးလ်တွင် ဖော်ပြခဲ့သည့်
ဆောင်းပါးပါ ပုံများအား ဗဟုသုတအဖြစ် ဖော်ပြပေးပါသည်။
( ဘယ်မြို့ဘယ်နယ်မှာ ဘယ်အချိန်က ဖြစ်ခဲ့တာ စတဲ့
တိတိကျကျ မပါတဲ့သတင်းမျိုးကို စာဖတ်သူတွေအနေနဲ့
သတိပြု ချင့်ချိန်စေလိုပါတယ်...)
No comments:
Post a Comment