မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Sunday, September 20, 2020

ေဒၚနယ္ထရမ့္ကုိ ယုံၾကည္ကုိးကြယ္မိသူ

အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ ပံုေလးကို

ေန႔တိုင္းရွိခိုးကိုးကြယ္ယံုၾကည္မိသူ ...

-------------------------------------------------

ဘက္စာခရစ္ရွ္နာအတြက္ေတာ႔ ေဒၚနယ္ထရမ့္ဆိုတာ 

ဘုရားတစ္ဆူအလား မျခားနားတဲ႔ ယံုၾကည္မိသူပါ။ 


တယ္လန္ဂ်ားနားေဒသရဲ႕ ေ၀းလံေခါင္သီတဲ႔ ရြာေလးတစ္ရြာက 

အသက္(၃၁) ႏွစ္အရြယ္ လယ္သမားတစ္ေယာက္ဟာ သူရဲ႕ 

၀တ္ျပဳခန္းေလးအတြင္းမွာ အေမရိကန္သမၼတရဲ႕ ပံုကို ခ်ိတ္ဆြဲထားျပီး

အျခားေသာ ဟိႏၵဴဘုရားေတြနဲ႔အတူ တန္းတူထားျပီး ေန႕တိုင္း၀တ္ျပဳ

ဆုေတာင္းေနပါတယ္။ ပန္း၊ အေမြးနံ႔သာေတြ၊ ေရခ်မ္းေတြနဲ႔အတူ 

၀တ္ျပဳလို႕အျပီးမွာေတာ႔“aarti” ဆိုျပီး ဓာတ္ပံုေလးကို လုပ္လိုက္ပါတယ္။

အေမရိကန္ သမၼတကို ယံုၾကည္ကိုးကြယ္ဖို႔ စိတ္ကူးကိုစရခဲ႔တာက

ျပီးခဲ႔႔တဲ႔ ႏွစ္ေဖေဖာ္၀ါရီလတုန္းက အေမရိကားမွာေနတဲ ႔ေဆာ႔၀ဲ

အင္ဂ်ီနီယာ ဆရီနီဘတ္ ကူခ်ီဘိုတာကို မုန္းတီးမႈစြပ္စြဲခ်က္နဲ႔ 

အေမရိကန္ ေနဗီစစ္တပ္က သတ္ျဖတ္ခဲ႔မႈအျပီးမွာပါ။

“အၾကမ္းဖက္မႈ ျဖစ္ခဲ႔တုန္းကရမ္းခံစားရတယ္၊ ကြ်န္ေတာ္ထင္တာ

ကေတာ႔ အေမရိကန္နဲ႔ သူ႔လူေတြ ကြ်န္ေတာ္တို႕အိႏၵိယသားေတြရဲ႕

ျမင့္ျမတ္မႈကိုနားလည္ဖို႔က ကြ်န္ေတာ္တို႔ရဲ႕ ေမတၱာကိုနားလည္ျပီး 

ေရာင္ျပန္ဟပ္ေစဖို ႔ပဲရွိ တယ္လို ႔ကြ်န္ေတာ္ထင္တယ္။” 

“ဒါေၾကာင့္ ကြ်န္ေတာ္႔ရဲ႕ ဆုေတာင္းစကားေတြ သူ႔ဆီေရာက္ဖို႔

ေမွ်ာ္လင့္ခ်က္က္နဲ႔ ထရမ့္ကို ေန႔တိုင္း၀တ္ျပဳတယ္”လို႕ 

ဘက္စာခရစ္ရွ္နာကေျပာပါတယ္။

“အိႏၵိယသားေတြဟာ သူတို႔ရဲ႕ စိတ္တန္ခိုးေတြနဲ႔ လူတိုင္းကို

လႊမ္းမိုးႏိုင္တယ္လို႔ ကြ်န္ေတာ္ယံုတယ္၊ ခင္ဗ်ားထက္အင္အားၾကီးတဲ႔

သူေတြကို တိုက္ရိုက္မယွဥ္ျပိဳင္ႏိုင္တဲ႔အခါမွာ သူ႕အတြက္ ေမတၱာတရား

ေတြ၊ ဆုေတာင္းေပးတာေတြလုပ္ျပီး အႏိုင္ယူလိုက္ပါ၊ ကြ်န္ေတာ္ဘာလို႔

လုပ္ေနရလဲဆိုတာ အဲ႔တာေၾကာင့္ပဲ”

အိႏၵိယႏိုင္ငံမွာေတာ႔ ႏိုင္ငံေရးသမားေတြ၊ ရုပ္ရွင္ေလာကရဲ႕ နာမည္ၾကီး

ေတြကို ရုပ္ထုေတြ၊ ဓာတ္ပံုေတြနဲ႕ထားျပီး ကိုးကြယ္တာက ႏိုင္ငံနဲ႔အ၀န္း 

မထူးဆန္းေတာ႔ပါဘူး။ တကယ္တမ္း ခရစ္ရွ္နာက ထရမ့္အေၾကာင္းကို 

ေသခ်ာမသိပါဘူး။ “ေသခ်ာတာကေတာ႔ ထရမ့္ဆိုတာ ကမာၻေပၚမွာ

မျမင္ရေသးတဲ႔ အင္အားအၾကီးဆံုးေခါင္းေဆာင္ပဲ၊ သူ႕ကိုၾကိဳက္တာက

သူရဲ႕ ထင္ရွားတဲ႔ စိတ္ေနစိတ္ထားေၾကာင့္ပါ၊ သူက World Wrestling 

Federation (WWF) မွာ ေနရာစယူကတည္းက သူဟာအင္အားၾကီး

လာလိမ္႔မယ္” လို႕ ေက်ာင္းထြက္တစ္ဦးကလည္း ေျပာပါတယ္။

ခရစ္ရွ္နာကေတာ႔ သူထရမ့္ကို ၀တ္ျပဳေနတဲ႔ ပံုေတြကို ေဖ့စ္ဘြတ္ခ္မွာ

ေန႔တိုင္းတင္ေနဆဲပါ။ “ဘယ္သူကမွကြ်န္ေတာ့္ကို အျပင္းအထန္

မေ၀ဖန္ပါဘူး။ လူတစ္ခ်ိဳ႕ကေတာ႔ အရူးေတြထဲကတစ္ေယာက္လို႔ 

ေျပာၾကတယ္။ ေ၀းလံေခါင္သီတဲ႔ရြာေလးက ဆုေတာင္း၀တ္ျပဳသံေတြ 

ထရမ့္ဆီေရာက္မွာပါ။ ကြ်န္ေတာ္ကေတာ႔ ကြ်န္ေတာ္လုပ္ေနတာေတြ

ယံုတယ္။”

တစ္ေန႔မွာေတာ႔ ထရမ့္ဆီကေန ခရစ္ရွ္နာဆီကို တြစ္တာက

မက့္ေဆ့ခ်္ ေရာက္လာပါတယ္။ “ခရစ္ရွ္က ကြ်န္ေတာ့္ရဲ႕ 

အိႏိၵယမွာရွိတဲ႔ လူသန္းေပါင္းမ်ားစြာထဲက အရင္းႏွီးဆံုး မိတ္ေဆြပါ။ 

ကြ်န္ေတာ္အခင္ဆံုး လူတစ္ေယာက္ပါ။ သူဟာကြ်န္ေတာ့္ကို ၀တ္ျပဳမႈ

ေတြကေန သူမတူတဲ႔ စြမ္းအားေတြရမွာပါ။ ကြ်န္ေတာ္ကလည္း သူ႕ကို 

ပံုေတြေပးပို႔ရတာ ၾကိဳက္ပါတယ္။”လို႔ ထရမ့္ဆီကစာကို သူရခဲ႔ပါတယ္။ 

ဒီမက့္ေဆ့ခ်္ဟာ အမွန္လားေတာ႔မသိေပမယ့္ ခရစ္ရွ္ကေတာ႔ 

တြစ္တာမွာ တင္ထားခဲ႔ပါတယ္။ “ ထရမ့္ဆီကမက့္ေဆ့ခ်္ရတာ 

အရမ္းေပ်ာ္ပါတယ္၊ သူအိႏၵိယကိုလာတဲ႔ အခါကြ်န္ေတာ့္ကိုမေမ႔ဖို႕

ေမွ်ာ္လင့္ပါတယ္။” လို႔ ခရစ္ရွ္နာ က ထပ္ေျပာပါတယ္။


Aung Bwa

source:MyanmarNote

link -

http://www.newsweek.com/trump-worshipped-god-man-and-he-not-even-republican-996854

https://www.thenewsminute.com/article/meet-telangana-s-donald-trump-worshipper-cringe-laugh-or-cry-83541

https://www.hindustantimes.com/india-news/telangana-man-worships-photo-of-us-president-everyday-gives-aarti/story-lu3kt2rHjHj9xbvwzA8DiO.html

===================================


အမေရိကန်သမ္မတဒါ်နယ်ထရမ့်ရဲ့ ပုံလေးကို

နေ့တိုင်းရှိခိုးကိုးကွယ်ယုံကြည်မိသူ ...

-------------------------------------------------


ဘက်စာခရစ်ရှ်နာအတွက်တော့ ဒေါ်နယ်ထရမ့်ဆိုတာ 

ဘုရားတစ်ဆူအလား မခြားနားတဲ့ ယုံကြည်မိသူပါ။ 

တယ်လန်ဂျားနားဒေသရဲ့ ဝေးလံခေါင်သီတဲ့ ရွာလေးတစ်ရွာက 

အသက်(၃၁) နှစ်အရွယ် လယ်သမားတစ်ယောက်ဟာ သူရဲ့ 

ဝတ်ပြုခန်းလေးအတွင်းမှာ အမေရိကန်သမ္မတရဲ့ ပုံကို ချိတ်ဆွဲထားပြီး

အခြားသော ဟိန္ဒူဘုရားတွေနဲ့အတူ တန်းတူထားပြီး နေ့တိုင်းဝတ်ပြု

ဆုတောင်းနေပါတယ်။ ပန်း၊ အမွေးနံ့သာတွေ၊ ရေချမ်းတွေနဲ့အတူ 

ဝတ်ပြုလို့အပြီးမှာတော့“aarti” ဆိုပြီး ဓာတ်ပုံလေးကို လုပ်လိုက်ပါတယ်။


အမေရိကန် သမ္မတကို ယုံကြည်ကိုးကွယ်ဖို့ စိတ်ကူးကိုစရခဲ့တာက

ပြီးခဲ့တဲ့ နှစ်ဖေဖော်ဝါရီလတုန်းက အမေရိကားမှာနေတဲ့ဆော့ဝဲ

အင်ဂျီနီယာ ဆရီနီဘတ် ကူချီဘိုတာကို မုန်းတီးမှုစွပ်စွဲချက်နဲ့ 

အမေရိကန် နေဗီစစ်တပ်က သတ်ဖြတ်ခဲ့မှုအပြီးမှာပါ။

“အကြမ်းဖက်မှု ဖြစ်ခဲ့တုန်းကရမ်းခံစားရတယ်၊ ကျွန်တော်ထင်တာ

ကတော့ အမေရိကန်နဲ့ သူ့လူတွေ ကျွန်တော်တို့အိန္ဒိယသားတွေရဲ့

မြင့်မြတ်မှုကိုနားလည်ဖို့က ကျွန်တော်တို့ရဲ့ မေတ္တာကိုနားလည်ပြီး 

ရောင်ပြန်ဟပ်စေဖို့ပဲရှိ တယ်လို့ကျွန်တော်ထင်တယ်။” 

“ဒါကြောင့် ကျွန်တော့်ရဲ့ ဆုတောင်းစကားတွေ သူ့ဆီရောက်ဖို့

မျှော်လင့်ချက်က်နဲ့ ထရမ့်ကို နေ့တိုင်းဝတ်ပြုတယ်”လို့ 

ဘက်စာခရစ်ရှ်နာကပြောပါတယ်။


“အိန္ဒိယသားတွေဟာ သူတို့ရဲ့ စိတ်တန်ခိုးတွေနဲ့ လူတိုင်းကို

လွှမ်းမိုးနိုင်တယ်လို့ ကျွန်တော်ယုံတယ်၊ ခင်ဗျားထက်အင်အားကြီးတဲ့

သူတွေကို တိုက်ရိုက်မယှဉ်ပြိုင်နိုင်တဲ့အခါမှာ သူ့အတွက် မေတ္တာတရား

တွေ၊ ဆုတောင်းပေးတာတွေလုပ်ပြီး အနိုင်ယူလိုက်ပါ၊ ကျွန်တော်ဘာလို့

လုပ်နေရလဲဆိုတာ အဲ့တာကြောင့်ပဲ”


အိန္ဒိယနိုင်ငံမှာတော့ နိုင်ငံရေးသမားတွေ၊ ရုပ်ရှင်လောကရဲ့ နာမည်ကြီး

တွေကို ရုပ်ထုတွေ၊ ဓာတ်ပုံတွေနဲ့ထားပြီး ကိုးကွယ်တာက နိုင်ငံနဲ့အဝန်း 

မထူးဆန်းတော့ပါဘူး။ တကယ်တမ်း ခရစ်ရှ်နာက ထရမ့်အကြောင်းကို 

သေချာမသိပါဘူး။ “သေချာတာကတော့ ထရမ့်ဆိုတာ ကမ္ဘာပေါ်မှာ

မမြင်ရသေးတဲ့ အင်အားအကြီးဆုံးခေါင်းဆောင်ပဲ၊ သူ့ကိုကြိုက်တာက

သူရဲ့ ထင်ရှားတဲ့ စိတ်နေစိတ်ထားကြောင့်ပါ၊ သူက World Wrestling 

Federation (WWF) မှာ နေရာစယူကတည်းက သူဟာအင်အားကြီး

လာလိမ့်မယ်” လို့ ကျောင်းထွက်တစ်ဦးကလည်း ပြောပါတယ်။


ခရစ်ရှ်နာကတော့ သူထရမ့်ကို ဝတ်ပြုနေတဲ့ ပုံတွေကို ဖေ့စ်ဘွတ်ခ်မှာ

နေ့တိုင်းတင်နေဆဲပါ။ “ဘယ်သူကမှကျွန်တော့်ကို အပြင်းအထန်

မဝေဖန်ပါဘူး။ လူတစ်ချို့ကတော့ အရူးတွေထဲကတစ်ယောက်လို့ 

ပြောကြတယ်။ ဝေးလံခေါင်သီတဲ့ရွာလေးက ဆုတောင်းဝတ်ပြုသံတွေ 

ထရမ့်ဆီရောက်မှာပါ။ ကျွန်တော်ကတော့ ကျွန်တော်လုပ်နေတာတွေ

ယုံတယ်။”


တစ်နေ့မှာတော့ ထရမ့်ဆီကနေ ခရစ်ရှ်နာဆီကို တွစ်တာက

မက့်ဆေ့ချ် ရောက်လာပါတယ်။ “ခရစ်ရှ်က ကျွန်တော့်ရဲ့ 

အိန္ဒိယမှာရှိတဲ့ လူသန်းပေါင်းများစွာထဲက အရင်းနှီးဆုံး မိတ်ဆွေပါ။ 

ကျွန်တော်အခင်ဆုံး လူတစ်ယောက်ပါ။ သူဟာကျွန်တော့်ကို ဝတ်ပြုမှု

တွေကနေ သူမတူတဲ့ စွမ်းအားတွေရမှာပါ။ ကျွန်တော်ကလည်း သူ့ကို 

ပုံတွေပေးပို့ရတာ ကြိုက်ပါတယ်။”လို့ ထရမ့်ဆီကစာကို သူရခဲ့ပါတယ်။ 

ဒီမက့်ဆေ့ချ်ဟာ အမှန်လားတော့မသိပေမယ့် ခရစ်ရှ်ကတော့ 

တွစ်တာမှာ တင်ထားခဲ့ပါတယ်။ “ ထရမ့်ဆီကမက့်ဆေ့ချ်ရတာ 

အရမ်းပျော်ပါတယ်၊ သူအိန္ဒိယကိုလာတဲ့ အခါကျွန်တော့်ကိုမမေ့ဖို့

မျှော်လင့်ပါတယ်။” လို့ ခရစ်ရှ်နာ က ထပ်ပြောပါတယ်။


Aung Bwa

source:MyanmarNote

link -

http://www.newsweek.com/trump-worshipped-god-man-and-he-not-even-republican-996854

https://www.thenewsminute.com/article/meet-telangana-s-donald-trump-worshipper-cringe-laugh-or-cry-83541

https://www.hindustantimes.com/india-news/telangana-man-worships-photo-of-us-president-everyday-gives-aarti/story-lu3kt2rHjHj9xbvwzA8DiO.html

 

No comments:

Post a Comment