အလြန္ရွားပါးတဲ့ ရွဥ့္ျဖဴေလးကို
ဓာတ္ပုံမွတ္တမ္းတင္ႏုိင္ခဲ့တဲ့ အမ်ိဳးသား
--------------------------------------------
Matthew Throup အမည္ရ အမ်ိဳးသားတစ္ဦးဟာ အဂၤလန္ႏုိင္ငံ
Surrey ေကာင္တီအတြင္းက ဝက္သစ္ခ်ပင္ေပၚမွာ အလြန္ရွားပါးတဲ့
ရွဥ့္ျဖဴတစ္ေကာင္ကုိ မွတ္တမ္းတင္ႏုိင္ခဲ့ပါတယ္။ အဆုိပါရွဥ့္ျဖဴေလးက
ၿမိဳ႕ဆင္ေျခဖုံးအနီးက ေတာအုပ္စပ္ရွိ သစ္ပင္တစ္ပင္ေပၚမွာ
ျမဴးတူးေပ်ာ္ပါးေနတာကို Matthew က ျမင္ေတြ႕ခဲ့ရတာပါ။
Matthew ဟာ ေဆာက္လုပ္ေရး လုပ္သားတစ္ဦးျဖစ္ၿပီး သူဟာ
အရင္က တစ္ခါမွ ဒီလုိရွဥ့္ျဖဴမ်ိဳးကုိ ျမင္ေတြ႕ခဲ့ဖူးျခင္းမရွိလုိ႔
အေတာ္ေလးကို အံ့ၾသဘနန္း ျဖစ္ခဲ့ရတယ္လုိ႔ ဆုိပါတယ္။
သိပၸံပညာရွင္ေတြရဲ႕ တြက္ဆခ်က္အရေတာ့ ရွဥ့္ျဖဴဟာ အလြန္ရွားပါးၿပီး
ယူေကတစ္လႊားမွာ ေကာင္ေရ (၅၀)ထက္ မပုိႏုိင္ဘူးလုိ႔ သိရပါတယ္။
ဒါ့အျပင္ ရွားပါးရွဥ့္ျဖဴဟာ ရွင့္အေကာင္ေရ (၁)သိန္းမွာ ရွဥ့္ျဖဴ
တစ္ေကာင္ ပါဝင္ဖုိ႔ ခဲယဥ္းေၾကာင္း သိရပါတယ္။ အသက္(၄၈)ႏွစ္
အရြယ္ Matthew ဟာ ပေရာ္ဖက္ရွင္နယ္ ဓာတ္ပုံဆရာတစ္ေယာက္
မဟုတ္ေပမယ့္ ရွဥ့္ျဖဴေလးရဲ႕ဓာတ္ပုံေတြကုိေတာ့ ေကာင္းေကာင္းမြန္မြန္
ေဝေဝဆာဆာ ႐ုိက္ႏုိင္ခဲ့ပါတယ္။
Matthew က “ျမင္ျမင္ခ်င္းေတာ့ ကၽြန္ေတာ့္မ်က္လုံးေတာင္ ကၽြန္ေတာ္
မယုံႏုိင္ဘူး … သူက ကၽြန္ေတာ့္ေရွ႕က လမ္းေပၚကေန ျဖတ္ေျပးၿပီး
ဝက္သစ္ခ်ပင္ႀကီးေပၚကုိ တက္သြားတာ … လမ္းခုလက္မွာ (၄)မိနစ္
ေလာက္အထိ နားလုိက္ ေျပးလုိက္ ျမင္ေနရေသးတယ္ … ေနာက္ေတာ့
ေပ်ာက္သြားတယ္ “လုိ႔ ေျပာပါတယ္။
ရွဥ့္ျဖဴေတြကုိ Albino squirrel လုိ႔ ေခၚၾကၿပီး၊ Albino ဆုိတာ ေမြးရာပါ
မ်ိဳးဗီဇခ်ိဳ႕တဲ့ေသာ ေရာဂါတစ္မ်ိဳးျဖစ္ၿပီး အေရျပားထဲမွာ အေမြးေရာင္
ျခယ္ပစၥည္း (Pigment) မပါဝင္ျခင္းေၾကာင့္ အျဖဴေရာင္အေမြးေတြ
ကုိသာ ျဖစ္ေစပါတယ္။ ဒီလုိအေျခအေနမ်ိဳးကို လူတစ္ခ်ိဳ႕မွာလည္း
ခံစားရၿပီး၊ တစ္ခ်ိဳ႕က တစ္ကုိယ္လုံးက ထြက္တဲ့အေမြးမွာ
အျဖဴခ်ည္းသက္သက္ ျဖစ္တတ္သလုိ၊ တစ္ခ်ိဳ႕ကေတာ့ အနီေရာင္၊
ေရႊအုိေရာင္ စသျဖင့္ အေျခအေနခ်င္း ကြဲျပားတာေတြလည္း
ရွိႏုိင္ေၾကာင္း သိရပါတယ္။
ေနသူရိန္ (MyanmarNote)
source : dailymail.co.uk
=========================
အလွန်ရှားပါးတဲ့ ရှဉ့်ဖြူလေးကို
ဓာတ်ပုံမှတ်တမ်းတင်နိုင်ခဲ့တဲ့ အမျိုးသား
--------------------------------------------
Matthew Throup အမည်ရ အမျိုးသားတစ်ဦးဟာ အင်္ဂလန်နိုင်ငံ
Surrey ကောင်တီအတွင်းက ဝက်သစ်ချပင်ပေါ်မှာ အလွန်ရှားပါးတဲ့
ရှဉ့်ဖြူတစ်ကောင်ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အဆိုပါရှဉ့်ဖြူလေးက
မြို့ဆင်ခြေဖုံးအနီးက တောအုပ်စပ်ရှိ သစ်ပင်တစ်ပင်ပေါ်မှာ
မြူးတူးပျော်ပါးနေတာကို Matthew က မြင်တွေ့ခဲ့ရတာပါ။
Matthew ဟာ ဆောက်လုပ်ရေး လုပ်သားတစ်ဦးဖြစ်ပြီး သူဟာ
အရင်က တစ်ခါမှ ဒီလိုရှဉ့်ဖြူမျိုးကို မြင်တွေ့ခဲ့ဖူးခြင်းမရှိလို့
အတော်လေးကို အံ့သြဘနန်း ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ တွက်ဆချက်အရတော့ ရှဉ့်ဖြူဟာ အလွန်ရှားပါးပြီး
ယူကေတစ်လွှားမှာ ကောင်ရေ (၅၀)ထက် မပိုနိုင်ဘူးလို့ သိရပါတယ်။
ဒါ့အပြင် ရှားပါးရှဉ့်ဖြူဟာ ရှင့်အကောင်ရေ (၁)သိန်းမှာ ရှဉ့်ဖြူ
တစ်ကောင် ပါဝင်ဖို့ ခဲယဉ်းကြောင်း သိရပါတယ်။ အသက်(၄၈)နှစ်
အရွယ် Matthew ဟာ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ယောက်
မဟုတ်ပေမယ့် ရှဉ့်ဖြူလေးရဲ့ဓာတ်ပုံတွေကိုတော့ ကောင်းကောင်းမွန်မွန်
ဝေဝေဆာဆာ ရိုက်နိုင်ခဲ့ပါတယ်။
Matthew က “မြင်မြင်ချင်းတော့ ကျွန်တော့်မျက်လုံးတောင် ကျွန်တော်
မယုံနိုင်ဘူး … သူက ကျွန်တော့်ရှေ့က လမ်းပေါ်ကနေ ဖြတ်ပြေးပြီး
ဝက်သစ်ချပင်ကြီးပေါ်ကို တက်သွားတာ … လမ်းခုလက်မှာ (၄)မိနစ်
လောက်အထိ နားလိုက် ပြေးလိုက် မြင်နေရသေးတယ် … နောက်တော့
ပျောက်သွားတယ် “လို့ ပြောပါတယ်။
ရှဉ့်ဖြူတွေကို Albino squirrel လို့ ခေါ်ကြပြီး၊ Albino ဆိုတာ မွေးရာပါ
မျိုးဗီဇချို့တဲ့သော ရောဂါတစ်မျိုးဖြစ်ပြီး အရေပြားထဲမှာ အမွေးရောင်
ခြယ်ပစ္စည်း (Pigment) မပါဝင်ခြင်းကြောင့် အဖြူရောင်အမွေးတွေ
ကိုသာ ဖြစ်စေပါတယ်။ ဒီလိုအခြေအနေမျိုးကို လူတစ်ချို့မှာလည်း
ခံစားရပြီး၊ တစ်ချို့က တစ်ကိုယ်လုံးက ထွက်တဲ့အမွေးမှာ
အဖြူချည်းသက်သက် ဖြစ်တတ်သလို၊ တစ်ချို့ကတော့ အနီရောင်၊
ရွှေအိုရောင် စသဖြင့် အခြေအနေချင်း ကွဲပြားတာတွေလည်း
ရှိနိုင်ကြောင်း သိရပါတယ်။
နေသူရိန် (MyanmarNote)
source : dailymail.co.uk
No comments:
Post a Comment