ရေသ့ၾကီးလုိ " စိတ္ '' ထားပါ
**********************
တခါက ျမစ္ကမ္းစပ္တစ္ခုမွာ
ရေသ့ႀကီးတစ္ပါး ေရခ်ဳိးေနတယ္ အဲ့ဒီအခ်ိန္မွာ
ကင္းျမီးေကာက္ တစ္ေကာင္ဟာ
ထင္းေခ်ာင္းေလးတစ္ေခ်ာင္းကုိဖတ္ၿပီး ေရေမ်ာလာတယ္ ။
ရေသ့ႀကီးက ကင္းျမီးေကာက္ေလးကုိ ျမင္ေတာ့
လက္နဲ႔ဆယ္ယူလုိက္တယ္
ဒါေပမဲ့ ကင္းျမီးေကာက္က အျမီးနဲ႔ထုိးတယ္
ရေသ့က ျပန္ၿပီးလႊတ္ခ်လုိက္တယ္ ။
တခါျပန္ဆယ္တယ္ ကင္းျမီးေကာက္က ထပ္ထုိးတယ္
ရေသ့ၾကီးက ျပန္လႊတ္ခ်လုိက္တယ္
ဒီလုိနဲ႔ သုံးခါေလာက္ ဆယ္လုိက္ လႊတ္ခ်လုိက္နဲ႔
ေနာက္ဆုံးေတာ့ ကင္းျမီးေကာက္ေလးဟား
ကမ္းေပၚကုိေရာက္ၿပီး အသက္ေဘးမွလြတ္သြားခဲ႔တယ္ ။
ဒီလုိဆယ္လုိက္လႊတ္ခ်လုိက္ ဆယ္လုိက္လႊတ္ခ်လုိက္နဲ႔ လုပ္ေနတဲ႔
ရေသ့ႀကီးကုိ ကမ္းေပၚကလူတစ္ေယာက္က ၾကည့္ၿပီး
ရေသ့ႀကီးကုိ ေျပာတယ္ ။
'' အ႐ွင္ရေသ့ ကုိယ့္ကုိဒီေလာက္ အျမီးနဲ႔ထုိးေနတဲ့ကင္းျမီးေကာက္ကုိ
ဘာလုိ႔ကယ္ေနတာလဲ သူဟာသူ ေသေသျပစ္ထားလုိက္ပါ့လား''
လုိ႔ေျပာေတာ့ ... ရေသ့ႀကီးက
'' ဒကာ ကင္းျမီးေကာက္ တုိ႔သေဘာက
သူတစ္ပါးကုိ ထုိးတဲ့အလုပ္ ငါကသူတစ္ပါးကုိ ကယ္တဲ့အလုပ္
သူလည္းသူ႔အလုပ္သူလုပ္တာပဲ ငါလည္းငါ့အလုပ္ငါလုပ္တာပဲ
အခုေတာ့ သူ႔အလုပ္လည္းၿပီးသြားၿပီ ငါအလုပ္လည္း ျပီးသြားပါျပီ ။
**********************
ကြၽန္ုပ္တုိ႔လူ႔ေလာကႀကီးမွာလည္း ကင္းျမီးေကာက္ လုိလူေတြ
အမ်ားႀကီးပါ ဒါေၾကာင့္ သူတုိ႔ဟာ သူတုိ႔အလုပ္
သူတုိ႔လုပ္ပါလိပ္မယ္ ကုိယ္ကကုိယ့္ရဲ႕
ကုသုိလ္အလုပ္ကုိမပ်က္ေစနဲ႔
ဥပမာ
ဘုရား႐ွိခုိးတာတုိ႔ တရားနာတာတုိ႔ ဆြမ္းေလာင္းတာတုိ႔
ဘာပဲလုပ္လုပ္ေပါ့ အဲ့လုိ႔လုပ္တဲ့ အခါေတြမွာ
အခ်ဳိ႕က ဟာမုိးေတြရြားေတာ့မယ္ နိဗၺာန္ေရာက္ေတာ့မယ္
နတ္ျပည္ေတာ့ ေရာက္ေတာ့မွာ စသည္ျဖင့္ေပါ့
ရြဲ႕သလုိလုိ စသလုိလုိနဲ႔ ေျပာတတ္ၾကတယ္
အဲ့ဒါ ကင္းျမီးေကာက္ လုိလူေတြလုိ႔ သေဘာထားျပီး
သူတုိ႔စကားကုိ ဂ႐ုမစုိက္ပဲ
ရေသ့ျကီးလုိ ကုိယ့္အလုပ္ကုိယ္ လုပ္ႏုိင္ေအာင္ ၾကဳိးစားပါ
ဒါမွကုိယ့္အလုပ္ၿပီးျပီး ကုိယ္ေရာက္ခ်င္တဲ႔ ပန္းတုိင္ကုိ
ေရာက္မွာျဖစ္ပါတယ္ ။
.
credit.ဓမၼရတနာ page to
ဓမၼမာမက
============================
ရသေ့ကြီးလို " စိတ် '' ထားပါ
**********************
တခါက မြစ်ကမ်းစပ်တစ်ခုမှာ
ရသေ့ကြီးတစ်ပါး ရေချိုးနေတယ် အဲ့ဒီအချိန်မှာ
ကင်းမြီးကောက် တစ်ကောင်ဟာ
ထင်းချောင်းလေးတစ်ချောင်းကိုဖတ်ပြီး ရေမျောလာတယ် ။
ရသေ့ကြီးက ကင်းမြီးကောက်လေးကို မြင်တော့
လက်နဲ့ဆယ်ယူလိုက်တယ်
ဒါပေမဲ့ ကင်းမြီးကောက်က အမြီးနဲ့ထိုးတယ်
ရသေ့က ပြန်ပြီးလွှတ်ချလိုက်တယ် ။
တခါပြန်ဆယ်တယ် ကင်းမြီးကောက်က ထပ်ထိုးတယ်
ရသေ့ကြီးက ပြန်လွှတ်ချလိုက်တယ်
ဒီလိုနဲ့ သုံးခါလောက် ဆယ်လိုက် လွှတ်ချလိုက်နဲ့
နောက်ဆုံးတော့ ကင်းမြီးကောက်လေးဟား
ကမ်းပေါ်ကိုရောက်ပြီး အသက်ဘေးမှလွတ်သွားခဲ့တယ် ။
ဒီလိုဆယ်လိုက်လွှတ်ချလိုက် ဆယ်လိုက်လွှတ်ချလိုက်နဲ့ လုပ်နေတဲ့
ရသေ့ကြီးကို ကမ်းပေါ်ကလူတစ်ယောက်က ကြည့်ပြီး
ရသေ့ကြီးကို ပြောတယ် ။
'' အရှင်ရသေ့ ကိုယ့်ကိုဒီလောက် အမြီးနဲ့ထိုးနေတဲ့ကင်းမြီးကောက်ကို
ဘာလို့ကယ်နေတာလဲ သူဟာသူ သေသေပြစ်ထားလိုက်ပါ့လား''
လို့ပြောတော့ ... ရသေ့ကြီးက
'' ဒကာ ကင်းမြီးကောက် တို့သဘောက
သူတစ်ပါးကို ထိုးတဲ့အလုပ် ငါကသူတစ်ပါးကို ကယ်တဲ့အလုပ်
သူလည်းသူ့အလုပ်သူလုပ်တာပဲ ငါလည်းငါ့အလုပ်ငါလုပ်တာပဲ
အခုတော့ သူ့အလုပ်လည်းပြီးသွားပြီ ငါအလုပ်လည်း ပြီးသွားပါပြီ ။
**********************
ကျွန်ုပ်တို့လူ့လောကကြီးမှာလည်း ကင်းမြီးကောက် လိုလူတွေ
အများကြီးပါ ဒါကြောင့် သူတို့ဟာ သူတို့အလုပ်
သူတို့လုပ်ပါလိပ်မယ် ကိုယ်ကကိုယ့်ရဲ့
ကုသိုလ်အလုပ်ကိုမပျက်စေနဲ့
ဥပမာ
ဘုရားရှိခိုးတာတို့ တရားနာတာတို့ ဆွမ်းလောင်းတာတို့
ဘာပဲလုပ်လုပ်ပေါ့ အဲ့လို့လုပ်တဲ့ အခါတွေမှာ
အချို့က ဟာမိုးတွေရွားတော့မယ် နိဗ္ဗာန်ရောက်တော့မယ်
နတ်ပြည်တော့ ရောက်တော့မှာ စသည်ဖြင့်ပေါ့
ရွဲ့သလိုလို စသလိုလိုနဲ့ ပြောတတ်ကြတယ်
အဲ့ဒါ ကင်းမြီးကောက် လိုလူတွေလို့ သဘောထားပြီး
သူတို့စကားကို ဂရုမစိုက်ပဲ
ရသေ့ကြီးလို ကိုယ့်အလုပ်ကိုယ် လုပ်နိုင်အောင် ကြိုးစားပါ
ဒါမှကိုယ့်အလုပ်ပြီးပြီး ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို
ရောက်မှာဖြစ်ပါတယ် ။
.
credit.ဓမ္မရတနာ page to
ဓမ္မမာမက
No comments:
Post a Comment