ယုန္ေတြရဲ႕ ေဆာ္ပေလာ္တီးျခင္းကို ခံခဲ့ရတဲ့
စစ္ဘုရင္ႀကီး နပုိလီယန္ - Thutazone
------------------------------------------------
နပိုလီယန္ ဘယ္မွာရႈံးခဲ့သလဲ ဆုိရင္ ရုရွားကိုရႈံးခဲ့ျခင္း နဲ႔ ၀ါတာလူး
စစ္္ပြဲေတြမွာရႈံးခဲ့ျခင္း ဆုိတာကိုေတာ့ အမ်ားစုသိၿပီးျဖစ္မွာပါ။ အမ်ားစု
မသိၾကတာကေတာ့ နပုိလီယန္ဟာ နယ္ေျမေပါင္းမ်ားစြာကို သိမ္းပိုက္ၿပီး
စစ္ဘုရင္ျဖစ္ေနခ်ိန္မွာ ယုန္ေတြရဲ႕ တုိက္ခုိက္ျခင္းကုိ မရႈ႕မလွခံဖူးတယ္
ဆုိတာပါပဲ။ ဒီအျဖစ္အပ်က္ျဖစ္ခဲ့တာေတာ့ ၁၈၀၇ ခုႏွစ္၀န္းက်င္
ျပင္သစ္အင္ပါယာ နဲ႔ ရုရွားတုိ႔အၾကား Tilsit စစ္ေျပၿငိမ္းေရးစာခ်ဳပ္
ေအာင္ျမင္စြာခ်ဳပ္ဆုိႏုိင္ခဲ့ခ်ိန္မွာျဖစ္ပါတယ္။
ေအာင္ျမင္စြာ စာခ်ဳပ္ခ်ဳပ္ဆုိႏုိင္ခဲ့တဲ့ အထိမ္းအမွတ္အေနနဲ႔
နပုိလီယန္ဟာ သူ႔ရဲ႕မိတ္ေဆြတခ်ဳိ႕နဲ႔ အတူ ယုန္ပစ္ပြဲေတာ္ က်င္းပ
ခ်င္တယ္ လုိ႔ဆုိတယ္။ ဒါေၾကာင့္ ယုန္ေတြကုိ အမဲလုိက္ဖုိ႔အတြက္
သူ႔ရဲ႕စစ္ဦးစီးခ်ဳပ္ Berthier ကုိ စီစဥ္ခုိင္းတယ္။ Berthier ကလည္း
တုိက္ပြဲတုိင္းေအာင္ျမင္ေနတဲ့ စစ္ဘုရင္ႀကီးနပုိလီယန္အတြက္
ယုန္လုိက္ပြဲကုိ စီစဥ္ရေတာ့တယ္။ ယုန္ပစ္ပြဲေတာ္က်င္းပမယ့္
ေျမေနရာကို အရင္ရွာတယ္။ ရသမွ်ေနရာက ယုန္ေတြကုိ ရွာယူေစ
ခဲ့ပါတယ္။ ယုန္ေပါင္း အေကာင္ ၃ေထာင္ခန္႔ရလာၿပီး ေလွာင္အိမ္ေတြ
ထဲမွာ ထည့္ထားလုိက္ေတာ့တယ္။
ယုန္လုိက္ပြဲေန႔ေရာက္တဲ့အခါမွာ Berthier ရဲ႕ လူေတြဟာ ကြင္းထဲမွာ
ယုန္ထည့္ထားတဲ့ ေလွာင္အိမ္္ေတြကို ေနရာခ်လုိက္ၾကတယ္။ အဲဒီေနာက္
မၾကာခင္မွာပဲ နပုိလီယန္ဟာ သူဖိတ္ထားတဲ့ မိတ္ေဆြတခ်ဳိ႕နဲ႔အတူ
ေရာက္လာၿပီး ယုန္အမဲလုိက္ပြဲ စလုိ႔ရၿပီလုိ႔ေျပာလုိက္တယ္။ နပုိလီယန္ရဲ႕
အမိန္႔ရတာနဲ႔ Berthier ဟာ သူ႔ရဲ႕လူေတြကို အခ်က္ေပးလုိက္တယ္။
ေလွာင္အိမ္ေဘးမွာ အသင့္ေစာင့္ေနၾကတ့ Berthier ရဲ႕လူေတြဟာ
ယုန္ေလွာင္အိမ္ေတြကို တစ္ၿပဳိင္နက္ ဖြင့္လုိက္ၾကေတာ့တယ္။
အားလုံးထင္ထားတာကေတာ့ ေလွာင္အိမ္ထဲက လြတ္လာတဲ့ယုန္ေတြ
ဟာ ကြင္းျပင္ကေန ေတာထဲကို၀င္ေျပးမယ္ ၊ သူတုိ႔ကေနာက္က
လုိက္ဖမ္းမယ္ေပါ့။ ဒါေပမယ့္ တကယ္တမ္းေတာ့ ဒီလုိျဖစ္မလာပါဘူး။
မ်ားျပားလြန္းတဲ့ ယုန္ေတြဟာ ေလွာင္အိမ္က လြတ္တာနဲ႔ ေတာထဲကုိ
မေျပးပဲ လူအုပ္ရွိရာကို အလုံးလုိက္အရင္းလုိက္ ေျပး၀င္လာပါတယ္။
အစပိုင္းမွာေတာ့ နပုိလီယန္ နဲ႔ သူ႔အဖြဲ႔ေတြဟာ ယုန္ေတြ၀င္လာတာကို
ၾကည့္ၿပီး သေဘာက်တယ္ ၊ ရယ္ၾကတယ္။ ဒါေပမယ့္ သူတုိ႔ ၾကာၾကာ
မရယ္ႏုိင္ပါဘူး။ ရာေပါင္းမ်ားစြာေသာ ယုန္ေတြဟာ ဆင့္ကာဆင့္ကာ
၀င္လာလုိ႔ပါ။
ဘယ္ညာ ေတာင္ပံႏွစ္ဘက္ကေန စုၿပဳံ၀င္လာတဲ့ ယုန္တပ္ႀကီးကုိ
နပုိလီယန္ရဲ႕ စစ္သားေတြမကာကြယ္ႏုိင္ခဲ့ပါဘူး။ ယုန္ေလးေကာင္ဟာ
နပုိလီယန္ရဲ႕ ကိုယ္ေပၚကို တက္ကုိက္ပါတယ္။ အနီးကပ္ျဖစ္တဲ့အတြက္
စစ္ဘုရင္ႀကီး နပုိလီယန္ခဗ်ာ ဓားနဲ႔ခုတ္မရ ၊ ေသနတ္နဲ႔ပစ္မရတဲ့
အေျခအေန ေရာက္ခဲ့ပါတယ္။ တြန္းထုိးခါခ်ေပမယ့္ ထပ္ကာထပ္ကာ
ယုန္ေတြက တုိက္ခုိက္လာတဲ့အတြက္ေၾကာင့္ ရုပ္ပ်က္ဆင္းပ်က္
ကုိယ့္ကုိယ္ကုိ ကြာကြယ္ရတဲ့ အေနအထား ေရာက္သြားပါတယ္။
သူ႔ရဲ႕စစ္သားေတြကုိယ္တုိင္က ယုန္ေတြရဲ႕တုိက္ခုိက္ျခင္းကုိ ခံေနရတာ
ေၾကာင့္ နပုိလီယန္ကို လာမကူႏုိင္ခဲ့ပါဘူး။ အခ်ိန္အနည္းငယ္ၾကာမွ
ကုိယ္ရံေတာ္တပ္သားေတြဟာ နပုိလီယန္ကို ကူညီလာႏုိင္တဲ့အတြက္
ယုန္တုိက္ခုိက္မႈကေန လြတ္ခဲ့ရပါတယ္။
နပုိလီယန္ကုိယ္တုိင္ အကၤ်ီေဘာင္းဘီမ်ား စုတ္ျပတ္သြားေအာင္
အတုိက္ခုိက္ခံခဲ့ရၿပီး က်န္တဲ့သူမ်ားလည္း မသက္သာခဲ့ပါေခ်။
နပုိလီယန္ဟာ အလွ်င္အျမန္ပဲသူ႔ရဲ႕ရထားလုံးရွိရာကို ေျပးၿပီး ရထား
အိမ္ထဲကုိ၀င္ခဲ့ပါတယ္။ ဒါေတာင္ ယုန္ေတြဟာ ရထားလုံးေပၚကုိ
ခုန္တက္လာတဲ့အတြက္ ကုိယ္ရံေတာ္ေတြ ကာကြယ္ခဲ့ရပါတယ္။
ရထားလုံးသမားက ရထားလုံးကို ေမာင္းထြက္လိုက္ေတာ့မွ
နပုိလီယန္ဟာ ယုန္အုပ္နဲ႔ လြတ္ရာကိုေရာက္ရွိသြားပါေတာ့တယ္။
တုိက္ပြဲေပါင္းမ်ားစြာကို ေအာင္ျမင္စြာတုိက္ခိုက္ႏုိင္ခဲ့တဲ့ နပုိလီယန္နဲ႔
သူ႔ရဲစစ္ဗုိလ္ခ်ဳပ္ႀကီးေတြဟာ ယုန္ေတြနဲ႔ေတြ႔မွ အရွက္ကြဲပါေတာ့တယ္။
ေနာက္ဆုံးယုန္ေတြကုိ အင္အားသုံးကာ ေသနတ္ေတြနဲ႔ ပစ္ခတ္ေတာ့မွ
ယုန္အုပ္ႀကီးဟာ ေတာထဲကို ၀င္ေျပးသြားပါေတာ့တယ္။ ေပ်ာ္ပြဲက်င္းပဖုိ႔
လာတဲ့ နပုိလီယန္ ဟာ အေတာ္ေလးစိတ္ပ်က္သြားခဲ့တယ္ လုိ႔ဆုိပါတယ္။
တကယ္ေတာ့ ဒီလုိျဖစ္ရျခင္း အေၾကာင္းဟာ စစ္ဦးစီးခ်ဳပ္ Berthier
ေၾကာင့္လုိ႔ ဆုိႏုိင္ပါတယ္။ Berthier ဟာ ယုန္ေတြကုိ စုေဆာင္းရာမွာ
ေတာထဲကဖမ္းယူျခင္းမဟုတ္ပဲ လယ္သမားေတြဆီကေန တဆင့္၀ယ္
ခဲ့လုိ႔ျဖစ္ပါတယ္။ ဒါေၾကာင့္ လူေတြနဲ႔ ရင္းႏွီးေနတဲ့ယုန္ေတြဟာ
နပုိလီယန္တုိ႔အဖြဲ႔ကို အမဲလုိက္မယ့္ မုဆုိးေတြလုိ႔ မျမင္ပဲ အစာေကြ်း
မယ့္သူေတြလုိ႔ ထင္မွတ္ကာ ၀ုိင္း၀န္းဖက္တြယ္ရာကေန ဓားေတြ
ေသနတ္ေတြနဲ႔ ခုခံမႈေၾကာင့္ အျပန္အလွန္တုိက္ခုိက္သလုိ
ျဖစ္သြားရျခင္းျဖစ္ပါတယ္။
ဒီျဖစ္ရပ္ကေတာ့ အရႈံးမေတြ႔ဖူးေသးတဲ့ နပုိလီယန္ဟာ အရႈံးကို
ပထမဆုံးစိတ္ပ်က္ဖြယ္ရာ ႀကဳံခဲ့ရတဲ့ ရွားရွားပါးပါးျဖစ္ရပ္တစ္ခု
ျဖစ္ခဲ့တာေၾကာင့္ သုတဇုန္မိတ္ေဆြမ်ားအတြက္ ဗဟုသုတအေနနဲ႔
မွ်ေ၀လုိက္ျခင္းျဖစ္ပါတယ္။
( ဒီေနရာမွာ ယုန္ေတြဟာ သာမန္ယုန္ငယ္ေလးေတြမဟုတ္ပဲ ၊
hare လုိ႔ေခၚတဲ့ ေျခတံရွည္ေတာယုန္ႀကီး အမ်ဳိးအစားေတြျဖစ္ပါတယ္)
source:thutazone
http://mentalfloss.com/article/51364/time-napoleon-was-attacked-rabbits
https://unrealfacts.com/napoleon-attacked-rabbits-lost/
============================
ယုန်တွေရဲ့ ဆော်ပလော်တီးခြင်းကို ခံခဲ့ရတဲ့
စစ်ဘုရင်ကြီး နပိုလီယန် - Thutazone
------------------------------------------------
နပိုလီယန် ဘယ်မှာရှုံးခဲ့သလဲ ဆိုရင် ရုရှားကိုရှုံးခဲ့ခြင်း နဲ့ ဝါတာလူး
စစ်ပွဲတွေမှာရှုံးခဲ့ခြင်း ဆိုတာကိုတော့ အများစုသိပြီးဖြစ်မှာပါ။ အများစု
မသိကြတာကတော့ နပိုလီယန်ဟာ နယ်မြေပေါင်းများစွာကို သိမ်းပိုက်ပြီး
စစ်ဘုရင်ဖြစ်နေချိန်မှာ ယုန်တွေရဲ့ တိုက်ခိုက်ခြင်းကို မရှု့မလှခံဖူးတယ်
ဆိုတာပါပဲ။ ဒီအဖြစ်အပျက်ဖြစ်ခဲ့တာတော့ ၁၈၀၇ ခုနှစ်ဝန်းကျင်
ပြင်သစ်အင်ပါယာ နဲ့ ရုရှားတို့အကြား Tilsit စစ်ပြေငြိမ်းရေးစာချုပ်
အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့ချိန်မှာဖြစ်ပါတယ်။
အောင်မြင်စွာ စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့
နပိုလီယန်ဟာ သူ့ရဲ့မိတ်ဆွေတချို့နဲ့ အတူ ယုန်ပစ်ပွဲတော် ကျင်းပ
ချင်တယ် လို့ဆိုတယ်။ ဒါကြောင့် ယုန်တွေကို အမဲလိုက်ဖို့အတွက်
သူ့ရဲ့စစ်ဦးစီးချုပ် Berthier ကို စီစဉ်ခိုင်းတယ်။ Berthier ကလည်း
တိုက်ပွဲတိုင်းအောင်မြင်နေတဲ့ စစ်ဘုရင်ကြီးနပိုလီယန်အတွက်
ယုန်လိုက်ပွဲကို စီစဉ်ရတော့တယ်။ ယုန်ပစ်ပွဲတော်ကျင်းပမယ့်
မြေနေရာကို အရင်ရှာတယ်။ ရသမျှနေရာက ယုန်တွေကို ရှာယူစေ
ခဲ့ပါတယ်။ ယုန်ပေါင်း အကောင် ၃ထောင်ခန့်ရလာပြီး လှောင်အိမ်တွေ
ထဲမှာ ထည့်ထားလိုက်တော့တယ်။
ယုန်လိုက်ပွဲနေ့ရောက်တဲ့အခါမှာ Berthier ရဲ့ လူတွေဟာ ကွင်းထဲမှာ
ယုန်ထည့်ထားတဲ့ လှောင်အိမ်တွေကို နေရာချလိုက်ကြတယ်။ အဲဒီနောက်
မကြာခင်မှာပဲ နပိုလီယန်ဟာ သူဖိတ်ထားတဲ့ မိတ်ဆွေတချို့နဲ့အတူ
ရောက်လာပြီး ယုန်အမဲလိုက်ပွဲ စလို့ရပြီလို့ပြောလိုက်တယ်။ နပိုလီယန်ရဲ့
အမိန့်ရတာနဲ့ Berthier ဟာ သူ့ရဲ့လူတွေကို အချက်ပေးလိုက်တယ်။
လှောင်အိမ်ဘေးမှာ အသင့်စောင့်နေကြတ့ Berthier ရဲ့လူတွေဟာ
ယုန်လှောင်အိမ်တွေကို တစ်ပြိုင်နက် ဖွင့်လိုက်ကြတော့တယ်။
အားလုံးထင်ထားတာကတော့ လှောင်အိမ်ထဲက လွတ်လာတဲ့ယုန်တွေ
ဟာ ကွင်းပြင်ကနေ တောထဲကိုဝင်ပြေးမယ် ၊ သူတို့ကနောက်က
လိုက်ဖမ်းမယ်ပေါ့။ ဒါပေမယ့် တကယ်တမ်းတော့ ဒီလိုဖြစ်မလာပါဘူး။
များပြားလွန်းတဲ့ ယုန်တွေဟာ လှောင်အိမ်က လွတ်တာနဲ့ တောထဲကို
မပြေးပဲ လူအုပ်ရှိရာကို အလုံးလိုက်အရင်းလိုက် ပြေးဝင်လာပါတယ်။
အစပိုင်းမှာတော့ နပိုလီယန် နဲ့ သူ့အဖွဲ့တွေဟာ ယုန်တွေဝင်လာတာကို
ကြည့်ပြီး သဘောကျတယ် ၊ ရယ်ကြတယ်။ ဒါပေမယ့် သူတို့ ကြာကြာ
မရယ်နိုင်ပါဘူး။ ရာပေါင်းများစွာသော ယုန်တွေဟာ ဆင့်ကာဆင့်ကာ
ဝင်လာလို့ပါ။
ဘယ်ညာ တောင်ပံနှစ်ဘက်ကနေ စုပြုံဝင်လာတဲ့ ယုန်တပ်ကြီးကို
နပိုလီယန်ရဲ့ စစ်သားတွေမကာကွယ်နိုင်ခဲ့ပါဘူး။ ယုန်လေးကောင်ဟာ
နပိုလီယန်ရဲ့ ကိုယ်ပေါ်ကို တက်ကိုက်ပါတယ်။ အနီးကပ်ဖြစ်တဲ့အတွက်
စစ်ဘုရင်ကြီး နပိုလီယန်ခဗျာ ဓားနဲ့ခုတ်မရ ၊ သေနတ်နဲ့ပစ်မရတဲ့
အခြေအနေ ရောက်ခဲ့ပါတယ်။ တွန်းထိုးခါချပေမယ့် ထပ်ကာထပ်ကာ
ယုန်တွေက တိုက်ခိုက်လာတဲ့အတွက်ကြောင့် ရုပ်ပျက်ဆင်းပျက်
ကိုယ့်ကိုယ်ကို ကွာကွယ်ရတဲ့ အနေအထား ရောက်သွားပါတယ်။
သူ့ရဲ့စစ်သားတွေကိုယ်တိုင်က ယုန်တွေရဲ့တိုက်ခိုက်ခြင်းကို ခံနေရတာ
ကြောင့် နပိုလီယန်ကို လာမကူနိုင်ခဲ့ပါဘူး။ အချိန်အနည်းငယ်ကြာမှ
ကိုယ်ရံတော်တပ်သားတွေဟာ နပိုလီယန်ကို ကူညီလာနိုင်တဲ့အတွက်
ယုန်တိုက်ခိုက်မှုကနေ လွတ်ခဲ့ရပါတယ်။
နပိုလီယန်ကိုယ်တိုင် အင်္ကျီဘောင်းဘီများ စုတ်ပြတ်သွားအောင်
အတိုက်ခိုက်ခံခဲ့ရပြီး ကျန်တဲ့သူများလည်း မသက်သာခဲ့ပါချေ။
နပိုလီယန်ဟာ အလျှင်အမြန်ပဲသူ့ရဲ့ရထားလုံးရှိရာကို ပြေးပြီး ရထား
အိမ်ထဲကိုဝင်ခဲ့ပါတယ်။ ဒါတောင် ယုန်တွေဟာ ရထားလုံးပေါ်ကို
ခုန်တက်လာတဲ့အတွက် ကိုယ်ရံတော်တွေ ကာကွယ်ခဲ့ရပါတယ်။
ရထားလုံးသမားက ရထားလုံးကို မောင်းထွက်လိုက်တော့မှ
နပိုလီယန်ဟာ ယုန်အုပ်နဲ့ လွတ်ရာကိုရောက်ရှိသွားပါတော့တယ်။
တိုက်ပွဲပေါင်းများစွာကို အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တဲ့ နပိုလီယန်နဲ့
သူ့ရဲစစ်ဗိုလ်ချုပ်ကြီးတွေဟာ ယုန်တွေနဲ့တွေ့မှ အရှက်ကွဲပါတော့တယ်။
နောက်ဆုံးယုန်တွေကို အင်အားသုံးကာ သေနတ်တွေနဲ့ ပစ်ခတ်တော့မှ
ယုန်အုပ်ကြီးဟာ တောထဲကို ဝင်ပြေးသွားပါတော့တယ်။ ပျော်ပွဲကျင်းပဖို့
လာတဲ့ နပိုလီယန် ဟာ အတော်လေးစိတ်ပျက်သွားခဲ့တယ် လို့ဆိုပါတယ်။
တကယ်တော့ ဒီလိုဖြစ်ရခြင်း အကြောင်းဟာ စစ်ဦးစီးချုပ် Berthier
ကြောင့်လို့ ဆိုနိုင်ပါတယ်။ Berthier ဟာ ယုန်တွေကို စုဆောင်းရာမှာ
တောထဲကဖမ်းယူခြင်းမဟုတ်ပဲ လယ်သမားတွေဆီကနေ တဆင့်ဝယ်
ခဲ့လို့ဖြစ်ပါတယ်။ ဒါကြောင့် လူတွေနဲ့ ရင်းနှီးနေတဲ့ယုန်တွေဟာ
နပိုလီယန်တို့အဖွဲ့ကို အမဲလိုက်မယ့် မုဆိုးတွေလို့ မမြင်ပဲ အစာကျွေး
မယ့်သူတွေလို့ ထင်မှတ်ကာ ဝိုင်းဝန်းဖက်တွယ်ရာကနေ ဓားတွေ
သေနတ်တွေနဲ့ ခုခံမှုကြောင့် အပြန်အလှန်တိုက်ခိုက်သလို
ဖြစ်သွားရခြင်းဖြစ်ပါတယ်။
ဒီဖြစ်ရပ်ကတော့ အရှုံးမတွေ့ဖူးသေးတဲ့ နပိုလီယန်ဟာ အရှုံးကို
ပထမဆုံးစိတ်ပျက်ဖွယ်ရာ ကြုံခဲ့ရတဲ့ ရှားရှားပါးပါးဖြစ်ရပ်တစ်ခု
ဖြစ်ခဲ့တာကြောင့် သုတဇုန်မိတ်ဆွေများအတွက် ဗဟုသုတအနေနဲ့
မျှဝေလိုက်ခြင်းဖြစ်ပါတယ်။
( ဒီနေရာမှာ ယုန်တွေဟာ သာမန်ယုန်ငယ်လေးတွေမဟုတ်ပဲ ၊
hare လို့ခေါ်တဲ့ ခြေတံရှည်တောယုန်ကြီး အမျိုးအစားတွေဖြစ်ပါတယ်)
source:thutazone
http://mentalfloss.com/article/51364/time-napoleon-was-attacked-rabbits
No comments:
Post a Comment