ေခတ္မီသူတိုင္း လိုက္နာသင့္တဲ့
၂၀-၂၀-၂၀ စည္းမ်ဥ္း ...
----------------------------------
❒ ဒီေန႔ေခတ္မွာ ဘယ္သူေတြကို ေခတ္မီတယ္လို႔ ေျပာရင္
သင့္ေတာ္မလဲ။ သင့္ရဲ့ မ်က္လုံးေတြဟာ အခ်ိန္နဲ႔အမၽွ ကြန္ပ်ဴတာ၊
မိုဘိုင္းဖုန္း ဒါမွမဟုတ္ တက္ဘလက္ မ်က္ႏွာျပင္တစ္ခုခုေပၚမွာ
အာ႐ုံစိုက္ေနမယ္ ဆိုရင္ေတာ့ သင့္ကို ေခတ္ မီသူလို႔ေျပာရင္
မွားမယ္မထင္ပါဘူး။ ဒါဆိုရင္ေတာ့ ဒီနိုင္ငံမွာ ေခတ္မီသူေတြ
အေတာ္မ်ားေနၿပီလို႔ ေျပာရ ပါလိမ့္မယ္။ ကဲ၊ေခတ္မီသူေတြထဲမွာ
ဒီစာကိုဖတ္ေနတဲ့ သင္လည္းပါေနၿပီဆိုေတာ့ သင့္ရဲ့ တန္ဖိုးရွိလွတဲ့
အလင္းတံခါးပိုင္ရွင္ မဟူရာမ်က္လုံးေတြ ေညာင္းညာတာကို
ကာကြယ္ဖို႔အတြက္ စည္းမ်ဥ္းတစ္ခုကို လိုက္နာ သင့္တယ္လို႔ အႀကံ
ျပဳပါရေစ။ အဲဒီစည္းမ်ဥ္းကေတာ့၂၀-၂၀-၂၀စဥ္းမ်ဥ္းပဲျဖစ္ပါတယ္။
ဒီစည္းမ်ဥ္းက လိုက္နာဖို႔မခက္ပါဘူး။ အထက္ကေျပာခဲ့တဲ့
အသုံးအေဆာင္ကိရိယာတစ္ခုခုကို မိနစ္ ၂၀ ၾကာသုံးၿပီးတိုင္း
ေပ ၂၀ အကြာအေဝးကို စကၠန႔္၂၀ ၾကာၾကည့္ဖို႔ပဲျဖစ္ပါတယ္။
ဒီစည္းမ်ဥ္းကို စတင္ခ်မွတ္ခဲ့သူကေတာ့ ကာလီဖိုးနီးယား က
မ်က္လုံးနဲ႔အလင္းဆိုင္ရာ ကၽြမ္းက်င္သူ ေဒါက္တာ Jeffrey Anshel ပဲ
ျဖစ္ပါတယ္။
ဒီစည္းမ်ဥ္းနဲ႔ပတ္သက္ၿပီး သိပၸံနည္းက် စူးစမ္းေလ့လာမႈေတြ
နည္းေပမယ့္ အေမရိကန္ မ်က္လုံးနဲ႔ အျမင္ဆိုင္ရာ ေဆးပညာရွင္
အဖြဲ႕ေတြကေတာ့ မ်က္စိေညာင္းတာကို သက္သာေစဖို႔ ဒီစည္းမ်ဥ္းကို
ညႊန္းဆိုၾကပါတယ္။
၂၀၁၃ ခုႏွစ္မွာ တကၠသိုလ္ေက်ာင္းသား ၇၉၅ ဦးကို
ေလ့လာေတြ႕ရွိခ်က္အရ ကြန္ပ်ဴတာ မ်က္ႏွာျပင္ကေန
အေဝးကိုၾကည့္တာမ်ိဳးကို အခ်ိန္မွန္လုပ္တဲ့သူေတြဟာ
ကြန္ပ်ဴတာေၾကာင့္ျဖစ္တတ္တဲ့ မ်က္လုံးျပသနာေတြကို
ေလ်ာ့ က်ေစနိုင္တယ္လို႔ ဆိုပါတယ္။ ကြန္ပ်ဴတာ၊ မိုဘိုင္းဖုန္း
ဒါမွမဟုတ္ တက္ဘလက္လိုပစၥည္းမ်ိဳးကို အခ်ိန္နဲ႔အမၽွ သုံးစြဲ
ေနရသူေတြမွာ မ်က္လုံးနဲ႔ပတ္သက္ၿပီး ေအာက္ပါေဝဒနာေတြကို
ခံစားရတတ္ပါတယ္။
- မ်က္ရည္ယိုမယ္။
- မ်က္လုံးဝါးမယ္။
- မ်က္လုံးက်ိန္းစပ္မယ္။
- ေခါင္းကိုက္မယ္။
- မ်က္လုံးနီမယ္။
ဒီစည္းမ်ဥ္းအျပင္ေနာက္ထပ္ မ်က္လုံးကို သက္သာေစတဲ့
နည္းတစ္ခ်ိဳ႕ကိုလည္း မၽွေဝပါရေစ။အဲဒါေတြကေတာ့၊
- ေဘးထြက္ဆိုးက်ိဳးမရွိတဲ့ မ်က္စဥ္းခပ္ေဆးကို သုံးနိုင္ပါတယ္။
- ကြန္ပ်ဴတာ မ်က္ႏွာျပင္ရဲ့ ေနာက္ခံအေရာင္ကို အျဖဴကေန
အနက္ကိုေျပာင္းသုံးၿပီး စာလုံးအရြယ္အစားကို ႀကီးေအာင္
Setting ကိုေျပာင္းသုံးပါ။
- မ်က္ႏွာျပင္ေတာက္ပမွုကို ေလၽွာ့ခ်ပါ။
- အလင္းေရာင္ေပၚမူတည္ၿပီး မ်က္ႏွာျပင္ရဲ့
ရွင္းလင္းျမင္သာမွုကို ခ်ိန္ညႇိပါ။
- မ်က္လုံးကို ပုံမွန္စစ္ေဆးပါ။
ကဲ၊စာဖတ္သူမိတ္ေဆြေတြ မ်က္လုံးမေညာင္းဘဲ
အျမင္အာ႐ုံေကာင္းေကာင္းေကာင္းနဲ႔ ေခတ္သစ္ႀကီးမွာ
စီးဝင္ ေပ်ာ္ေမြ႕ နိုင္ၾကပါေစ။
copy from sunthitmyanmar
Source: Medical news today
============================
ခေတ်မီသူတိုင်း လိုက်နာသင့်တဲ့
၂၀-၂၀-၂၀ စည်းမျဉ်း ...
----------------------------------
❒ ဒီနေ့ခေတ်မှာ ဘယ်သူတွေကို ခေတ်မီတယ်လို့ ပြောရင်
သင့်တော်မလဲ။ သင့်ရဲ့ မျက်လုံးတွေဟာ အချိန်နဲ့အမျှ ကွန်ပျူတာ၊
မိုဘိုင်းဖုန်း ဒါမှမဟုတ် တက်ဘလက် မျက်နှာပြင်တစ်ခုခုပေါ်မှာ
အာရုံစိုက်နေမယ် ဆိုရင်တော့ သင့်ကို ခေတ် မီသူလို့ပြောရင်
မှားမယ်မထင်ပါဘူး။ ဒါဆိုရင်တော့ ဒီနိုင်ငံမှာ ခေတ်မီသူတွေ
အတော်များနေပြီလို့ ပြောရ ပါလိမ့်မယ်။ ကဲ၊ခေတ်မီသူတွေထဲမှာ
ဒီစာကိုဖတ်နေတဲ့ သင်လည်းပါနေပြီဆိုတော့ သင့်ရဲ့ တန်ဖိုးရှိလှတဲ့
အလင်းတံခါးပိုင်ရှင် မဟူရာမျက်လုံးတွေ ညောင်းညာတာကို
ကာကွယ်ဖို့အတွက် စည်းမျဉ်းတစ်ခုကို လိုက်နာ သင့်တယ်လို့ အကြံ
ပြုပါရစေ။ အဲဒီစည်းမျဉ်းကတော့၂၀-၂၀-၂၀စဉ်းမျဉ်းပဲဖြစ်ပါတယ်။
ဒီစည်းမျဉ်းက လိုက်နာဖို့မခက်ပါဘူး။ အထက်ကပြောခဲ့တဲ့
အသုံးအဆောင်ကိရိယာတစ်ခုခုကို မိနစ် ၂၀ ကြာသုံးပြီးတိုင်း
ပေ ၂၀ အကွာအဝေးကို စက္ကန့်၂၀ ကြာကြည့်ဖို့ပဲဖြစ်ပါတယ်။
ဒီစည်းမျဉ်းကို စတင်ချမှတ်ခဲ့သူကတော့ ကာလီဖိုးနီးယား က
မျက်လုံးနဲ့အလင်းဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ Jeffrey Anshel ပဲ
ဖြစ်ပါတယ်။
ဒီစည်းမျဉ်းနဲ့ပတ်သက်ပြီး သိပ္ပံနည်းကျ စူးစမ်းလေ့လာမှုတွေ
နည်းပေမယ့် အမေရိကန် မျက်လုံးနဲ့ အမြင်ဆိုင်ရာ ဆေးပညာရှင်
အဖွဲ့တွေကတော့ မျက်စိညောင်းတာကို သက်သာစေဖို့ ဒီစည်းမျဉ်းကို
ညွှန်းဆိုကြပါတယ်။
၂၀၁၃ ခုနှစ်မှာ တက္ကသိုလ်ကျောင်းသား ၇၉၅ ဦးကို
လေ့လာတွေ့ရှိချက်အရ ကွန်ပျူတာ မျက်နှာပြင်ကနေ
အဝေးကိုကြည့်တာမျိုးကို အချိန်မှန်လုပ်တဲ့သူတွေဟာ
ကွန်ပျူတာကြောင့်ဖြစ်တတ်တဲ့ မျက်လုံးပြသနာတွေကို
လျော့ ကျစေနိုင်တယ်လို့ ဆိုပါတယ်။ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း
ဒါမှမဟုတ် တက်ဘလက်လိုပစ္စည်းမျိုးကို အချိန်နဲ့အမျှ သုံးစွဲ
နေရသူတွေမှာ မျက်လုံးနဲ့ပတ်သက်ပြီး အောက်ပါဝေဒနာတွေကို
ခံစားရတတ်ပါတယ်။
- မျက်ရည်ယိုမယ်။
- မျက်လုံးဝါးမယ်။
- မျက်လုံးကျိန်းစပ်မယ်။
- ခေါင်းကိုက်မယ်။
- မျက်လုံးနီမယ်။
ဒီစည်းမျဉ်းအပြင်နောက်ထပ် မျက်လုံးကို သက်သာစေတဲ့
နည်းတစ်ချို့ကိုလည်း မျှဝေပါရစေ။အဲဒါတွေကတော့၊
- ဘေးထွက်ဆိုးကျိုးမရှိတဲ့ မျက်စဉ်းခပ်ဆေးကို သုံးနိုင်ပါတယ်။
- ကွန်ပျူတာ မျက်နှာပြင်ရဲ့ နောက်ခံအရောင်ကို အဖြူကနေ
အနက်ကိုပြောင်းသုံးပြီး စာလုံးအရွယ်အစားကို ကြီးအောင်
Setting ကိုပြောင်းသုံးပါ။
- မျက်နှာပြင်တောက်ပမှုကို လျှော့ချပါ။
- အလင်းရောင်ပေါ်မူတည်ပြီး မျက်နှာပြင်ရဲ့
ရှင်းလင်းမြင်သာမှုကို ချိန်ညှိပါ။
- မျက်လုံးကို ပုံမှန်စစ်ဆေးပါ။
ကဲ၊စာဖတ်သူမိတ်ဆွေတွေ မျက်လုံးမညောင်းဘဲ
အမြင်အာရုံကောင်းကောင်းကောင်းနဲ့ ခေတ်သစ်ကြီးမှာ
စီးဝင် ပျော်မွေ့ နိုင်ကြပါစေ။
copy from sunthitmyanmar
Source: Medical news today
No comments:
Post a Comment