၀မ္းဗိုက္ထဲတြင္ ခြဲစိတ္ခန္းသံုးကိရိယာ က်န္ခဲ့မႈကို
၂၆ ႏွစ္ၾကာမွ သိရွိၿပီး ျပန္လည္ခြဲထုတ္ခဲ့ရသည့္
အသက္ ၅၀ အရြယ္ လူနာအမ်ိဳးသား
ဟသၤာတေဆးရံုႀကီး၌ ေဆးကုသေန
----------------------------------------------------
၀မ္းဗိုက္ထဲတြင္ ခြဲစိတ္ခန္းသံုး ကိရိယာ က်န္ခဲ့မႈအား ၂၆ ႏွစ္ၾကာမွ
သိရွိကာ ခြဲထုတ္ခဲ့ရသည့္ လူနာအမ်ိဳးသားမွာ ဟသၤာတေဆးရံုႀကီး၌
ေဆးကုသမႈ ခံယူလ်က္ရွိေၾကာင္း သိရသည္။
ယင္းျဖစ္စဥ္၌ လူနာ၏ ေ၀ဒနာမွာ ဆိုး၀ါးလာသျဖင့္ စစ္ေဆးၾကည့္ရာမွ
၀မ္းဗိုက္ထဲတြင္ ခြဲစိတ္ခန္းသံုး ကိရိယာ ရွိေနသည္ကို ေတြ႕ရွိခဲ့ျခင္း
ျဖစ္ေႀကာင္း လူနာရွင္ မိသားစုထံမွ သိရသည္။
“လြန္ခဲ့တဲ့ ၁၉၉၂ တုန္းက အူပုပ္လို႔ဆိုၿပီး ဟသၤာတေဆးရံုမွာ
ခြဲခဲ့ရတယ္။ အဲ့ဒီေနာက္ပိုင္းမွာေတာ့ ခြဲစိတ္မႈ မရွိဘူး။ ဒီႀကားထဲ
တေရွာင္ေရွာင္ေအာင့္တယ္။ ေအာင့္လိုက္ ေပ်ာက္လိုက္၊
ေဆးထိုးလိုက္ ေပ်ာက္လိုက္ေပါ့။ ဒီကတ္ေႀကးက်န္ခဲ့လို႔
ေအာင့္တယ္လို႔ေတာ့ မထင္ဘူးေပါ့။ တျခားခြဲစိတ္ထားတဲ့
ဒဏ္ေတြေၾကာင့္ပဲ ေအာင့္တယ္ဆိုၿပီး ထင္ခဲ့တာ။ အခုက်ေတာ့
မေနႏုိ္င္ မထိုင္ႏိုင္ေအာင္ ေအာင့္တယ္။ ေအာင့္ေတာ့ အရည္ေတာင္
မ၀င္ေတာ့ဘူး။ အဲဒီ့အဆင့္ ေရာက္သြားတာ။ ေသဖို႔ပဲ ရွိေတာ့တာေပါ့။
ဆရာ၀န္ကိုျပေတာ့ အေျခအေနက ေအာင့္တာလည္း ၾကာေနၿပီ။
Ultrasound ရိုက္ပါဆိုလို႔ Ultrasound ရိုက္ေတာ့ ဆရာမႀကီးက
ဒီအထဲမွာ တစ္ခုုခု ရွိေနတယ္ထင္တယ္။ X-ray ဓာတ္မွန္ေလး
ရိုက္ၾကည့္ပါဆိုလို႔ ရိုက္ၾကည့္ရင္းနဲ႔ ကတ္ေၾကးေတြ႕တာေပါ့။
ေတြ႕ေတာ့ တက္ခြဲရတာေပါ့” ဟုလူနာ၏ သားျဖစ္သူက ေျဖႀကားသည္။
အဆိုပါလူနာ၏ ၀မ္းဗိုက္ထဲ၌ ေတြ႕ရွိရသည့္ ကိရိယာမွာ ခြဲစိတ္ခန္းသံုး
ေသြးေၾကာဖမ္း ကိရိယာျဖစ္ၿပီး ယခင္ခြဲစိတ္မႈအျပီး ၂၆ ႏွစ္အႀကာ၌
ျမင့္ျမတ္အထူးကုေဆးရံုတြင္ ခြဲထုတ္ခဲ့ရျခင္းျဖစ္ကာ ဟသၤာတ
ျပည္သူ႔ေဆးရံုႀကီး၌ ဆက္လက္၍ ေဆးကုသမႈ ခံယူလ်က္ရွိေႀကာင္း
သိရသည္။
ယင္းကိစၥႏွင့္ ပတ္သက္၍ ဟသၤာတ ျပည္သူ႔ေဆးရံုႀကီးမွ
ခြဲစိတ္အထူးကု ဆရာ၀န္ႀကီး ေဒါက္တာျမင့္ေသာင္းအား ေမးျမန္းခဲ့ရာ
“ခြဲစိတ္ခန္းထဲမွာသံုးတဲ့ ၆ လက္မေလာက္ရွိတဲ့ ေသြးေၾကာဖမ္းတဲ့
ကိရိယာေပါ့။ ၀မ္းေခါင္းထဲမွာ မဟုတ္ဘဲ အူမႀကီးထဲမွာ ကိရိယာေလးက
က်ေနတယ္။ လိုက္စမ္းတဲ့အခါ အူမႀကီးထဲ ေရာက္ေနတယ္။ အူမႀကီးကို
ေဖာက္ထုတ္ရတာေပါ့။ ျမင့္ျမတ္မွာ ခြဲစိတ္ၿပီး အဲ့ဒီဟာကို ထုတ္ေပး
လိုက္တာေပါ့ေနာ္။ ေဆးရံုကို ခြဲစိတ္ၿပီး ေခၚထားတယ္ ဆိုတာကလည္း
ေဆးရံုဆိုရင္ တတ္ႏုိင္သမွ် ေထာက္ပံ့ေပးတာေပါ့ေလ။ အျပင္ကေန
တတ္ႏုိင္သမွ် မ၀ယ္ရေအာင္ ေထာက္ပံ့ေပးလို႔ရေအာင္ ေစာင့္ေရွာက္
ေပးတယ္။ တျခားဘာအခက္အခဲရွိလဲ ဆိုတာသိိဖို႔ ေဆးလူမႈဆက္ဆံေရး
အရာရွိနဲ႔လည္း ေတြ႕ေပးၿပီး ဘာအခက္အခဲေတြရွိလဲဆိုတာ တင္ျပခိုင္း
ထားတာလည္း ရွိပါတယ္” ဟု ေျဖၾကားသည္။
လက္ရွိကုသေနမႈ အေျခအေနႏွင့္ ပတ္သက္၍ “ေလာေလာဆယ္
ကေတာ့ သူ႔ကို ယာယီ၀မ္းသြားဖို႔ ေဖာက္ေပးထားတဲ့ဟာကို ျပန္ပိတ္
ၿပီးေတာ့ လုပ္ၿပီးပါၿပီ။ လုပ္ၿပီးသြားတဲ့ အခါက်ေတာ့ ၀မ္းသြားတဲ့ေနရာ
ကၽြန္ေတာ္တို႔ ပိတ္ထားတဲ့ ခ်ဳပ္ႀကိဳးေလး အနာက်က္ဖို႔ ေစာင့္ေနတာေပါ့။ အနာက်က္လို႔ရွိရင္ သူ႔ကိုတျဖည္းျဖည္း အစားအေသာက္ကို အရည္ကေန ဆန္ျပဳတ္၊ ဆန္ျပဳတ္ကေန ထမင္းျပန္စား၀င္ဖို႔ လုပ္ရမွာေပါ့။ အခုလက္ရွိကေတာ့ ျပန္ပိတ္ထားတဲ့ အနာေလး က်က္ဖို႔ရယ္၊ သူ႔ရဲ႕အာဟာရျပည့္ဖို႔ရယ္ အဲဒါေလးေတြ လုပ္ေပးတာေပါ့” ဟု ေဒါက္တာျမင့္ေသာင္းက ေျပာၾကားသည္။
အဆိုပါျဖစ္စဥ္မွ လူနာသည္ ဟသၤာတၿမိဳ႕နယ္၊ ရြာသစ္ေတာင္
ေက်းရြာတြင္ ေနထိုင္သူ အသက္ ၅၀ ႏွစ္အရြယ္ရွိ ဦး၀င္းခိုင္ဆိုသူ
ျဖစ္ၿပီး လက္ရွိတြင္ ဟသၤာတ ျပည္သူ႔ေဆးရံုႀကီး ခြဲစိတ္ကုသေဆာင္၌
ေဆးကုသမႈ ခံယူလ်က္ရွိေႀကာင္း သိရသည္။
“လူနာက ကၽြန္ေတာ့္ဆီလာတာေတာ့ ၾကာၿပီ။ လြန္ခဲ့တဲ့ႏွစ္
၂၀ ေက်ာ္ေလာက္ ကတည္းကေပါ့။ ဗိုက္ေအာင့္တယ္ ေအာင့္တယ္
ဆိုၿပီးလာေနတာ။ ပထမပိုင္းေတာ့ နည္းနည္းကြာတယ္။ ေနာက္ပိုင္း
က်ေတာ့ တျဖည္းျဖည္း စိပ္စိပ္လာတယ္။ ေဆးကဘယ္လိုမွ ေပးလို႔
မရေတာ့ဘူး။ ဘာလိုေဆး ေျပာင္းေပးေပး မေပ်ာက္ေတာ့ ညမအိပ္ရ
ျဖစ္လာတယ္။ ဒါနဲ႔ Ultrasound ရိုက္ခိုင္းလိုက္တဲ့ အခါမွာ ဆရာမက
ဘာေျပာလဲဆိုေတာ့ ဗိုက္ထဲမွာ မသကၤာတာတစ္ခုခု ေတြ႕ေနတယ္။
X-ray ရိုက္ရင္ ေကာင္းမယ္ဆိုလို႔ ရိုက္ခိုင္းလိုက္ေတာ့ ဗိုက္ထဲမွာ
Forcep သြားေတြ႕တယ္။ အဲဒါနဲ႔ Surgeon ကိုလႊဲေပးလိုက္တယ္။
ေနာက္ပိုင္း ေဆးရံုမွာကုေပးတာေပါ့။ ဆရာႀကီးေရာ အားလံုးက
ေသခ်ာလုပ္ေပးပါတယ္။ လူနာကေတာ့ သိပ္ၿပီးအေကာင္းႀကီး
မဟုတ္ေသးဘူးေပါ့။ ေရွ႕ဆက္ေတာ့ ကုရမွာေပါ့။ သူလည္းကုရတာ
ႏွစ္ေတြၾကာလာတဲ့အခါ ရွိတာေရာင္းကုရေတာ့ ေတာ္ေတာ္လည္း
ကုန္ေနပါၿပီ။ ေရွ႕ဆက္ကုဖို႔ အခက္အခဲ ျဖစ္တာေပါ့။ ကူညီေထာက္ပံ့
မႈေတြက အမ်ားႀကီး လိုေနတယ္” ဟု ေဒါက္တာတင္သိန္းက
ေျပာၾကားသည္။
၀မ္းဗိုက္ထဲတြင္ ခြဲစိတ္ခန္းသံုး ကိရိယာ က်န္ခဲ့မႈ ျဖစ္စဥ္ႏွင့္ ပတ္သက္၍
ယခင္ခြဲစိတ္မႈ ျပဳလုပ္ခဲ့စဥ္က တာ၀န္ရွိသူမ်ားကို မိမိတို႔အေနျဖင့္ တံု႔ျပန္
ေဆာင္ရြက္လိုျခင္း မရွိေသာ္လည္း လူနာမွာ ႏွွစ္ေပါင္းမ်ားစြာ ေ၀ဒနာ
ခံစားခဲ့ရသည့္အေပၚ မ်ားစြာစိတ္မေကာင္း ျဖစ္မိေၾကာင္း လူနာရွင္မ်ားက
ဆိုသည္။
ဓာတ္ပုံ – ေအာင္ေက်ာ္မ်ဳိး
source:ဖိုးသူေတာ္
Credit: eleven
==============================
၀မ်းဗိုက်ထဲတွင် ခွဲစိတ်ခန်းသုံးကိရိယာ ကျန်ခဲ့မှုကို
၂၆ နှစ်ကြာမှ သိရှိပြီး ပြန်လည်ခွဲထုတ်ခဲ့ရသည့်
အသက် ၅၀ အရွယ် လူနာအမျိုးသား
ဟင်္သာတဆေးရုံကြီး၌ ဆေးကုသနေ
----------------------------------------------------
ဝမ်းဗိုက်ထဲတွင် ခွဲစိတ်ခန်းသုံး ကိရိယာ ကျန်ခဲ့မှုအား ၂၆ နှစ်ကြာမှ
သိရှိကာ ခွဲထုတ်ခဲ့ရသည့် လူနာအမျိုးသားမှာ ဟင်္သာတဆေးရုံကြီး၌
ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်၌ လူနာ၏ ဝေဒနာမှာ ဆိုးဝါးလာသဖြင့် စစ်ဆေးကြည့်ရာမှ
ဝမ်းဗိုက်ထဲတွင် ခွဲစိတ်ခန်းသုံး ကိရိယာ ရှိနေသည်ကို တွေ့ရှိခဲ့ခြင်း
ဖြစ်ကြောင်း လူနာရှင် မိသားစုထံမှ သိရသည်။
“လွန်ခဲ့တဲ့ ၁၉၉၂ တုန်းက အူပုပ်လို့ဆိုပြီး ဟင်္သာတဆေးရုံမှာ
ခွဲခဲ့ရတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ခွဲစိတ်မှု မရှိဘူး။ ဒီကြားထဲ
တရှောင်ရှောင်အောင့်တယ်။ အောင့်လိုက် ပျောက်လိုက်၊
ဆေးထိုးလိုက် ပျောက်လိုက်ပေါ့။ ဒီကတ်ကြေးကျန်ခဲ့လို့
အောင့်တယ်လို့တော့ မထင်ဘူးပေါ့။ တခြားခွဲစိတ်ထားတဲ့
ဒဏ်တွေကြောင့်ပဲ အောင့်တယ်ဆိုပြီး ထင်ခဲ့တာ။ အခုကျတော့
မနေနိုင် မထိုင်နိုင်အောင် အောင့်တယ်။ အောင့်တော့ အရည်တောင်
မဝင်တော့ဘူး။ အဲဒီ့အဆင့် ရောက်သွားတာ။ သေဖို့ပဲ ရှိတော့တာပေါ့။
ဆရာဝန်ကိုပြတော့ အခြေအနေက အောင့်တာလည်း ကြာနေပြီ။
Ultrasound ရိုက်ပါဆိုလို့ Ultrasound ရိုက်တော့ ဆရာမကြီးက
ဒီအထဲမှာ တစ်ခုခု ရှိနေတယ်ထင်တယ်။ X-ray ဓာတ်မှန်လေး
ရိုက်ကြည့်ပါဆိုလို့ ရိုက်ကြည့်ရင်းနဲ့ ကတ်ကြေးတွေ့တာပေါ့။
တွေ့တော့ တက်ခွဲရတာပေါ့” ဟုလူနာ၏ သားဖြစ်သူက ဖြေကြားသည်။
အဆိုပါလူနာ၏ ဝမ်းဗိုက်ထဲ၌ တွေ့ရှိရသည့် ကိရိယာမှာ ခွဲစိတ်ခန်းသုံး
သွေးကြောဖမ်း ကိရိယာဖြစ်ပြီး ယခင်ခွဲစိတ်မှုအပြီး ၂၆ နှစ်အကြာ၌
မြင့်မြတ်အထူးကုဆေးရုံတွင် ခွဲထုတ်ခဲ့ရခြင်းဖြစ်ကာ ဟင်္သာတ
ပြည်သူ့ဆေးရုံကြီး၌ ဆက်လက်၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း
သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဟင်္သာတ ပြည်သူ့ဆေးရုံကြီးမှ
ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာမြင့်သောင်းအား မေးမြန်းခဲ့ရာ
“ခွဲစိတ်ခန်းထဲမှာသုံးတဲ့ ၆ လက်မလောက်ရှိတဲ့ သွေးကြောဖမ်းတဲ့
ကိရိယာပေါ့။ ဝမ်းခေါင်းထဲမှာ မဟုတ်ဘဲ အူမကြီးထဲမှာ ကိရိယာလေးက
ကျနေတယ်။ လိုက်စမ်းတဲ့အခါ အူမကြီးထဲ ရောက်နေတယ်။ အူမကြီးကို
ဖောက်ထုတ်ရတာပေါ့။ မြင့်မြတ်မှာ ခွဲစိတ်ပြီး အဲ့ဒီဟာကို ထုတ်ပေး
လိုက်တာပေါ့နော်။ ဆေးရုံကို ခွဲစိတ်ပြီး ခေါ်ထားတယ် ဆိုတာကလည်း
ဆေးရုံဆိုရင် တတ်နိုင်သမျှ ထောက်ပံ့ပေးတာပေါ့လေ။ အပြင်ကနေ
တတ်နိုင်သမျှ မဝယ်ရအောင် ထောက်ပံ့ပေးလို့ရအောင် စောင့်ရှောက်
ပေးတယ်။ တခြားဘာအခက်အခဲရှိလဲ ဆိုတာသိဖို့ ဆေးလူမှုဆက်ဆံရေး
အရာရှိနဲ့လည်း တွေ့ပေးပြီး ဘာအခက်အခဲတွေရှိလဲဆိုတာ တင်ပြခိုင်း
ထားတာလည်း ရှိပါတယ်” ဟု ဖြေကြားသည်။
လက်ရှိကုသနေမှု အခြေအနေနှင့် ပတ်သက်၍ “လောလောဆယ်
ကတော့ သူ့ကို ယာယီဝမ်းသွားဖို့ ဖောက်ပေးထားတဲ့ဟာကို ပြန်ပိတ်
ပြီးတော့ လုပ်ပြီးပါပြီ။ လုပ်ပြီးသွားတဲ့ အခါကျတော့ ဝမ်းသွားတဲ့နေရာ
ကျွန်တော်တို့ ပိတ်ထားတဲ့ ချုပ်ကြိုးလေး အနာကျက်ဖို့ စောင့်နေတာပေါ့။ အနာကျက်လို့ရှိရင် သူ့ကိုတဖြည်းဖြည်း အစားအသောက်ကို အရည်ကနေ ဆန်ပြုတ်၊ ဆန်ပြုတ်ကနေ ထမင်းပြန်စားဝင်ဖို့ လုပ်ရမှာပေါ့။ အခုလက်ရှိကတော့ ပြန်ပိတ်ထားတဲ့ အနာလေး ကျက်ဖို့ရယ်၊ သူ့ရဲ့အာဟာရပြည့်ဖို့ရယ် အဲဒါလေးတွေ လုပ်ပေးတာပေါ့” ဟု ဒေါက်တာမြင့်သောင်းက ပြောကြားသည်။
အဆိုပါဖြစ်စဉ်မှ လူနာသည် ဟင်္သာတမြို့နယ်၊ ရွာသစ်တောင်
ကျေးရွာတွင် နေထိုင်သူ အသက် ၅၀ နှစ်အရွယ်ရှိ ဦးဝင်းခိုင်ဆိုသူ
ဖြစ်ပြီး လက်ရှိတွင် ဟင်္သာတ ပြည်သူ့ဆေးရုံကြီး ခွဲစိတ်ကုသဆောင်၌
ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
“လူနာက ကျွန်တော့်ဆီလာတာတော့ ကြာပြီ။ လွန်ခဲ့တဲ့နှစ်
၂၀ ကျော်လောက် ကတည်းကပေါ့။ ဗိုက်အောင့်တယ် အောင့်တယ်
ဆိုပြီးလာနေတာ။ ပထမပိုင်းတော့ နည်းနည်းကွာတယ်။ နောက်ပိုင်း
ကျတော့ တဖြည်းဖြည်း စိပ်စိပ်လာတယ်။ ဆေးကဘယ်လိုမှ ပေးလို့
မရတော့ဘူး။ ဘာလိုဆေး ပြောင်းပေးပေး မပျောက်တော့ ညမအိပ်ရ
ဖြစ်လာတယ်။ ဒါနဲ့ Ultrasound ရိုက်ခိုင်းလိုက်တဲ့ အခါမှာ ဆရာမက
ဘာပြောလဲဆိုတော့ ဗိုက်ထဲမှာ မသင်္ကာတာတစ်ခုခု တွေ့နေတယ်။
X-ray ရိုက်ရင် ကောင်းမယ်ဆိုလို့ ရိုက်ခိုင်းလိုက်တော့ ဗိုက်ထဲမှာ
Forcep သွားတွေ့တယ်။ အဲဒါနဲ့ Surgeon ကိုလွှဲပေးလိုက်တယ်။
နောက်ပိုင်း ဆေးရုံမှာကုပေးတာပေါ့။ ဆရာကြီးရော အားလုံးက
သေချာလုပ်ပေးပါတယ်။ လူနာကတော့ သိပ်ပြီးအကောင်းကြီး
မဟုတ်သေးဘူးပေါ့။ ရှေ့ဆက်တော့ ကုရမှာပေါ့။ သူလည်းကုရတာ
နှစ်တွေကြာလာတဲ့အခါ ရှိတာရောင်းကုရတော့ တော်တော်လည်း
ကုန်နေပါပြီ။ ရှေ့ဆက်ကုဖို့ အခက်အခဲ ဖြစ်တာပေါ့။ ကူညီထောက်ပံ့
မှုတွေက အများကြီး လိုနေတယ်” ဟု ဒေါက်တာတင်သိန်းက
ပြောကြားသည်။
ဝမ်းဗိုက်ထဲတွင် ခွဲစိတ်ခန်းသုံး ကိရိယာ ကျန်ခဲ့မှု ဖြစ်စဉ်နှင့် ပတ်သက်၍
ယခင်ခွဲစိတ်မှု ပြုလုပ်ခဲ့စဉ်က တာဝန်ရှိသူများကို မိမိတို့အနေဖြင့် တုံ့ပြန်
ဆောင်ရွက်လိုခြင်း မရှိသော်လည်း လူနာမှာ နှစ်ပေါင်းများစွာ ဝေဒနာ
ခံစားခဲ့ရသည့်အပေါ် များစွာစိတ်မကောင်း ဖြစ်မိကြောင်း လူနာရှင်များက
ဆိုသည်။
ဓာတ်ပုံ – အောင်ကျော်မျိုး
source:ဖိုးသူတော်
Credit: eleven
No comments:
Post a Comment