မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Tuesday, September 15, 2020

ၿမဳိ႕အမည္မွားၿပီး ဟိုတယ္ဘြက္တင္လုပ္ခဲ့

 ၿမဳိ႕အမည္မွားၿပီး ဟိုတယ္ဘြက္တင္လုပ္ခဲ့မိတဲ့ 

ကမာၻ႕ဖလားပြဲလာ ဆြစ္ဇာလန္ပရိသတ္မ်ား

-------------------------------------------------


မုိင္ ၈၀၀ နီးပါး ကြာေဝးတဲ့ေနရာကုိ မွားယြင္းေရာက္႐ွိသြားခဲ့ၾကပါတယ္။


႐ု႐ွားမွာ က်င္းပျပဳလုပ္ေနတဲ့ ကမာၻ႕ဖလားေဘာလုံးၿပဳိင္ပြဲကုိ 

လာေရာက္အားေပးၾကည့္႐ႈတဲ့ ဆြစ္ဇာလန္အသင္း ပရိသတ္အုပ္စု

တစ္စုဟာ ၿမဳိ႕မွားၿပီး ဟုိတယ္ဘြတ္ကင္ လုပ္မိခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။

အဆုိပါ ပရိသတ္ေတြဟာ ဆြစ္ဇာလန္နဲ႕ ဘရာဇီးအသင္းတုိ႕ 

အမွန္တစ္ကယ္ ယွဥ္ၿပဳိင္ကစားၾကတဲ့ ေဘာလုံးကြင္းတည္႐ွိရာ 

Rostov-on-Don ၿမဳိ႕နဲ႕ အမည္ဆင္တူ႐ုိးမွား ျဖစ္ေနတဲ့ Rostov 

Veliky ၿမဳိ႕ငယ္ေလး႐ွိ ဟုိတယ္ကုိ ဘြတ္ကင္ မွားယြင္းျပဳလုပ္ခဲ့ၾကတာ

ျဖစ္ပါတယ္။

ထုိၿမဳိ႕ႏွစ္ၿမဳိ႕ဟာ ၇၉၆ မုိင္ ကြာေဝးၾကေၾကာင္းလည္း သိရပါတယ္။

႐ု႐ွားမီဒီယာေတြမွာ သတင္းေဖာ္ျပခဲ့မႈအရ ဆြစ္ဇာလန္ပရိသတ္အုပ္စု

တစ္ခုက ဟုိတယ္႐ွာမေတြ႕ ျဖစ္ေနေၾကာင္း ရဲတပ္ဖြဲ႕ထံ ဖုန္းဆက္

အကူအညီေတာင္းခဲ့တယ္လုိ႕ ဆုိပါတယ္။


"ဆြစ္ဇာလန္အသင္းကုိ အားေပးဖုိ႕ေရာက္လာၾကတဲ့ ႏုိင္ငံျခားသား

ေတြက ကၽြန္ေတာ္တုိ႕ဆီကုိ ဖုန္းဆက္ၿပီး ဟုိတယ္လိုက္႐ွာေနရေၾကာင္း

ေျပာပါတယ္" လုိ႕ ေဒသခံရဲတပ္ဖြဲ႕က ဇြန္လ ၁၈ ရက္ ထုတ္ျပန္ခ်က္မွာ

ေဖာ္ျပထားပါတယ္။



ထုိ႕ေနာက္ ေဒသခံရဲစခန္းမွ ဘာသာျပန္က ၎တို႕ဟာ 

Rostov-on-Don ၿမဳိ႕နဲ႕ Rostov Veliky ၿမဳိ႕ မွားယြင္းေနေၾကာင္း

႐ွင္းျပခဲ့ေၾကာင္း သိရပါတယ္။ Rostov ရဲတပ္ဖြဲ႕က ကမာၻ႕ဖလားပြဲ

ကာလအတြင္း စပိန္၊ အဂၤလိပ္၊ အာရပ္နဲ႕ ျပင္သစ္ ဘာသာစကား 

ဘာသာျပန္ေျပာဆုိေပးႏုိင္သူေတြကုိ ခန္႕အပ္ထားေၾကာင္း ေျပာပါတယ္။ 


ကမာၻ႕ဖလားပြဲကုိလာေရာက္တဲ့ ႏုိင္ငံျခားသား ေဘာလုံးပရိသတ္ေတြကုိ 

တည္းခိုေနထုိင္စရာ ႐ွာေဖြရာမွာ ကူညီေပးရန္အတြက္ ထုိသုိ႔ခန္႔ထားျခင္း

ျဖစ္တယ္လို႕လည္း ရဲတပ္ဖြဲ႕ကဆုိပါတယ္။


အေစာပိုင္းမွာ ႐ု႐ွားနဲ႕ ယူကရိန္း မီဒီယာေတြက ေဖာ္ျပခဲ့မႈအရလည္း 

ဆြစ္ဇာလန္းအသင္းပရိသတ္ အုပ္စုတစ္ခုဟာ Rostov-on-Don ၿမဳိ႕ကုိ

ကားျဖင့္လာေရာက္ခဲ့ၾကရာ ယူကရိန္းအေ႐ွ႕ပုိင္း႐ွိ စစ္မက္ဇုန္ထဲကေန

ျဖတ္သန္းသြားခဲ့မိၾကတယ္လို႕ သိရပါတယ္။


ဆြစ္ဇာလန္ပရိသတ္ေတြက GPS လမ္းညႊန္းအတုိင္း ကားေမာင္းႏွင္

လာခဲ့ရာက စစ္ပြဲဇုန္အတြင္းေရာက္ေနခဲ့တာကုိ မသိခဲ့ၾကဘူးလုိ႕ 

ဆုိပါတယ္။ ၎တုိ႕ ေရာက္႐ွိျဖတ္သန္းခဲ့တဲ့ ယူကရိန္းအေ႐ွ႕ပုိင္း

နယ္ေျမမွာ ေလးႏွစ္ၾကာ စစ္ပြဲျဖစ္ပြားခဲ့ၿပီး လူ ၁၀,၀၀၀ ေက်ာ္ 

ေသဆုံးခဲ့ပါတယ္။ 


ဆြစ္ဇာလန္နဲ႕ဘရာဇီးတုိ႕ ယွဥ္ၿပဳိင္ကစားခဲ့ၾကတဲ့ ေဘာလုံးကြင္း႐ွိရာ 

Rostov-on-Don ၿမဳိ႕ဟာ စစ္ပြဲကာလအတြင္း ေ႐ွ႕တန္းစစ္မ်က္ႏွာ

ျဖစ္ခဲ့တဲ့ ယူကရိန္းႏုိင္ငံအေ႐ွ႕ပိုင္းေနရာနဲ႔ ၃၇ မုိင္မွ်သာ ကြာေဝးေၾကာင္း

လည္း သိရပါတယ္။


ကမာၻ႕ဖလားပြဲစဥ္ ယွဥ္ၿပဳိင္ကစားတဲ့ Rostov-on-Don ေဘာလုံးကြင္းဟာ

ပရိသတ္ ၄၅,၀၀၀ ဝင္ဆံ့ၿပီး တည္ေဆာက္မႈကုန္က်စရိတ္ အေမရိကန္

ေဒၚလာ သန္း ၃၂၀ ျဖစ္ပါတယ္။


ျမန္မာစံေတာ္ခ်ိန္ ဇြန္လ ၁၈ ရက္ (တနလၤာေန႕) မနက္အေစာပုိင္းက 

အဆုိပါကြင္းမွာ အုပ္စု (E) မွ ဆြစ္ဇာလန္နဲ႕ ဘရာဇီးအသင္းတုိ႕ 

ယွဥ္ၿပဳိင္ကစားခဲ့ၾကရာ တစ္ဖက္တစ္ဂုိးစီ သေရပြဲျဖစ္ခဲ့ေၾကာင္း 

သိရပါတယ္။


source:duwun

link -

https://www.rferl.org/a/world-cup-fans-book-hotel-in-wrong-russian-city----1-281-kilometers-away/29304035.html

============================


မြို့အမည်မှားပြီး ဟိုတယ်ဘွက်တင်လုပ်ခဲ့မိတဲ့ 

ကမ္ဘာ့ဖလားပွဲလာ ဆွစ်ဇာလန်ပရိသတ်များ

-------------------------------------------------


မိုင် ၈၀၀ နီးပါး ကွာဝေးတဲ့နေရာကို မှားယွင်းရောက်ရှိသွားခဲ့ကြပါတယ်။


ရုရှားမှာ ကျင်းပပြုလုပ်နေတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို 

လာရောက်အားပေးကြည့်ရှုတဲ့ ဆွစ်ဇာလန်အသင်း ပရိသတ်အုပ်စု

တစ်စုဟာ မြို့မှားပြီး ဟိုတယ်ဘွတ်ကင် လုပ်မိခဲ့ကြတယ်လို့ ဆိုပါတယ်။


အဆိုပါ ပရိသတ်တွေဟာ ဆွစ်ဇာလန်နဲ့ ဘရာဇီးအသင်းတို့ 

အမှန်တစ်ကယ် ယှဉ်ပြိုင်ကစားကြတဲ့ ဘောလုံးကွင်းတည်ရှိရာ 

Rostov-on-Don မြို့နဲ့ အမည်ဆင်တူရိုးမှား ဖြစ်နေတဲ့ Rostov 

Veliky မြို့ငယ်လေးရှိ ဟိုတယ်ကို ဘွတ်ကင် မှားယွင်းပြုလုပ်ခဲ့ကြတာ

ဖြစ်ပါတယ်။


ထိုမြို့နှစ်မြို့ဟာ ၇၉၆ မိုင် ကွာဝေးကြကြောင်းလည်း သိရပါတယ်။

ရုရှားမီဒီယာတွေမှာ သတင်းဖော်ပြခဲ့မှုအရ ဆွစ်ဇာလန်ပရိသတ်အုပ်စု

တစ်ခုက ဟိုတယ်ရှာမတွေ့ ဖြစ်နေကြောင်း ရဲတပ်ဖွဲ့ထံ ဖုန်းဆက်

အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။


"ဆွစ်ဇာလန်အသင်းကို အားပေးဖို့ရောက်လာကြတဲ့ နိုင်ငံခြားသား

တွေက ကျွန်တော်တို့ဆီကို ဖုန်းဆက်ပြီး ဟိုတယ်လိုက်ရှာနေရကြောင်း

ပြောပါတယ်" လို့ ဒေသခံရဲတပ်ဖွဲ့က ဇွန်လ ၁၈ ရက် ထုတ်ပြန်ချက်မှာ

ဖော်ပြထားပါတယ်။


ထို့နောက် ဒေသခံရဲစခန်းမှ ဘာသာပြန်က ၎င်းတို့ဟာ 

Rostov-on-Don မြို့နဲ့ Rostov Veliky မြို့ မှားယွင်းနေကြောင်း

ရှင်းပြခဲ့ကြောင်း သိရပါတယ်။ Rostov ရဲတပ်ဖွဲ့က ကမ္ဘာ့ဖလားပွဲ

ကာလအတွင်း စပိန်၊ အင်္ဂလိပ်၊ အာရပ်နဲ့ ပြင်သစ် ဘာသာစကား 

ဘာသာပြန်ပြောဆိုပေးနိုင်သူတွေကို ခန့်အပ်ထားကြောင်း ပြောပါတယ်။ 


ကမ္ဘာ့ဖလားပွဲကိုလာရောက်တဲ့ နိုင်ငံခြားသား ဘောလုံးပရိသတ်တွေကို 

တည်းခိုနေထိုင်စရာ ရှာဖွေရာမှာ ကူညီပေးရန်အတွက် ထိုသို့ခန့်ထားခြင်း

ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့ကဆိုပါတယ်။


အစောပိုင်းမှာ ရုရှားနဲ့ ယူကရိန်း မီဒီယာတွေက ဖော်ပြခဲ့မှုအရလည်း 

ဆွစ်ဇာလန်းအသင်းပရိသတ် အုပ်စုတစ်ခုဟာ Rostov-on-Don မြို့ကို

ကားဖြင့်လာရောက်ခဲ့ကြရာ ယူကရိန်းအရှေ့ပိုင်းရှိ စစ်မက်ဇုန်ထဲကနေ

ဖြတ်သန်းသွားခဲ့မိကြတယ်လို့ သိရပါတယ်။


ဆွစ်ဇာလန်ပရိသတ်တွေက GPS လမ်းညွှန်းအတိုင်း ကားမောင်းနှင်

လာခဲ့ရာက စစ်ပွဲဇုန်အတွင်းရောက်နေခဲ့တာကို မသိခဲ့ကြဘူးလို့ 

ဆိုပါတယ်။ ၎င်းတို့ ရောက်ရှိဖြတ်သန်းခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်း

နယ်မြေမှာ လေးနှစ်ကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီး လူ ၁၀,၀၀၀ ကျော် 

သေဆုံးခဲ့ပါတယ်။ 


ဆွစ်ဇာလန်နဲ့ဘရာဇီးတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘောလုံးကွင်းရှိရာ 

Rostov-on-Don မြို့ဟာ စစ်ပွဲကာလအတွင်း ရှေ့တန်းစစ်မျက်နှာ

ဖြစ်ခဲ့တဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းနေရာနဲ့ ၃၇ မိုင်မျှသာ ကွာဝေးကြောင်း

လည်း သိရပါတယ်။


ကမ္ဘာ့ဖလားပွဲစဉ် ယှဉ်ပြိုင်ကစားတဲ့ Rostov-on-Don ဘောလုံးကွင်းဟာ

ပရိသတ် ၄၅,၀၀၀ ဝင်ဆံ့ပြီး တည်ဆောက်မှုကုန်ကျစရိတ် အမေရိကန်

ဒေါ်လာ သန်း ၃၂၀ ဖြစ်ပါတယ်။


မြန်မာစံတော်ချိန် ဇွန်လ ၁၈ ရက် (တနင်္လာနေ့) မနက်အစောပိုင်းက 

အဆိုပါကွင်းမှာ အုပ်စု (E) မှ ဆွစ်ဇာလန်နဲ့ ဘရာဇီးအသင်းတို့ 

ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက်တစ်ဂိုးစီ သရေပွဲဖြစ်ခဲ့ကြောင်း 

သိရပါတယ်။


source:duwun

link -

https://www.rferl.org/a/world-cup-fans-book-hotel-in-wrong-russian-city----1-281-kilometers-away/29304035.html

No comments:

Post a Comment