မဂၤလာပါ... မီဂန္ပရိသတ္ႀကီးအတြက္ က်န္းမာေရးအဓိကထားတဲ့ သုတ၊ ရသ၊ ဟာသနဲ႔ ေကာင္းႏုိးရာရာ ေဆာင္းပါးမ်ားကုိ မီဂန္သုံးစြဲသူတစ္ဦးအေနနဲ႔ ဆက္လက္တင္ဆက္ေပးေနျခင္းျဖစ္ပါေၾကာင္း.... အားလုံး ကုိယ္ေရာစိတ္ပါ က်န္းမာ ခ်မ္းသာ ၾကပါေစ...

Tuesday, September 15, 2020

ဆံပင္ေမႊးေၾကာင့္ လက္မျပတ္လုနီးပါးျဖစ္ခဲ့တဲ့ ကေလး

 မိခင္ျဖစ္သူရဲ႕ ဆံပင္ေမႊးေၾကာင့္ 

လက္မျပတ္လုနီးပါးျဖစ္ခဲ့တဲ့ ကေလး

-----------------------------------------

တရုတ္ႏုိင္ငံ အေရွ႕ပုိင္း ဂ်န္စုျပည္နယ္ ဇူဟြာ(Xuzhou City) ျမဳိ႕တြင္ 

မိခင္ျဖစ္သူဟာ သူမရဲ႕ ၅ လအရြယ္သမီးေလးကုိ အ၀တ္လဲေပးေနရင္း

သူမရဲ႕ ဆံပင္ေမႊးတစ္မွ်င္က ကေလးျဖစ္သူရဲ႕ လက္မမွာ ပတ္ရစ္ေန

တာကုိ ေတြ႕ရွိခဲ့ပါတယ္။


ဆံပင္ေမႊးဟာ လက္ေခ်ာင္းေလးမွာ တင္းက်ပ္စြာ ရစ္ပါတ္ေနတဲ့အတြက္ 

ကေလးျဖစ္သူရဲ႕ လက္မဟာ ေၾကာက္စရာေကာင္းေလာက္ေအာင္ 

ဖူးေယာင္ေနခဲ့ပါတယ္။ မိခင္ျဖစ္သူက ထုိဆံပင္ေမႊးကုိ ဖယ္ရွားဖုိ႕

ၾကဳိးစားခဲ့ရာမွာလည္း ကေလးျဖစ္သူက နာလြန္းတဲ့အတြက္ ငုုိေနတာ

ေၾကာင့္ ဇူဟြာျမဳိ႕ရွိ ရန္စီ ေဆးရုံသုိ႔ပုိ႕ျပီး ဆံပင္ေမႊးကုိ ဖယ္ရွားခဲ့ရတယ္

လုိ႕သိရပါတယ္။ ဆံပင္ေမႊးဟာ ကေလးျဖစ္သူရဲ႕ လက္မ ကုိ ပါတ္မိ

ေနတာဟာ ရက္အေတာ္ၾကာေနတဲ့ပုံျဖစ္ျပီး ကေလးျဖစ္သူရဲ႕ အသား

မ်ားက ဆံပင္ေမႊးကုိ ဖုံးျပီး အသားပုိေတာင္တက္ေနခဲ့တယ္ လုိ႕

သိရပါတယ္။

ရန္စီေဆးရုံမွ အေထြေထြေရာဂါ ကုဆရာ၀န္ျဖစ္သူ ေဒါက္တာ 

တန္န္ေ၀ကေတာ့ ” ကေလးမေလးရဲ႕ လက္မမွာ ဆံပင္ေမႊးက 

ပါတ္မိေနခဲ့ပါတယ္။ ေဆးရုံကုိေရာက္လာေတာ့ လက္မဟာ 

ဆံပင္ေမႊးေၾကာင့္ ေသြးမစီးဆင္းေတာ့ပါဘူး။ ရက္အနည္းငယ္သာ 

ေနာက္က်ခဲ့ရင္ ကေလးရဲ႕ လက္မကုိ ျဖတ္ပစ္ရမွာပါ ” လုိ႕ဆုိခဲ့ပါတယ္။

အခုဆုိရင္ ကေလးမေလးရဲ႕ လက္မွာ ရစ္ပါတ္ေနတဲ့ ဆံပင္ေမႊးကုိ 

ဖယ္ထုတ္ႏုိင္ခဲ့ျပီး မိခင္ျဖစ္သူကုိ ေနာက္အခါဆုိ ကေလးကုိပုိဂရုိစုိက္ဖုိ႕ 

ေဆးရုံမွ ဆရာ၀န္မ်ားက သတိေပးခဲ့ၾကတယ္ လုိ႕သိရပါတယ္။


Credit

source:themoonmm

link -

https://www.thesun.co.uk/news/3365174/tots-thumb-nearly-amputated-after-mums-single-hair-cuts-off-blood/

fb link -

https://www.facebook.com/moe.natthar.792/posts/2498761163787217

=============================


မိခင်ဖြစ်သူရဲ့ ဆံပင်မွှေးကြောင့် 

လက်မပြတ်လုနီးပါးဖြစ်ခဲ့တဲ့ ကလေး

-----------------------------------------


တရုတ်နိုင်ငံ အရှေ့ပိုင်း ဂျန်စုပြည်နယ် ဇူဟွာ(Xuzhou City) မြို့တွင် 

မိခင်ဖြစ်သူဟာ သူမရဲ့ ၅ လအရွယ်သမီးလေးကို အဝတ်လဲပေးနေရင်း

သူမရဲ့ ဆံပင်မွှေးတစ်မျှင်က ကလေးဖြစ်သူရဲ့ လက်မမှာ ပတ်ရစ်နေ

တာကို တွေ့ရှိခဲ့ပါတယ်။


ဆံပင်မွှေးဟာ လက်ချောင်းလေးမှာ တင်းကျပ်စွာ ရစ်ပါတ်နေတဲ့အတွက် 

ကလေးဖြစ်သူရဲ့ လက်မဟာ ကြောက်စရာကောင်းလောက်အောင် 

ဖူးယောင်နေခဲ့ပါတယ်။ မိခင်ဖြစ်သူက ထိုဆံပင်မွှေးကို ဖယ်ရှားဖို့

ကြိုးစားခဲ့ရာမှာလည်း ကလေးဖြစ်သူက နာလွန်းတဲ့အတွက် ငိုနေတာ

ကြောင့် ဇူဟွာမြို့ရှိ ရန်စီ ဆေးရုံသို့ပို့ပြီး ဆံပင်မွှေးကို ဖယ်ရှားခဲ့ရတယ်

လို့သိရပါတယ်။ ဆံပင်မွှေးဟာ ကလေးဖြစ်သူရဲ့ လက်မ ကို ပါတ်မိ

နေတာဟာ ရက်အတော်ကြာနေတဲ့ပုံဖြစ်ပြီး ကလေးဖြစ်သူရဲ့ အသား

များက ဆံပင်မွှေးကို ဖုံးပြီး အသားပိုတောင်တက်နေခဲ့တယ် လို့

သိရပါတယ်။


ရန်စီဆေးရုံမှ အထွေထွေရောဂါ ကုဆရာဝန်ဖြစ်သူ ဒေါက်တာ 

တန်န်ဝေကတော့ ” ကလေးမလေးရဲ့ လက်မမှာ ဆံပင်မွှေးက 

ပါတ်မိနေခဲ့ပါတယ်။ ဆေးရုံကိုရောက်လာတော့ လက်မဟာ 

ဆံပင်မွှေးကြောင့် သွေးမစီးဆင်းတော့ပါဘူး။ ရက်အနည်းငယ်သာ 

နောက်ကျခဲ့ရင် ကလေးရဲ့ လက်မကို ဖြတ်ပစ်ရမှာပါ ” လို့ဆိုခဲ့ပါတယ်။


အခုဆိုရင် ကလေးမလေးရဲ့ လက်မှာ ရစ်ပါတ်နေတဲ့ ဆံပင်မွှေးကို 

ဖယ်ထုတ်နိုင်ခဲ့ပြီး မိခင်ဖြစ်သူကို နောက်အခါဆို ကလေးကိုပိုဂရိုစိုက်ဖို့ 

ဆေးရုံမှ ဆရာဝန်များက သတိပေးခဲ့ကြတယ် လို့သိရပါတယ်။


Credit

source:themoonmm

link -

https://www.thesun.co.uk/news/3365174/tots-thumb-nearly-amputated-after-mums-single-hair-cuts-off-blood/


No comments:

Post a Comment